ပို့ကုန်ရငွေတွေ ရောက်ရမယ့် ၆ လအတွင်း ရောက်မလာတဲ့ကုမ္ပဏီတွေကို တရားစွဲဖို့ ဗဟိုဘဏ်ပြင်ဆင်

အောက်တိုဘာ ၁၀-၂၀၂၁
GH ( VOM )
 
နိုင်ငံခြားကိုတင်ပို့နေတဲ့ ပို့ကုန်တွေရဲ့ပိုကုန်ရငွေတွေ သတ်မှတ်ကာလအတွင်း ပြန်ရောက်မလာတဲ့ ကုမ္ပဏီတွေကို ဥပဒေအရ တရားစွဲအရေးယူဖို့အတွက် ပြင်ဆင် ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားငွေဈေးနှုန်းမြင့်မားမှုအပေါ် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရေးသုံးသပ်ဆွေးနွေးတဲ့ အစည်းအဝေးမှာ ဗဟိုဘဏ်ဘက်က ပြောဆိုခဲ့ပါတယ်။
 
နောက်ပြီး ရက်ပေါင်း ၃၀ အတွင်း ရောင်းချသုံးစွဲရမယ့် ပို့ကုန်ရငွေတွေကိုစိစစ်ပြီး ဒေါ်လာစျေး ဈေးနှုန်း မြင့်တက်ဖို့နဲ့ ထိန်းသိမ်းဖို့ဆောင်ရွက်နေတယ်လို့ ယူဆရတဲ့ Bank Account တွေကိုလည်း စိစစ်သွားဖို့ ရှိတယ်လို့သိရပါတယ်။
 
ဗဟိုဘဏ်တာဝန်ရှိသူတယောက်ကတော့ ” ပို့ကုန်ရငွေတွေက ပြည်ပကိုတင်ပို့ပြီးနောက် ၆ လအတွင်းမှာ မြန်မာနိုင်ငံက ဘဏ်အကောင့်ထဲကိုရောက်ရမှာဖြစ်တယ်။ ” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ကျန်ရှိနေတဲ့ ကုမ္ပဏီ ၅၀၀ နီးပါး ရှိကြောင်း၊ အဲ့ဒီ ကုမ္ပဏီတွေကို လာရောက်ဖြေရှင်းဖို့ ရက်သတ်မှတ်ပေးထားတယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။
 
တကယ်လို့ လာရောက် စာရင်းရှင်းလင်းခြင်းမရှိခဲ့ရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်တွေအရဖြစ်စေ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
 
နောက်ပြီး ပို့ကုန်ရငွေကိုင်ခွင့်ကိုလည်း ရက်ပေါင်း ၃၀ အဖြစ်ကန့်သတ်ထားပြီး အဲ့ဒီ ၁ လအတွင်းမှာ လုပ်ငန်းရှင်အနေနဲ့ လိုအပ်တာအားလုံးသုံးစွဲခွင့်ရှိပြီး လိုအပ်တဲ့သူတွေကိုလည်းပြန်လည်ရောင်းချနိုင်ပေမယ့် ပိုနေတဲ့ ဒေါ်လာအားလုံးကို ဘဏ်တွေကိုပြန်လည်ရောင်းပေးရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဗဟိုဘဏ် ကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
 
နိုင်ငံခြားငွေ ဈေးနှုန်းမြင့်တက်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ဈေးနှုန်းမြင့်တက်စေဖို့ ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းလွှင့်မှုတွေကြောင့်ဖြစ်ကြောင်း၊ အဲ့ဒီလို မထီမဲ့မြင် ဆောင်ရွက်နေမှုတွေနဲ့ မ ဟုတ်မမှန် သတင်းလွှင့်သူတွေကို စိစစ်ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့လည်း ဗဟိုဘဏ်ဘက်က ပြောဆိုခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ဗဟိုဘဏ

Related posts

Leave a Comment

VOM News

FREE
VIEW