ဖမ်းခံထားရသူ ၅ ဦးက ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ရာ လူ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ၊ ကံသာကြီးကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၀ မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲနဲ့ စစ်သားတွေဟာ ဖမ်းဆီးထားတဲ့ လူ ၅ ယောက်ကို ကားပေါ်ကနေ ခုန်ချထွက်ပြေးတယ်ဆိုပြီး သေနတ်နဲ့ ပစ်ခတ်လို့ လူ ၁ ယောက်သေဆုံးကာ ကျန် လူ ၄ ယောက်မှာ ကျည်ဆံထိမှန် ဒဏ်ရာတွေရခဲ့တယ်လို့ ပွင့်ဖြူမြို့ခံတွေက ပြောပါတယ်။   ” အဖမ်းခံရတဲ့ လူ ၅ ယောက်က ကံသာကြီးရွာက ကိုထက် ၊ ကိုစိုးလွင်ဦး ၊ ကိုသန်းလွင်မြင့် ၊ အောင်ချမ်းသာ ကွက်သစ်က လူ ၁ ယောက်နဲ့ စံပြရွာက ကိုခန့်စည်သူတို့ဖြစ်တယ် ၊…

Read More

ကျိုက်ထီးရိုးဘုရားတောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ အကျဉ်းချုံးပြုလုပ်မယ်

အောက်တိုဘာ ၁၁-၂၀၂၁ GH ( VOM )   ကျိုက်ထီးရိုးဘုရား တောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ အကျဉ်းချုံးပြုလုပ်သွားမှာဖြစ်တယ်လို့ ကျိုက်ထီးရိုဘုရားဂေါပကအဖွဲ့ဆီက သိရပါတယ်။   ” တောင်တော်ဖွင့်ပွဲကို အကျဉ်းချုံးလုပ်မှာပေါ့။မနှစ်ကလည်းလုပ်တယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ လုပ်မှာပါ။ အခုလည်း ဘုရားဖူးတွေ လာပါတယ်။ တောင်တက်ကားတွေကလည်းရှိတော့ အဆင်ပြေနေတာပေါ့ ” လို့ ကျိုက်ထီးရိုဘုရားရင်ပြင်တော် တာဝန်ခံ ဦးအေးမြင့်သိန်းကပြောပါတယ်။   လာမယ့် သီတင်းကျွတ်လပြည့်နေ့ကစပြီး ကဆုန်လပြည့်နေ့ ( မေလ ၁၄ ရက်နေ့ ၂၀၂၂ ခုနှစ်)အထိ ၇ လတိုင်တိုင် ကျိုက်ထီးရိုဘုရားပွဲတော်ကို ကျင်းပသွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့တာဝန်ရှိသူကပြောပါတယ်။   လက်ရှိမှာလည်း ကျိုက်ထီးရိုးဘုရားကို နေ့စဉ်လာရောက်တဲ့ခရီးသွားတွေရှိကြောင်း၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေကိုလည်း စနစ်တကျ ရောင်းချခွင့်ပြုထားတယ်လို့သိရပါတယ်။   ဒါပေမယ့် ရင်ပြင်တော်ပေါ်မှာ စျေးရောင်းချခွင့်ကိုတော့ တားမြစ်ထားပြိး အသိပေးစာတွေလည်းကပ်ထားတယ်လို့ သိရပါတယ်။  …

Read More

အိန္ဒိယနိုင်ငံရောက် မြန်မာယက္ကန်းလုပ်သား ၆၀ ကျော် အိန္ဒယမှတ်ပုံတင်အတုကိုင်ဆောင်မှုနဲ့ ဖမ်းခံထားရ

အောက်တိုဘာ ၊ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချန်ဒဲလ်ခရိုင် ၊ မိုးရေးမြို့ရဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ မြန်မာလုပ်သား ၂၀ ကျော်ကို နိုင်ငံသားမှတ်ပုံတင်အတု ကိုင်ဆောင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယလူမှုဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ မြန်မာလုပ်သားအရေးကို စောင့်ကြည့်နေတဲ့ တမူးမြို့ခံတွေက ပြောပါတယ်။   ဖမ်းခံထားရတဲ့ မြန်မာလုပ်သား ၂၀ ကျော်ဟာ မုံရွာမြို့နယ်ဘက်က ယက္ကန်းလုပ်သား လူငယ် ၂၅ ယောက်နဲ့ မှီခိုသူ ကလေး ၃ ယောက် အားလုံး ၂၈ ယောက်ဖြစ်ပြီး မဏိပူရ်ပြည်နယ်ထဲကို ယက္ကန်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခုလ ၆ ရက်မှာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကို ရောက်နေချိန် အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။  …

Read More

ကြံခင်းမှာ လက်နက်တွေမိတဲ့ကိစ္စ နစကရဲ့ဖြေရှင်းချက်

နေပြည်တော်၊ အောက်တိုဘာ ၁၁-၂၀၂၁ KT(VOM)   -ကြံခင်းမြို့မှာ အခုရက်ပိုင်းအတွင်း လက်နက်တွေဖမ်းဆီးရမိတဲ့ကိစ္စနဲ့ပတ်သက်ပြီး နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းကို အခုလို ပြောထားပါတယ်။   “အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကြံခင်းမြို့ထဲမှာ KNU တပ်မ ၆ နယ်မြေမှ သင်တန်းဆင်းလာတဲ့ PDF တစ်ယောက်ရောက်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းရလို့ သွားရောက်ဖမ်းဆီးတဲ့အခါမှာ PDF တစ်ယောက်ကိုမိပါတယ်၊ .စစ်ဆေးတဲ့အခါမှာ(သူကတော့ ကြံခင်းမြို့မှာနေသူမဟုတ်ပါဘူး..လှိုင်သာယာကလို့သိရပါတယ်)သူကိုစစ်ဆေးတဲ့အခါမှာ ကြံခင်းအနီးဝန်းကျင်က ရွာတစ်ရွာအနီးမှာ လက်နက်ခဲယမ်းတွေဖွက်ထားတယ်ဆိုတဲ့သတင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်၊နောက်ဆက်တွဲ ဆက်လက်စုံစမ်းပါတယ်၊ အဲဒီမှာလက်နက်တွေဖြစ်တဲ့ MK 12 မောင်းပြန်ရိုင်ဖယ် ၁၁ လက်၊ M 22 မောင်းပြန်ရိုင်ဖယ် ၈ လက်၊M 16 မောင်းပြန်ရိုင်ဖယ် ၃၀ လက်၊ကျည်အိမ် ၄၀ ကျော်၊ကျည်မျိုးစုံ ၂၀၀၀ ကျော်နဲ့ရှေ့ထွက်မိုင်း ၂ လုံး၊နင်းမိုင်းတွေ၊စနစ်တံတွေ၊ချိန်ကိုက်နာရီတွေသိမ်းဆည်းရမိတယ်လို့”ပြောပါတယ်။  …

Read More

ခရီးသည် ၁ ​ယောက်ကို ကားခ ၅ သိန်းနီးပါး တောင်းတဲ့ကားသမားကို လောက်ကိုင်ရဲကဖမ်း

အောက်တိုဘာ ၊ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ဖြတ်တောက်တဲ့အနေနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကိုတာ စီစစ်ခွင့်ပြုထားပြီး ခရီးသွားလုပ်ငန်းတွေကို တင်းကြပ်စွာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။   အဲ့ဒီလို တင်းကြပ်ထားတဲ့ကာလမှာ ကားသမားတွေဟာ ခရီးသည်တွေဆီကနေ ကားခ ၄ သိန်းကနေ ၅ သိန်းအထိ အဆမတန် တောင်းယူပြီး ခရီးသည်တွေကို လောက်ကိုင်မြို့ထဲ သွင်းခဲ့တာကို လောက်ကိုင်ရဲကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။   ” ကိုဗစ်ရောဂါကြောင့် လောက်ကိုင်မှာ လူဝင်လူထွက် တင်းကြပ်ထားတာပါ ၊ အဲ့ဒီ အခြေအနေကို ကားသမားတွေက အခွင့်ကောင်းယူပြီး ခရီးသည်တွေဆီကနေ ကားခတွေ အဆမတန်တောင်းယူတယ် ၊ နောက်ပြီး ခရီးသည်တွေကို ကုန်ပစ္စည်းတွေကြားမှာ ဝှက်ပြီး မိုးကာအုပ်လို့ ကိုဗစ်စစ်ဆေးရေးဂိတ်ကို…

Read More

တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်သန်းနီးပါး ရေဘေးသင့်နေ

ပေကျင်း၊ အောက်တိုဘာ-၁၁-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း နှစ်သန်းနီးပါး ရေဘေးသင့်နေတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။   ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် အဲဒီပြည်နယ်ရှိ ခရိုင်နဲ့မြို့ ၇၀ ကျော်မှာ နေအိမ်ပြိုကျမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပွားနေပါတယ်။   လက်ရှိအချိန်ထိ မိုးသည်းထန်စွာရွာသွန်းမှုတွေက ကယ်ဆယ်ရေးအားထုတ်မှုတွေ အဟန့်အတားဖြစ်နေပါတယ်။   ရေဘေးကြောင့် လူ တစ်သိန်းနှစ်သောင်းကျော်ကို အရေးပေါ်ရွှေ့ပြောင်း ကယ်ဆယ်နေရာချထားရပြီး ပြည်နယ်အတွင်းမှာ နေအိမ် ၁၇၀၀၀ ကျော်ပြိုကျခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။   အခြားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အချက်အလက်ထုတ်ပြန်ခြင်းမရှိပေမယ့် မြေပြိုမှုတစ်ခုကြောင့် ရဲတပ်ဖွဲ့၀င်လေးဦးသေဆုံးသွားတယ်လို့ ဂလိုဘယ်တိုင်းမ်သတင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။   ရှန်ဇီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေဘေးဟာ ယခုနှစ်အစောပိုင်းက ဟီနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာထက် ပိုမိုဆိုးရွားဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   Ref : BBC…

Read More

ဒေါ်အောင်ဆန်းစုကြည့်တို့ ရုံးချိန်းကို တပတ်တခါပဲ စစ်ဆေးမယ်လို့ အမိန့်ချ

အောက်တိုဘာ ၁၁-၂၀၂၁ KT(VOM)   နေပြည်တော်မှာ ဒီကနေ့မနက်ပိုင်းရဲ့ဒေါ်အောင်ဆန်းစုကြည့်တို့ရဲ့အမှုတွေနဲ့ပတ်သက်ပြီး ရုံးထုတ်စစ်ဆေးရာမှာ ပြီးခဲ့တဲ့အပတ်က လျှောက်ထားချက်ကို တရားရုံးကလက်မခံဘဲ တပတ်တခါပဲ ရုံးထုတ်စစ်ဆေးမယ်လို့ အမိန့်ချခဲ့ပါတယ်။   “ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စာရေးပြီးတင်တဲ့ တပတ်ခြားတစ်ခါရုံးချိန်းပေးဖို့ဟာကိုတော့ ရုံးက သူနဂိုဆုံးဖြတ်ထားတဲ့အတိုင်း တပတ်တစ်ခါပဲ စစ်ဆေးမယ်လို့ အမိန့်ချလိုက်ပါတယ်”လို့ ရှေ့နေတဦးကပြောပ်တယ်။   ဒီကနေရုံးချိန်းမှာ ဘာတွေစစ်မေးခဲ့သလဲဆိုတာကို ရှေ့နေ့တဦးက” ဒီနေ့ရုံးချိန်းက ၁၁နာရီလောက်မှာပြီးသွားပါတယ်။ အရင်ရုံးချိန်းတွေလိုပဲ ၉နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့၊နောက်ဦး၀င်းမြင့်နဲ့ဆက်တွေ့ပြီး အမှုအကြောင်းဆွေးနွေးကြတာပါပဲ။ အထူးအထွေဒေါ်အောင်ဆန်းစုကြည်ဘက်ကပြောတာ မရှိပါဘူး။ အမှုခေါ်တဲ့အခါမှာတော့ ဦး၀င်းမြင့်ကို သဘာဝဘေး ၂၅ နဲ့စွဲထားတဲ့ အမှုကိုစခေါ်ပါတယ်။ အဲ့ဒီအမှုမှာ ဦး၀င်းမြင့်ကို စွဲချက်တင်ပါတယ်။ ဦး၀င်းမြင့်ကို စွဲချက်တင်တယ်။ အပြစ်ရှိသလားဆိုတော့ ဦး၀င်းမြင့်ကလည်း မရှိဘူးလို့ ပြောပါတယ်။ ပြောပြီးတော့ ပြန်ခေါ်သက်သေရှိသလားမေးတော့ ပြန်ခေါ်သက်သေ ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်တယောက်ကို ပြန်ခေါ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘာဝဘေး -၂၅ အဲ့ဒါကို…

Read More

နျူကလီးယား ရေငုပ်သင်္ဘောအချက်အလက်တွေ ရောင်းဖို့ကြိုးစားတဲ့ အမေရိကန်ရေတပ်အင်ဂျင်နီယာ ဖမ်ဆီးခံရ

ဝါရှင်တန်၊ အောက်တိုဘာ ၁၁-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်ရေတပ်အင်ဂျင်နီယာတစ်ဦးနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ နျူကလီးယားရေငုပ်သင်္ဘောရဲ့ လျှို့ဝှက်ချက်တွေကို တခြားနိုင်ငံကို ရောင်းချဖို့ကြိုးစားခဲ့တာကြောင့် ဖမ်ဆီးခံလိုက်ရပါတယ်။   ဂျိုနသန်တိုဘီဆိုသူနဲ့ ဇနီးဖြစ်သူ ဒိုင်ယာနာတို့ကို အနောက်ဗာဂျီးနီးယားပြည်နယ်မှာ အောက်တိုဘာကိုးရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက အောက်တိုဘာ ၁၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။   သူတို့နှစ်ဦးဟာ နျူကလီးယားရေငုပ်သင်္ဘောဆိုင်ရာ အချက်အလက်တွေကို အသားညှပ်ပေါင်မုန်တစ်ခုအတွင်း ဝှက်ပြီး အခြားနိုင်ငံတစ်ခုမှ ကိုယ်စားလှယ်ဖြစ်တယ်လို့ ယူဆရသူတစ်ဦးထံရောင်းချဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။   အသက် ၄၂ နှစ်ရွယ် မစ္စတာတိုဘီနဲ့ ၄၅နှစ်အရွယ် ဇနီးဖြစ်သူတို့ဟာ လက်ရှိမှာ အက်တမ်စွမ်းအက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတယ်လို့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   မစ္စတာတိုဘီဟာ အမေရိကန်ရေတပ်ရဲ့ နျုကလီးယားစွမ်းအင်အစီအစဉ်မှယာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေကင်းရှင်းသူတစ်ဦးလည်းဖြစ်ပါတယ်။   Ref: BBC…

Read More

ရန်ကုန်တိုင်းက ၃၁မြို့နယ်ကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက် ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေပိုများလာ

ရန်ကုန်၊အောက်တိုဘာ ၁၁-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်းရှိ မြို့နယ် ၃၁ မြို့နယ်ကို လူ ၅ ဦးထပ်ပိုမစုဖို့ ပုဒ်မ-၁၄၄နဲ့ ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အောက်တိုဘာ ၈ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။   အဲ့ဒီအမိန့်စာထုတ်တဲ့နေ့မှာပဲ လှိုင်မြို့နယ်နဲ့ထန်းတပင်မြို့နယ်မှာ ဗုံးပေါက်တာတွေ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ ရဲတပ်သားတဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရပ်သား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။   မနေ့ အောက်ဆိုဘာ ၁၀ရက်နေ့ကလည်း အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှု ၁၅ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။   လူ(၅)ဦးထပ်ပိုမစုရ ပုဒ်မ ၁၄၄ထုတ်ပြန်ပြီးနောက် ၂ရက်အတွင်းမှာပဲ ဗုံးပေါက်ကွဲမှု၂၃ကြိမ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။   ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့တဲ့ ၃၁မြို့နယ်ထဲမှာ အရှေ့ပိုင်းခရိုင်နဲ့အနောက်ပိုင်းခရိုင်က ၂၆မြို့နယ်ပါဝင်ပြီး…

Read More

တရုတ်နိုင်ငံရဲ့ဖိအားတွေကို ဦးမညွှတ်ဘဲ ဒီမိုကရေစီကို ကာကွယ်မယ်လို့ ထိုင်၀မ်သမ္မတပြော

တိုင်ပေ၊ အောက်တိုဘာ-၁၁-၂၀၂၁ မျိုးဆက်(VOM)   ထိုင်၀မ်ကျွန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကို ဦးညွှတ်မှာဟုတ်ဘဲ ဒီမိုကရေစီကို ို ကာကွယ်သွားမယ်လို့ ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်က အောက်တိုဘာ ၁၀ ရကမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်သွားမယ်လို့တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုပြီးနောက် ထိုင်၀မ်အမျိုးသားနေ့မိန့်ခွန်းမှာ သမ္မတဆိုင်အင်း၀မ်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။   သမ္မတဆိုင်အင်း၀မ်ရဲ့ မှတ်ချက်ပြုပြောဆိုတာကို တရုတ်နိုင်ငံကရှုတ်ချလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်နေတာလို့ဆိုပါတယ်။   တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။   ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်ရေးအင်အားသုံးနိုင်ဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုထားပါတယ်။   မကြာသေးမီနေ့တွေအတွင်းကလည်း တရုတ်နိုင်ငံဟာ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ စစ်လေယာဉ် ၁၅၀ နီးပါးထိ စံချိန်တင်စေလွှတ်ခဲ့ပါတယ်။   သမ္မတဆိုင်အင်း၀မ်ဟာ တရုတ်နိုင်ငံအပေါ်ဆန့်ကျင်တဲ့ရပ်တည်ချက်နဲ့ ယမန်နှစ်ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။   ထိုင်၀မ်သည်…

Read More
VOM News

FREE
VIEW