ပေါင်မြို့နယ်မှာ YMBAအသင်းနာယက တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၁
KK(VOM)
 
ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်သုသာန်အနီးမှာ YMBAအသင်းနာယကအဖွဲ့ဝင် တဦး ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒေသခံတဦးက “သူလုပ်ကိုင်နေတဲ့ ဥယျာဥ်ခြံအနီးက စွယ်တော်သုဿာန် သင်္ဂြိုဟ်စက်အနီးမှာ သေနတ်နဲ့ပစ်သတ်ခံရတာပါ၊ သေနတ်နဲ့ရှစ်ချက်လောက်ပစ်ခံရတာ ဦးခေါင်းကြေမွသွားတယ် ပွဲချင်းပြီးပဲ”လို့ ပြောပါတယ်။
 
သေဆုံးသူဟာ ပေါင်မြို့နယ် YMBAအသင်းရဲ့ နာယကတဦးဖြစ်ပြီး စွယ်တော်သုဿာန်အနီးမှာ ဥယာဥ်ခြံလုပ်ငန်းနဲ့ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောပါတယ်။
 
“ဘာကြောင့် ပစ်သတ်သွားလဲမသိဘူး၊ ဖြစ်တာက သူလုပ်ကိုင်နေတဲ့ စွယ်တော်သုဿာန်ရဲ့ မီးသင်္ဂြိုဟ်စက်နားက မြေကွက်လပ်မှာပါ၊ M16ကျည်ခွံတွေလည်း တွေ့တယ် “လို့ အမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောပါတယ်။
 
ပေါင်မြို့နယ် YMBA ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (၈၇)ရုံးခွဲကို သြဂုတ်လ ၁၈ရက် မနက်ပိုင်းက ဥတ္တံတားကျေးရွာလမ်းမကြီး တိုက်ကျောင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
 
ဒီကနေ့ပစ်ခတ်မှုဟာ ပေါင်မြို့နယ်အတွင်းမှာ ပထမဆုံးအကြိမ် သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပြီး အခင်းဖြစ်နေရာကို စစ်တပ်နဲ့ရဲတွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ အစင်ကျေးရွာက မြို့နယ် YMBA အသင်းအတွင်းရေးမှူးလည်း သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပေါင် #YMBAအသင်းနာယက #သေနတ်နဲ့ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW