နှာခေါင်းဖြန်းဆေးနဲ့ ကိုဗစ်ကာကွယ်ဖို့ ရုရှားနိုင်ငံမှာ စမ်းသပ်နေ

မော်စကို၊ အောက်တိုဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
ကိုဗစ်-၁၉ ရောဂါကို နှာခေါင်းဖြန်းဆေးတစ်မျိုးနဲ့ ကာကွယ်ဖို့အတွက် ရုရှားနိုင်ငံမှာ စမ်းသပ်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
 
ပြည်တွင်းထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးကို နှာခေါင်းဖြန်းဆေးပုံစံတစ်ခုပြုလုပ်ပြီး အရွယ်ရောက်ပြီးသူ စေတနာ့၀န်ထမ်းတွေနဲ့ စမ်းသပ်သွားမယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာနက အောက်တိုဘာ ၁၂ ရက်မှာ ဖော်ပြထားပါတယ်။
 
ရုရှားနိုင်ငံဟာ လက်ရှိမှာ နိုင်ငံတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။
 
စမ်းသပ်ခံမယ့် စေတနာ့၀န်ထမ်းတွေအတွက် အဲဒီနှာခေါင်းဖြန်းဆေးကို စိန့်ပီတာစဘတ်ဆေးရုံမှာ နှစ်ကြိမ်ဖြန်းပေးမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားပြီး လက်တွေ့စမ်းသပ်မှုနဲ့ပတ်သက်ပြီး အချိန်ကာလကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
 
ဇွန်လအတွင်းကလည်း အသက် ရှစ်နှစ်မှ ၁၂ နှစ်အရွယ်ကလေးငယ်တွေအတွက်သင့်တော်တဲ့ နှာခေါင်းဖြန်းဆေးတစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေကပြောပါတယ်။
 
နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေစံချိန်တင် ဖြစ်ပွားနေတာကြောင့် ကာကွယ်ဆေးထိုးအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ဖို့လိုအပ်နေကြောင်း သမ္မတ ဗလာဒီမာပူတင်ကတိုက်တွန်းထားပါတယ်။
 
Ref: CNA
Photo:GMA
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW