ခရမ်းနဲ့ သုံးခွမြို့နယ်တို့မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး(၆၀)နီးပါး ရာထူးကနှုတ်ထွက်

ရန်ကုန်၊အောက်တိုဘာ ၉-၂၀၂၁
KK(VOM)
 
ခရမ်းမြို့နယ်နဲ့ သုံးခွမြို့တို့မှာ ဒီကနေ့အောက်တိုဘာ ၉ရက်နေ့အထိ ရပ်ကွက်နဲ့ကျေးရွာအသီးသီးက အုပ်ချုပ်ရေးမှူ ၅၈ဦး ရာထူးကနေနှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
 
ခရမ်းမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အောက်တိုဘာ၆ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ၂၀ဦးစတင်နှုတ်ထွက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၉ရက်နေ့မှာ အုပ်ချုပ်ရေးမှုး၂၆ဦး ထပ်မံနှုတ်ထွက်ခဲ့ရာ စုစုပေါင်း ၄၆ ဦးအထိရှိပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“နှုတ်ထွက်တာလည်း ရှိသလို အသစ်ပြန်ခန့်တာလည်းရှိပါတယ်။ နှုတ်ထွက်တဲ့အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးခန့်နေတာတွေ့ရတယ် “လို့ သူကရှင်းပြပါတယ်။
 
ခရမိးမြို့နယ်ဟာ ရပ်ကွက်၁၃ခုနဲ့ကျေးရွာ ၅၆ရှိတဲ့အနက် မြို့ပေါ်ရပ်ကွက်တွေ အကုန်နှုတ်ထွက်ခဲ့ပြီး ကျေးရွာ ၅၆ရွာမှာ ၃၁ရွာ နှုတ်ထွက်ခဲ့တဲ့အတွက် ၂၅ရွာသာကျန်ရှိတော့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒါ့အပြင်သုံးခွမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေ နူတ်ထွက်ခဲ့ပြီးနောက် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၂ဦး နှုတ်ထွက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
နှုတ်ထွက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး တွေကတော့အမှတ်(၁၁)ရပ်ကွက် ၊အမှတ်(၁)ရပ်ကွက်၊အမှတ်(၂)ရပ်ကွက်၊အမှတ်(၃)ရပ်ကွက်၊အမှတ်(၄)ရပ်ကွက်၊အမှတ် (၈)ရပ်ကွက်၊အမှတ်(၉)ရပ်ကွက်၊အမှတ် (၁၁)ရပ်ကွက်၊အမှတ် (၁၂)ရပ်ကွက် ၊အဇန်းတောစွန်းကျေးရွာ၊ဇွဲထော်ကျေးရွာ၊တကောကျေးရွာ၊ဆယ်ရွာကျေးရွာ တို့ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
သုံးခွမြို့နယ်ဟာ မြို့ပေါ်ရပ်ကွက် ၁၂ခုနဲ့ကျေးရွာပေါင်း(၁၀၀)ခန့်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။
 
နှုတ်ထွက်စာတင်ကြတဲ့ မြို့နယ်(၂)ခုမှာ ပြီးခဲ့တဲ့လတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခဲ့မှုကြောင့် သေဆုံးခဲ့သူတွေလည်းရှိပါတယ်။
 
#voiceofmyanmar #VOM #ခရမ်း #သုံးခ#အုပ်မှူး #နူတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW