ကြံခင်းမှာ လက်နက်တွေမိတဲ့ကိစ္စ နစကရဲ့ဖြေရှင်းချက်

နေပြည်တော်၊ အောက်တိုဘာ ၁၁-၂၀၂၁
KT(VOM)
 
-ကြံခင်းမြို့မှာ အခုရက်ပိုင်းအတွင်း လက်နက်တွေဖမ်းဆီးရမိတဲ့ကိစ္စနဲ့ပတ်သက်ပြီး နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းကို အခုလို ပြောထားပါတယ်။
 
“အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကြံခင်းမြို့ထဲမှာ KNU တပ်မ ၆ နယ်မြေမှ သင်တန်းဆင်းလာတဲ့ PDF တစ်ယောက်ရောက်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းရလို့ သွားရောက်ဖမ်းဆီးတဲ့အခါမှာ PDF တစ်ယောက်ကိုမိပါတယ်၊ .စစ်ဆေးတဲ့အခါမှာ(သူကတော့ ကြံခင်းမြို့မှာနေသူမဟုတ်ပါဘူး..လှိုင်သာယာကလို့သိရပါတယ်)သူကိုစစ်ဆေးတဲ့အခါမှာ ကြံခင်းအနီးဝန်းကျင်က ရွာတစ်ရွာအနီးမှာ လက်နက်ခဲယမ်းတွေဖွက်ထားတယ်ဆိုတဲ့သတင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်၊နောက်ဆက်တွဲ ဆက်လက်စုံစမ်းပါတယ်၊ အဲဒီမှာလက်နက်တွေဖြစ်တဲ့ MK 12 မောင်းပြန်ရိုင်ဖယ် ၁၁ လက်၊ M 22 မောင်းပြန်ရိုင်ဖယ် ၈ လက်၊M 16 မောင်းပြန်ရိုင်ဖယ် ၃၀ လက်၊ကျည်အိမ် ၄၀ ကျော်၊ကျည်မျိုးစုံ ၂၀၀၀ ကျော်နဲ့ရှေ့ထွက်မိုင်း ၂ လုံး၊နင်းမိုင်းတွေ၊စနစ်တံတွေ၊ချိန်ကိုက်နာရီတွေသိမ်းဆည်းရမိတယ်လို့”ပြောပါတယ်။
 
နောက်ပြီး “သူကိုပဏာမစစ်ကြောချက်အရ ဒီလက်နက်တွေကို KNU တပ်မဟာ ၆ နယ်မြေဘက်ကသယ်လာကြောင်းသိရပါတယ်၊ ကျွန်တော်ဆိုလိုတာက လက်နက်တွေကို KNU တပ်မဟာ ၆ ကပေးလိုက်တယ်လို့ဆိုလိုတာမဟုတ်ဘူးနော်..KNU တပ်မဟာ ၆ နယ်မြေထဲမှာ တချို့ PDf တွေရောက်နေတာရှိတယ်ဆိုတဲ့သတင်းတွေရတယ်၊ထို့အတူ KNU တပ်မဟာ ၇ နယ်မြေထဲမှာလည်း PDF တွေရောက်နေကြောင်းသတင်းတွေရပါတယ်၊မန္တလေးမှာအရင်မိခဲ့တဲ့ မောင်းပြန်ရိုင်ဖယ်တွေ တာဝေးပစ်စိန်ပြောင်းဗုံးသီးတွေရလိုက်တာရှိပါတယ်၊ပြည်သူတွေကိုပြောချင်တာက အကြမ်းဖက်အဖွဲ့လို့ကြေညာထားတဲ့ NUG၊PDF အဖွဲ့တွေဟာလက်နက်ရရှိရေးအသဲအသန်ကြိုးစားနေတယ်၊နယ်စပ်ဒေသတွေကိုဖြတ်ကျော်ပြီးပို့နေတာတွေရှိပါတယ်၊ဒီလက်နက်တွေဟာပြည်သူလူထုရဲ့တည်ငြိမ်အေးချမ်းရေးကိုမငြိမ်မသက်ဖြစ်စေမယ့်အဖြစ်အပျက်တွေဖြစ်စေနိုင်ပါတယ်၊ဒါကြောင့်ပြည်သူလူထုအနေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းဆောင်ရွက်ပေးဖို့ မသက်ာဘွယ်ရာတွေရင်လျှို့ဝှက်သတင်းပေးကြဖို့ပြောလိုပါကြောင်း’ဗိုလ်ချူပ်ဇော်မင်းထွန်းကပြောပါတယ်။
 
ဒါ့အပြင် “MK 12 ဆိုတာ တူရဂီနိုင်ငံလုပ်သေနတ်တွေပေါ့နော်..ဘယ်လိုပုံစံနဲ့ရယူခဲ့လည်းဆိုတာတော့ တိတိကျကျပြောဖို့တော့ခက်ပါတယ်၊လက်နက်တွေလာတဲ့လမ်းကြောင်းကတော့ တပ်မဟာ ၆ ဘက်ကလာတယ်၊နယ်စပ်ဖြတ်ကျော်လာတယ်၊တရားမဝင်ပြောရရင်တော့ တူရဂီလုပ်လက်နက်ဆိုတာသည် ပြည်ပကိုထုတ်ရောင်းတာမရှိပါဘူး၊လက်နက်မှောင်ခိုစျေးကွက်ကထောက်ပံ့ပေးလိုက်တဲ့သဘောလို့ယူဆပါတယ်၊ OIC ကဝင်ရောက်ပတ်သက်နေပြီဆိုတာတော့ ထင်မြင်ယူဆမိပါတယ်၊ နောက်ပိုင်းမိတဲ့လက်နက်တွေထဲမှာ တူရဂီလုပ်လက်နက်ဖမ်းဆီးရမိမှုတွေများလာတယ်၊ယခင်ကတူရဂီနိုင်ငံထုတ်လက်နက်တွေ အရှေ့တောင်အာရှမှာမတွေ့ဖူးဘူး၊နောက်ဆုံးဥပမာပြောရရင် ARSA တွေဆီမှာတောင်မတွေ့ရပါဘူး၊ အခုနောက်ပိုင်းမှာတွေ့လာရတာဆိုတော့ OIC ကမှတဆင့် ထောက်ပံ့နေပြီလားဆိုတာမျိုးဖြစ်နေပါပြီ..ဒီလက်နက်တွေသိမ်းဆည်းရမိမှုနဲ့ပတ်သက်ပြီး ဂွင်းဆက်တွေလိုက်နေပါတယ်၊ လောလောဆယ် တရားခံတစ်ယောက်ပဲမိပါသေးတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW