အောက်တိုဘာ ၁၁-၂၀၂၁
GH (VOM )
ပဲခူးမြို့နဲ့ သက္ကလမြို့နယ်တို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူး (၁)ဦးသေဆုံးတဲ့အပြင် ၄ ယောက်ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
သက္ကလမြို့နယ် ၊ ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မင်းဦးကို ဒီကနေ့ မနက် ၁၁ နာရီခွဲခန့်က ပဲခူး-သက္ကလကားမှတ်တိုင်နားက ကွမ်းယာဆိုင်မှာ သေနတ်နဲ့ ၅ ချက်ပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
နောက်ပြီး ပဲခူးမြို့၊မဇင်းရပ်ကွက် သရက်တောလမ်းရာအိမ်မှူးအပါအဝင် မိသားစုလိုက်ကိုလည်း ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ အမည်မသိသူတွေက နေအိမ်ကို ဆိုင်ကယ်နဲ့ရောက်လာပြီးပစ်ခတ်ခဲ့လို့ ၄ ယောက်လုံး ဆေးရုံမှာကုသမှူခံယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ပဲခူး သရက်တောလမ်းက ရာအိမ်မှူး မောင်ဦး ပစ်ခံရတယ်၊ သူ့မိန်းမရော ကလေးတွေရောထိတယ်၊ ကလေး ၂ယောက်က ခါးထိတယ်၊မိန်းမက ပါးထိတယ်၊သူကလက်ထိ၊ ၆ နာရီကျော်လောက်ဖြစ်တာပေါ့ ။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး ၊ သက္ကလက အုပ်ချုပ်ရေးမှူးကတော့ ကွမ်းယာဝယ်နေရင်း ဆိုင်နားမှာပစ်ခံရတာလို့ သိရတယ်။ ” လို့ ဒေသခံတဦးကပြောပါတယ်။
သရက်တောလမ်း ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လမ်းဆုံမှာတပ်ထားတဲ့ Cctv ကင်မရာမှတ်တမ်းကို စစ်ဆေးနေပြီး မှတ်တမ်းယူနေကြောင်းနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် သရက်တောလမ်းထဲက လူတယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာလည်း ပဲခူးမြို့နဲ့ သက္ကလမြို့နယ်၊ ဘုရားကြီးမြို့နယ်တွေမှာ စစ်တပ်နဲ့ရဲက ပိတ်ဆို့စစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး ၊လုံခြုံရေးတင်းကြပ်မှုတွေရှိနေသလို ဆိုင်ကယ်တွေကို လိုင်စင်၊နံပါတ်ပြား၊ ဘက်မှန်ကအစ စစ်ဆေးတာတွေရှိနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
အခုလို အုပ်ချုပ်ရေးပိုင်းက ရာအိမ်မှူးတွေ၊အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာကြောင့် ပဲခူးမြို့ပေါ်ရက်ကွက်တချို့က ရာအိမ်မှူးတချို့ရာထူးကနေနူတ်ထွက်ဖို့ စာတင်တာတွေရှိနေပေမယ့် နူတ်ထွက်ခွင့်မရတာမျိုးရှိနေတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။
ပဲခူးတိုင်း အနောက်ပိုင်းထဲက ပေါင်းတည်မြို့က ကျေးလက်ရုံးကိုလည်း ဒီကနေ့မနက်ပိုင်းက ဗုံးပစ်ခံခဲ့ရကြောင်း ၊ ဇီးကုန်းမြို့နယ်မှာလည်း မြို့အဝင်စစ်ဆေးရေးဂိတ်ဗုံးကွဲကာ ရဲ ၂ ယောက်သေဆုံးပြီး၊၂ ယောက်ဒဏ်ရာရရှိခဲ့တာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
#voiceofmyanmar #VOM #ပဲခူး #သက္ကလ #ပစ်ခတ်မှု