မုံရွာမြို့နယ်ထဲက လက်ယက်ကန်းလုပ်ငန်းတွေ ချည်ဈေးမြင့်တက်မှု့နဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရပ်နားရဖွယ်ရှိနေ

အောက်တိုဘာ ၁၁-၂၀၂၁ ထွန်းတောက်(VOM) မုံရွာမြို့နယ်ထဲက ကျောက်စစ်ပုံတောင်ရွာ၊မြောက်ရွာ၊ ခိုးသန်း၊ တောင်ပုလူ၊ ကျွဲရဲ စတဲ့ရွာပေါင်း (၂၀) ကျော်မှာ တပိုင်တနိုင်လက်ယက်ကန်းလုပ်ငန်းကို အများအပြားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ လက်ယက်ကန်းလုပ်ငန်းဟာ အဲ့ဒီဒေသမှာ မိရိုးဖလာ လုပ်ငန်းတခုလိုဖြစ်နေပြီး ယောက်ျားလေးရော မိန်းကလေးပါလုပ်ကိုင်လို့ရတဲ့ လုပ်ငန်းတခုလည်းဖြစ်ပါတယ်။ အဲ့ဒီလက်ယက်ကန်းလုပ်ငန်းတွေမှာ ပြည်တွင်းဈေးကွက်ကိုတင်ပို့ရောင်းချတဲ့ ရိုးရိုးဗလာချည်ထည်တွေကို ယက်လုပ်ကြသလို ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချတဲ့ တိုင်းရင်းသားရိုးရာ ပွင့်ကောက်ဒီဇိုင်းထွင်ချည်ထည်တွေကိုလည်း ယက်လုပ်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ချည်ဈေးတွေအဆမတန်မြင့်တက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပြည်တွင်းဈေးကွက်ကို တင်ပို့ရောင်းချတဲ့ ရိုးရိုးဗလာချည်ထည် ယက်ကန်းခုံတွေရပ်နားထားရပြီး ပြည်ပကိုတင်ပို့တဲ့ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေယက်လုပ်တဲ့ ယက်ကန်းခုံတချို့သာ ယက်လုပ်နေကြရတာဖြစ်ပါတယ်။ ဒီတိုင်းရင်းသားရိုးရာချည်ထည်တွေကို ရက်လုပ်တဲ့နေရာမှာ ဒီဇိုင်းဖော်တဲ့သူ (ယက်ကန်းအခေါ် ဖဲနှပ်ကောက်သူတွေ)အနေနဲ့ ယက်ကန်းတခုံ ဖဲနှပ်ကောက်တဲ့နေရာမှာ လုပ်အားခကို ဒီဇိုင်းပေါ်မူတည်ပြီး (၄) သောင်းကနေ (၃)သိန်းခွဲအထိရရှိကြသလို ယက်ကန်းခတ်သူတွေမှာလည်း လုံချည်တကွင်းကို (၁၀၀၀၀)ကနေ (၂၅၀၀၀)အထိရရှိကြတယ်လို့ ပြောကြပါတယ်။ ဒီယက်ကန်းခုံတွေက ထွက်ရှိတဲ့…

Read More

ရန်ကုန်မှာ ဒီကနေ့(၁)ရက်တည်း ဗုံး၁၄ကြိမ်ပေါက်

ရန်ကုန်၊အောက်တိုဘာ ၁၀-၂၀၂၁ KK(VOM)   စစ်အုပ်ချုပ်ရေးရှိနေတဲ့ ရန်ကုန်တိုင်းက မြို့နယ် (၈)မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၁၀ရက်နေ့ တစ်ရက်တည်း ဗုံး ၁၄ကြိမ်ပေါက်ခဲ့တယ်လို့ ဗုံးပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေက သိရပါတယ်။   ဒီကနေ့ မနက်အစောပိုင်း ၅နာရီကနေ နေ့လယ် ၁နာရီအထိ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ သန်လျင်၊ဒလ၊သင်္ဃန်းကျွန်းတို့မှာဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ပုဇွန်တောင်နဲ့မြောက်ဥက္ကလာတို့မှာ မပေါက်ကွဲသေး တဲ့ ဗုံးတွေတွေ့ရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။   သာကေတမြို့နယ်၊ ( ၄ )ရပ်ကွက်အနီး ရှုခင်းသာလမ်းမပေါ်က ရေတပ်စခန်းအနီးမှာ ဒီကနေ့မနက် ၈နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး စစ်သား(၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပေမယ့် VOMအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။   အလားတူ နေ့လည်ပိုင်းမှာလည်း (၁၀/တောင်) ရပ်ကွက်၊၁၀၈ တောင်ဘုရားမြောက်ဘက်မုခ်အနီးမှာ ဗုံးပေါက်ခဲ့ရာ အမျိုးသမီးတဦးလက်ကောက်ဝတ်ကြေမွဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။  …

Read More

ပို့ကုန်ရငွေတွေ ရောက်ရမယ့် ၆ လအတွင်း ရောက်မလာတဲ့ကုမ္ပဏီတွေကို တရားစွဲဖို့ ဗဟိုဘဏ်ပြင်ဆင်

အောက်တိုဘာ ၁၀-၂၀၂၁ GH ( VOM )   နိုင်ငံခြားကိုတင်ပို့နေတဲ့ ပို့ကုန်တွေရဲ့ပိုကုန်ရငွေတွေ သတ်မှတ်ကာလအတွင်း ပြန်ရောက်မလာတဲ့ ကုမ္ပဏီတွေကို ဥပဒေအရ တရားစွဲအရေးယူဖို့အတွက် ပြင်ဆင် ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားငွေဈေးနှုန်းမြင့်မားမှုအပေါ် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရေးသုံးသပ်ဆွေးနွေးတဲ့ အစည်းအဝေးမှာ ဗဟိုဘဏ်ဘက်က ပြောဆိုခဲ့ပါတယ်။   နောက်ပြီး ရက်ပေါင်း ၃၀ အတွင်း ရောင်းချသုံးစွဲရမယ့် ပို့ကုန်ရငွေတွေကိုစိစစ်ပြီး ဒေါ်လာစျေး ဈေးနှုန်း မြင့်တက်ဖို့နဲ့ ထိန်းသိမ်းဖို့ဆောင်ရွက်နေတယ်လို့ ယူဆရတဲ့ Bank Account တွေကိုလည်း စိစစ်သွားဖို့ ရှိတယ်လို့သိရပါတယ်။   ဗဟိုဘဏ်တာဝန်ရှိသူတယောက်ကတော့ ” ပို့ကုန်ရငွေတွေက ပြည်ပကိုတင်ပို့ပြီးနောက် ၆ လအတွင်းမှာ မြန်မာနိုင်ငံက ဘဏ်အကောင့်ထဲကိုရောက်ရမှာဖြစ်တယ်။ ” လို့ ပြောပါတယ်။   ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ကျန်ရှိနေတဲ့ ကုမ္ပဏီ ၅၀၀ နီးပါး…

Read More

စာသင်ကျောင်းတွေပြန်ဖွင့်ရင် ကလေးတွေကိုကျောင်းထားဖို့ မိဘအချို့ စိုးရိမ်မှုရှိနေ

အောက်တိုဘာ ၁၀-၂၀၂၁ GH (VOM)   လာမယ့်သီတင်းကျွတ်ပိတ်ရက်အပြီး နိုဝင်ဘာလမှာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ် ။   ကျောင်းသားမိဘတွေကတော့ လက်ရှိမတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ ကျောင်းတွေပြန်ဖွင့် မယ့်အပေါ် ကလေးတွေကိုကျောင်းပို့ဖို့ စိုးရိမ်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။   ” ဘယ်အချိန် ဘယ်နေရာဗုံးပေါက်မလဲ မသိရတဲ့အခြေအနေမှာ ကလေးကို ကျောင်းကိုဘယ်လိုပို့နိုင်မလဲ။ ကိုယ်လည်း တနေကုန်စောင့်နေလို့မရဘူး။ ပညာရေးကလည်း အရေးကြီးတာမှန်ပေမယ့် အသက်အန္တရာယ်ထက်တော့ အရေးမကြီးဘူး။ အခုကာလမှာ ကိုယ့်အိမ်မှာကိုနေတာ အလုံခြုံဆုံးလို့ပဲတွေးတယ်။ဒါကြောင့်အမကတော့ ကျောင်းဖွင့်လည်း ကလေးကိုကျောင်းမပို့ဖြစ်ဖို့များပါတယ်။”လို့ အမည်မဖော်လိုသူ ကျောင်းသားမိဘတဦးကပြောပါတယ်။   ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်နှစ် တစ်နှစ်နောက်မကျစေဖို့အတွက် ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ကျောင်းတွေကို အခုအောက်တိုဘာလကုန် ၊နိုဝင်ဘာလဆန်းမှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။   ” ကျောင်းတွေ ပြန်ဖွင့်တော့မယ်လို့တော့ပြောတယ်။ နိုဝင်ဘာပြန်ဖွင့်မယ်ဆိုတဲ့ထုတ်ပြန်စာတော့ လိုင်းပေါ်တွေ့မိတယ်။ အမတို့ဆီတော့…

Read More

စစ်တပ်အပါအဝင် ဝန်ထမ်းအားလုံး ချေးငွေ ၂ လစာကို ဒီလကုန်ကစပြီး အရစ်ကျပြန်ဆပ်ရမယ်လို့ သိရ

အောက်တိုဘာ ၁၀-၂၀၂၁ GH (VOM)   စစ်တပ်အပါအဝင် ဝန်ထမ်းတွေအားလုံး ဝန်ထမ်းချေးငွေ ၂ လစာကို အခု အောက်တိုဘာလကုန်ကစပြီး ပြန်ဆပ်ရမှာဖြစ်တယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သ်ိရပါတယ်။   “အစက သူတို့မပါဘူးထင်ကြတာ၊ အခုတော့ စစ်သားတွေရော အကုန်ပါတယ် ပြန်ဆပ်ရမှာ၊ ပြန်ဆပ်ရမယ့်လစာဖြတ်မယ့်နူန်းကိုလည်း စာပို့ထားတယ်လို့ပြောတယ်။ အခုလကုန်စဖြတ်မယ်လို့ပြောတယ်။သူတို့ကတော့ မဖြတ်လောက်ဘူး ထင်နေကြတာပေါ့။ ” လို့ စစ်တပ်နဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။   CDM လုပ်လို့ ရာထူးကနေ ထုတ်ပယ်ခံထားရသူတွေအားလုံးလည်း ဒီလကုန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။   အခုလို ချေးငွေပြန်ဆပ်ရမယ့်အပေါ် CDM ဝန်ထမ်းတွေကတော့ ပြန်ဆပ်ဖို့မရှိကြောင်း ပြောဆိုနေကြပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကတော့ ရရှိတဲ့လစာထဲက ဖြတ်တောက်ခံရမှာဖြစ်လို့ ငြင်းဆိုခွင့်မရှိဘူးလို့ ပြောပါတယ်။   ” အရစ်ကျပြန်ဆပ်ရမှာပေါ့။ လစာရတဲ့အပေါ်မူတည်ပြီး…

Read More

ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့ ၁၀ရက်အတွင်း ဗုံးပေါက်ကွဲမှု အကြိမ် ၆၀ကျော်နဲ့ သေဆုံးသူတွေရှိခဲ့

ရန်ကုန်၊အောက်တိုဘာ ၁၀-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ အောက်တိုဘာ ၁ရက်နေ့ကနေ ၁၀ရက်နေ့အထိ ဗုံးပေါက်ကွဲမှု ၆၁ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဖြစ်ပွားရာမြို့နယ်တွေက သိရပါတယ်။   ဗုံးပေါက်ကွဲခဲ့တဲ့မြို့နယ်တွေဟာ လှိုင်၊ကမာရွတ်၊အင်းစိန်၊မြောက်ဥက္ကလာ၊လှိုင်သာယာ၊၊လှည်ကူး၊သာကေတ၊ဒေါပုံ၊တောင်ဒဂုံ ၊ကော့မှုး၊ကွမ်းခြံကုန်း၊တွံတေး၊မင်္ဂလာဒုံ၊ဒလ၊ရန်ကင်း၊ဗဟန်း၊မြောက်ဒဂုံ၊ရွှေပြည်သာ၊မှော်ဘီ၊အစရှိတဲ့ ၁၉မြို့နယ်မှာ ဗုံးပေါက်ကွဲမှု ၆၁ကြိမ်ဖြစ်ခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။   ဗုံးပေါက်ကွဲမှုတွေရှိခဲ့သလို မြို့နယ်အချို့မှာလည်း မပေါက်ကွဲသေးတဲ့ ဗုံးတွေကို စစ်တပ်နဲ့ရဲတွေက ၁၀ကြိမ်ထပ်မနည်း ရှင်းလင်းသွားခဲ့သေးတယ်လို့ သိရပါတယ်။   ဒီကနေ့ အောက်တိုဘာ ၁၀ရက်နေ့ မနက်ပိုင်းမှာ သာကေတမြို့နယ်၊ ( ၄ ) ရပ်ကွက်အနီး ရှုခင်းသာလမ်းမပေါ်က ရေတပ်စခန်းအနီးမှာ ဗုံး(၂)ကြိမ်ပေါက်ကွဲခဲ့ပြီး စစ်သား(၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပေမယ့် VOMအနေနဲ့ သီခြားအတည်မပြုနိုက်သေးပါဘူး။   ဒေါပုံမြို့နယ် သင်္ဘောကျင်းနဲ့ သာကေတမြို့နယ်၊သန်လျင်မြို့နယ်တွေမှာ မနေ့ အောက်တိုဘာ ၉ရက် မနက်ပိုင်းက ဌာနဆိုင်ရာရုံးတွေ…

Read More

သံတွဲမှာ လူမှုရေးတွေ လုပ်ဆောင်နေသူ(၁)ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၁၀- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်၊ သံတွဲမြို့က လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ဦးစိန်ချစ် ဆိုသူကို မနေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။   ဦးစိန်ချစ်ရဲ့ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ” လောလောဆယ် ဦးစိန်ချစ်နဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးပါဘူး။ သူနဲ့ အဆက်အသွယ်လည်း မရသေးပါဘူး။ လာဖမ်းတဲ့လူတွေက အရပ်ဝတ်တွေနဲ့ မေးစရာရှိလို့ဆ်ိုပြီး ခေါ်သွားကြတယ်။”လို့ ပြောပါတယ်။   အခုလက်ရှိ ပြည်နယ်တွင်းက သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဦးစိန်ချစ်ဟာ သံတွဲမြို့နယ်ထဲက စစ်တပ်နယ်မြေမှာ ထိန်းသိမ်းခံထားရပြီး သူ့ကို သံတွဲတပ်နယ်တစ်ခုကနေ အကြမ်းဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။   ဦးစိန်ချစ်ရဲ့ဇနီးဖြစ်သူအနေနဲ့လည်း ဒီကနေ့မနက်ပိုင်းအထိ သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သာသိရပြီး လက်ရှိ ဦးစိန်ချစ်ကို ဖမ်းဆီးထားတဲ့နေရာ…

Read More

ပညာရှင်လူကြီးတွေက “ပံ့ပိုး”တာ မကြိုက်ဘူး

—————————————— ဆူးငှက် အခုတစ်လော အခမ်းအနားတွေမှာ “သဘာပတိကြီးမှ မိန့်ခွန်းပြောကြားပါလိမ်မယ်” ဆိုတဲ့ အခမ်းအနားမှူးရဲ့ လေယူလေသိမ်းက အစ “ပုံစံခွက်” အတိုင်းပြောဆိုကြေညာနေတာ အတော်များများ တွေ့ရတယ်။ ဒီနေရာမှာ ကဗျာဆရာကြီး ဦးကိုလေး(အင်းဝဂုဏ်ရည်)ပြောတာသတိရမိတယ်။ ဒီလိုပါ။ “ဟေ့… ဒို့ဗမာစကားမှာ စကားလုံး တစ်လုံးချင်းစီတိုင်း အဓိပ္ပာယ်ရှိသကွ။ ဒို့အမြဲကြားခဲ့တဲ့ သဘာပတိကြီးမှ၊ ဥက္ကဋ္ဌကြီးမှဆိုတဲ့ အသုံးအနှုန်းက မှားတယ်။ “မှ” ဆိုတာ ထွက်ခွာရာ ပုဒ်သဘောဖြစ်တယ်။ သဘာပတိကြီးက၊ ဥက္ကဋ္ဌကြီးက ဆိုမှ မှန်တယ်။ ဒါပေမယ့် ငါတို့ နှစ်အစိတ်လုံးလုံး “သဘာပတိကြီးမှ”ချည်း ကြားခဲ့ရတယ်။ အမှန်ပြင်တာလည်း လက်မခံဘူး။ ဂရုမစိုက်ဘူး။ ဟုတ်ကဲ့ ကုန်လွန်ခဲ့တဲ့ ၅နှစ်ဝန်းကျင်ကာလ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အတော်များများပေါ်ပေါက်လာ။ အခမ်းအနားတွေ အမှန်တရားကိုမြတ်နိုးတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပလာနိုင်လို့ မြန်မာသဒ္ဒါ အမှန်ဖြစ်တဲ့ “သဘာပတိကြီးက မိန့်ခွန်းပြောကြားပါလိမ့်မယ်”၊ “စာရေးဆရာဆူးငှက်က…

Read More

ခရမ်းနဲ့ သုံးခွမြို့နယ်တို့မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး(၆၀)နီးပါး ရာထူးကနှုတ်ထွက်

ရန်ကုန်၊အောက်တိုဘာ ၉-၂၀၂၁ KK(VOM)   ခရမ်းမြို့နယ်နဲ့ သုံးခွမြို့တို့မှာ ဒီကနေ့အောက်တိုဘာ ၉ရက်နေ့အထိ ရပ်ကွက်နဲ့ကျေးရွာအသီးသီးက အုပ်ချုပ်ရေးမှူ ၅၈ဦး ရာထူးကနေနှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။   ခရမ်းမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အောက်တိုဘာ၆ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ၂၀ဦးစတင်နှုတ်ထွက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၉ရက်နေ့မှာ အုပ်ချုပ်ရေးမှုး၂၆ဦး ထပ်မံနှုတ်ထွက်ခဲ့ရာ စုစုပေါင်း ၄၆ ဦးအထိရှိပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။   “နှုတ်ထွက်တာလည်း ရှိသလို အသစ်ပြန်ခန့်တာလည်းရှိပါတယ်။ နှုတ်ထွက်တဲ့အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးခန့်နေတာတွေ့ရတယ် “လို့ သူကရှင်းပြပါတယ်။   ခရမိးမြို့နယ်ဟာ ရပ်ကွက်၁၃ခုနဲ့ကျေးရွာ ၅၆ရှိတဲ့အနက် မြို့ပေါ်ရပ်ကွက်တွေ အကုန်နှုတ်ထွက်ခဲ့ပြီး ကျေးရွာ ၅၆ရွာမှာ ၃၁ရွာ နှုတ်ထွက်ခဲ့တဲ့အတွက် ၂၅ရွာသာကျန်ရှိတော့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒါ့အပြင်သုံးခွမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေ နူတ်ထွက်ခဲ့ပြီးနောက် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၂ဦး နှုတ်ထွက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။…

Read More

ချင်းပြည်နယ်ကို စစ်ရေးတိုက်ခိုက်တာရှိလာနိုင်တဲ့အတွက် ချင်းလူငယ်များအဖွဲ့က အိန္ဒိယနယ်စပ်မှာ တိုက်ပွဲရှောင် စခန်းတွေ ပြင်ဆင်

အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   အခုလ ၉ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေမှာ စစ်ရေးပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ချင်းလူငယ်များအဖွဲ့က အိန္ဒိယနယ်စပ် တနေရာမှာ တိုက်ပွဲရှောင်တွေ ခိုလှုံဖို့အတွက် စခန်းအဆောက်အဦးတွေ အရန်သင့် ပြင်ဆင်ထားတယ်လို့ ချင်းပြည်နယ်ရဲ့ ဒေသတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။   အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ ချင်းပြည်နယ် ဖလန်းမြို့ခံ ချင်းရေးရာ လူငယ် တယောက် ပြောတာက   ” ၃ ရက်နေ့ နောက်ပိုင်းကစလို့ စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းဘက်ကို စစ်ရေးပြင်လာတဲ့ အခြေအနေ လက္ခဏာတွေ မြင်လာရတယ် ၊ အဲ့ဒါကြောင့် သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေနဲ့ ကျန်းမာရေး မကောင်းတဲ့ သူတွေ အသင့်…

Read More
VOM News

FREE
VIEW