ပေါင်မြို့နယ်မှာ YMBAအသင်းနာယက တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၁ KK(VOM)   ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်သုသာန်အနီးမှာ YMBAအသင်းနာယကအဖွဲ့ဝင် တဦး ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒေသခံတဦးက “သူလုပ်ကိုင်နေတဲ့ ဥယျာဥ်ခြံအနီးက စွယ်တော်သုဿာန် သင်္ဂြိုဟ်စက်အနီးမှာ သေနတ်နဲ့ပစ်သတ်ခံရတာပါ၊ သေနတ်နဲ့ရှစ်ချက်လောက်ပစ်ခံရတာ ဦးခေါင်းကြေမွသွားတယ် ပွဲချင်းပြီးပဲ”လို့ ပြောပါတယ်။   သေဆုံးသူဟာ ပေါင်မြို့နယ် YMBAအသင်းရဲ့ နာယကတဦးဖြစ်ပြီး စွယ်တော်သုဿာန်အနီးမှာ ဥယာဥ်ခြံလုပ်ငန်းနဲ့ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောပါတယ်။   “ဘာကြောင့် ပစ်သတ်သွားလဲမသိဘူး၊ ဖြစ်တာက သူလုပ်ကိုင်နေတဲ့ စွယ်တော်သုဿာန်ရဲ့ မီးသင်္ဂြိုဟ်စက်နားက မြေကွက်လပ်မှာပါ၊ M16ကျည်ခွံတွေလည်း တွေ့တယ် “လို့ အမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောပါတယ်။   ပေါင်မြို့နယ် YMBA ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (၈၇)ရုံးခွဲကို သြဂုတ်လ ၁၈ရက် မနက်ပိုင်းက ဥတ္တံတားကျေးရွာလမ်းမကြီး တိုက်ကျောင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။  …

Read More

ပရဟိတအသင်းတွေဟာ စက်သုံးဆီစျေးမြင့်တက်နေချိန် အလှူရှင်နည်းပါးတာကြောင့် အကြပ်အတည်းကြားကနေ လုပ်ကိုင်နေရ

အောက်တိုဘာ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ၃၇ မြို့နယ်က ပရဟိတလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်က စလို့ ဒီကနေ့အချိန်ထိ စက်သုံးဆီစျေးနှုန်းမြင့်နေတဲ့ကာလမှာ အလှုရှင်တွေနည်းပါးလာတဲ့အတွက် ပရဟိတလုပ်ငန်းတွေကို အကြပ်အတည်းကြားကနေ မဖြစ်မနေ လုပ်ကိုင်နေကြရတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။   အဲ့ဒီလို အကြပ်အတည်းကြားကနေ မဖြစ်မနေ လုပ်ကိုင်ပေးနေရတဲ့ ပရဟိတလုပ်ငန်းတွေကတော့ နာမှုကူညီရေးလုပ်ငန်းတွေ ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဥပုသ်နေ့တိုင်း အမှိုက်သိမ်းပေးနေတဲ့ လုပ်ငန်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။   ” ပျမ်းမျှ ၁ ရက်ကို လမ်းကြောင်း ၅ ခု အနည်းဆုံး ထွက်ရတယ် ၊ လမ်းကြောင်း ၁ ခုကို အုပ်ချုပ်မှုယာဥ် အပါအဝင် ကား ၂ စီး သုံးရတယ် ၊ ကယ်ဆယ်ရေး လုပ်ငန်းလမ်းကြောင်းဆို…

Read More

ကော့မှူးမှာ ရွာအုပ်ချုပ်ရေးပိုင်းကလူတွေ သေနတ်ပစ်ခံရပြီး၊ လိုက်ဖမ်းတဲ့ စစ်သား(၄)ဦးပါ သေနတ်ပစ်ခံရ

ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၁ KK(VOM)   ကော့မှူးမြို့နယ်၊ ကျိုက်ထော်မှော်တောကျေးရွာမှာ မနေ့ အောက်တိုဘာ ၆ရက် ည ၇နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူသုံးဦး သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။   အဲ့ဒီဖြစ်စဉ်ကိုလိုက်လံဖမ်းဆီးတဲ့ စစ်သားတွေပါ သေနတ်နဲ့ထပ်မံပစ်ခတ်ခံရလို့ စစ်သား(၄)ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။   ကျေးရွာနေသူတဦးက “အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လုံခြုံရေးဆောင်ရွက်တယ်ဆိုပြီး လုပ်တယ်၊ ဆိုင်ကယ်သမား(၄)ဦးက လာပစ်တယ် ဘယ်ကသူတွေလဲတော့မသိဘူး၊ ဒါကို စစ်တပ်က လိုက်ဖမ်းတယ် ထပ်အပစ် ခံရတယ် ပစ်တဲ့သူတွေကို မမိဘူး”လို့ ပြောပါတယ်။   သေနတ်နဲ့ပစ်ခတ်သူတွေကို စစ်တပ်နဲ့ရဲက လိုက်လံရှာဖွေစဉ် အမည်မသိသူတွေက ထပ်မံပစ်ခတ်လို့ လိုက်ဖမ်းတဲ့စစ်သား (၄)ဦးပါ ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာနေသူတွေဆီကသိရပါတယ်။   ကော့မှူးမြို့နယ်၊ ကျိုက်ထောမှော်တောကျေးရွာမှာ မနေ့ညကဘပစ်ခတ်မှုတွေဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ၃ဦး နဲ့ စစ်သား(၄)ဦး သေနတ်နဲ့ ပစ်ခံရကာ…

Read More
VOM News

FREE
VIEW