နင်းပြားတွေရဲ့နေ့ပြန့်တိုး

အေးချမ်းသူ(VOM) နေ့ပြန်တိုးဆိုတဲ့ စကားလုံးဟာ လူချမ်းသာတွေအတွက် စိမ်းနေပေမယ့် အခြေခံလူတန်းစားတွေဖြစ်တဲ့ လက်လုပ်လက်စားတွေအတွက် အရင်းအနှီးမိတ်ဆွေတစ်ခုလို့ပဲ ပြောရပါမယ်။ အခြေခံလူတန်းစားတွေ အများစုနေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်တွေ၊ ကျူးကျော်နေထိုင်သူအများစုရှိတဲ့နေရာမှာတော့ နေ့ပြန်တိုးပေးနိူင်တဲ့သူတွေဟာ သူတို့ရဲ့ဘဏ်တိုက်ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ “ဘာကြောင့်ချေးလဲလို့မေးရင် ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ချေးတာ၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေလေ။ အဲ့ဒီလိုလုပ်နေရင်း ဗြုန်းခနဲဆို ကျန်းမာရေးကိစွဖြစ်လာတယ်၊ ဘယ်မှာလဲငွေ မရှိတော့ငွေတိုးပေးတဲ့သူဆီ ပြေးရတော့တာပဲ”လို့ လှိုင်သာယာ ၅ရပ်ကွက်မှာ နေထိုင်သူ မအေးမင်းကပြောပါတယ်။ မိုးတွင်းကာလ ခင်ပွန်းဖြစ်သူအလုပ်ကနေ ပြန်လာရင်း ချော်လဲလို့ လက်ကျိုးရာ ဆေးခန်းသွားပြဖို့ လက်ထဲငွေအပိုမရှိတဲ့အတွက် ငွေ ငါးသောင်းကို သုံးဆယ်ကျပ်အတိုးနဲ့ယူခဲ့ရာကနေ အရင်းပြန်မပေးနိူင်ဘဲ တစ်နှစ်ကျော်ကြာတဲ့အထိ နေပြန်တိုး ဆပ်ခဲ့ရတယ်လို့ သူကပြောပါတယ်။ မြို့နယ်အချို့က ဆင်ဖြေဖုံးရပ်ကွက်တွေမှာတော့ ငွေရှင်တွေက လက်လုပ်လက်စားတွေကို အတိုးနဲ့ငွေချေးရာမှာ နေ့သွင်း၊ မတ်တိုး၊ ကျပ်တိုး၊ ရက်သွင်း၊ လသွင်း အစရှိတဲ့ပုံစံတွေနဲ့ငွေချေးကြပါတယ်။ “နေ့သွင်းဆိုတာက ကိုယ်ယူတဲ့ပိုက်ဆံကို ရက်အလိုက်ပြန်သွင်းရတာ ကိုယ်ဘယ်လောက်ယူမလဲပေါ့၊ ဥပမာ…

Read More

သတင်းစာဆရာ

————— ဆူးငှက် မန္တလေးမှာ ဟံသာဝတီသတင်းစာရောက်လာမယ်ဆိုကတည်းက မြို့လူထုကမျှော်လင့်နေကြတယ်။ ကုန်လွန်ခဲ့တဲ့ ကာလတစ်လျှောက်လုံး မန္တလေးနဲ့ သတင်းစာက အမြဲတမ်းတွဲဖက်ရှင်သန်ခဲ့တာချည်း။ ဂျပန်ခေတ်လို မြို့လုံးကျွတ် မြို့ပစ်ထွက်ပြေးတိမ်းရှောင်ဒုက္ခရောက်တဲ့ကာလမှာတောင် မန္တလေးနဲ့သတင်းစာက အိုးစားကွဲခဲ့တာမှ မဟုတ်ဘဲ။ ဒီလိုနဲ့ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ်။ မန္တလေးမှာသတင်းစာတွေ အပြိုင်းအရိုင်း။ ၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးနောက်။ သတင်းစာတွေ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုံးပါးပါးကုန်တာပါပဲ။ နောက်ဆုံး မန္တလေးမှာ ၁၉၆၇-ခုနှစ် ဇူလိုင်လ၇ရက်နေ့ရောက်တော့ လူထုသတင်းစာကို မှတ်ပုံတင်သက်တမ်း ထပ်တိုးမပေးတဲ့နည်းနဲ့ အလိမ္မာသုံးကာ “မန္တလေးနှင့်သတင်းစာ” ပြည် ဖုံးကာချခဲ့တာပါပဲ။ မန္တလေးမြို့လူထုရဲ့နှလုံးသားမှာ “လူထုသတင်းစာ”က စွဲထင်ပျော် ဝင်နေဆဲ။ မနက်လင်းတာနှင့် ဆွမ်းခံ ရဟန်းတော်များနှင့်အတူ လူထုသတင်းစာကိုစောင့်မျှော်တဲ့ ဆန္ဒတွေ သီးပွင့်ဝေဆာဆဲ။ ဒါပေမယ့် မန္တလေးသားတွေရင်ထဲမှာ လူထုသတင်းစာက ပျောက်ကွယ်သွားပေါ့။ ၁ နှစ်..။ ၂ နှစ်..။ဒီကာလမှာပဲ ၁၉၆၉ ခုနှစ်မှာ ဟံသာဝတီသတင်းစာ မန္တလေးမှာ…

Read More

တရုတ်နဲ့ဂျပန်ငွေ ရောင်းချခွင့်ပြုတာဟာ တရုတ်နဲ့အဆင်ပြေပေမယ့် ဂျပန်ကတော့ ပြောင်းလဲမှုမရှိနိုင်

အောက်တိုဘာ ၁၃ GH ( VOM )   တရုတ်ငွေ ယွမ်နဲ့ ဂျပန်ငွေ ယန်းကို မြန်မာနိုင်ငံထဲမှာ တရားဝင် ဝယ်ယူရောင်းချခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က မနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။   ဒီလို တရားဝင်ရောင်းချခွင့်ပြုလိုက်တဲ့အတွက် တရုတ်နဲ့ ကုန်သွယ်မှုလုပ်ကိုင်နေရတဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အဆင်ပြေတဲ့အပြင် စီးပွားရေးကို ပိုပြီးကျယ်ပြန့်သွားစေမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။   “စီးပွားရေးလောက ပိုကျယ်ပြန့်သွားတာပေါ့။အန်ကယ်တို့လို့ တရုတ်ပြည်ကိုပို့နေရတဲ့သူတွေဆိုရင် ပိုအဆင်ပြေတယ် ၊နောက်တစ်ခုက အိုဗာဆီးကနေ တရုတ်ကိုပို့တယ်။တရုတ်က သူတို့နိုင်ငံမှာ ဒေါ်လာပေးတာမဟုတ်ဘူး။သူတို့ငွေပဲပေးတာ၊တရုတ်ငွေဆိုတော့ ဒေါ်လာပြန်ဝယ်ရတယ်။ အခုက တရားဝင်ဖြစ်သွားပြီဆိုတော့ဒေါ်လာပြန်ဝယ်စရာမလိုတော့ဘူး တရုတ်ငွေနဲ့ပဲအရောင်းအဝယ်လုပ်လို့ရသွားပြီ။ဗဟိုဘဏ်မှာပဲပေါ့။ ” လို့ တရုတ်ကို ဆန် တင်ပို့နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။   အရင်က တရုတ်ငွေ ယွမ်ကို နယ်စပ်မှာ တရားမဝင်လဲလှယ်နေရတာဖြစ်ကြောင်း၊ အခုလို တရားဝင်ခွင့်ပြုလိုက်တာကြောင့် တရုတ်ငွေနဲ့ပဲ…

Read More

နီပေါအနောက်မြောက်ပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၂၈ ဦးသေဆုံး

ခတ္တမန္ဒူ ၊ အောက်တိုဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   နီပေါနိုင်ငံအနောက်မြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။   အဲဒီဘတ်စ်ကားဟာ မူဂူခရိုင်ကိုဖြတ်ပြီး မောင်းနှင်နေချိန်မှာ အောက်တိုဘာ ၁၂ ရက်နေ့လယ်ပိုင်းမှာ လမ်းချော်ပြီး ချောက်အတွင်းကို တိမ်းမှောက်သွားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။   ဘတ်စ်ကားတိမ်မှောက်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ ဒါပေမယ့် ဘတ်စ်ကားဟာ ဘရိတ်ပေါက်ပြီးနောက် ချောက်အတွင်းသို့တိမ်းမှောက်သွားတာဖြစ်ဖွယ်ရှိတယ်လို့ သတင်းဌာနအချို့ ဖော်ပြထားပါတယ်။   နီပေါနိုင်ငံမှာ များသောအားဖြင့် လမ်းတွေမကောင်းတာနဲ့ မော်တော်ယာဉ်တွေကို ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် လမ်းမတော်တဆမှုဖြစ်ပွားတာတွေဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။   ဘတ်စ်ကားတိမ်းမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရရှိသူတစ်ဒါဇင်ကျော်ကို အနီးနားရှိဆေးရုံသို့ တင်ပို့ထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။   Ref: BBC Photo: APA #voiceofmyanmar #VOM #ခတ္တမန္ဒူ

Read More

ထိုင်းကို တရားမ၀င်သွားတဲ့ မြန်မာ ၄၈ ယောက် ချင်းမိုင်မှာ အဖမ်းခံရ

ချင်းမိုင်၊ အောက်တိုဘာ-၁၃-၂၀၂၁ မျိုးဆက် (VOM)   ထိုင်းနိုင်ငံအတွင်းကို တရားမ၀င်လာရောက်တဲ့ မြန်မာလုပ်သား ၄၈ ယောက်ကို ချင်းမိုင်အာဏာပိုင်တွေက အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။   မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့အတွက် နယ်စပ်ကတဆင့် ခြေလျင်ဖြတ်ကျော်၀င်ရောက်လာတာဖြစ်ပြီး မနက် ၃ နာရီလောက်မှာ အာဏာပိုင်တွေက သူတို့ကို တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   သူတို့ကို နိုင်ငံတွင်း တရားမ၀င်၀င်ရောက်မှုနဲ့ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ အရေးယူမှုမပြုခင်မှာ ကိုဗစ်-၁၉ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။   ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားအဖွဲ့ထဲမှာ အသက် ၁ နှစ်ကနေ ၅ နှစ်ကြားအရွယ် ကလေးငယ် ၁၂ ဦး၊ အသက် ၁၅ နှစ်ကနေ ၇၉ နှစ်အကြားအရွယ် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂၀ ဦးပါ၀င်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။   ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းကလည်း…

Read More

နှာခေါင်းဖြန်းဆေးနဲ့ ကိုဗစ်ကာကွယ်ဖို့ ရုရှားနိုင်ငံမှာ စမ်းသပ်နေ

မော်စကို၊ အောက်တိုဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM)   ကိုဗစ်-၁၉ ရောဂါကို နှာခေါင်းဖြန်းဆေးတစ်မျိုးနဲ့ ကာကွယ်ဖို့အတွက် ရုရှားနိုင်ငံမှာ စမ်းသပ်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။   ပြည်တွင်းထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးကို နှာခေါင်းဖြန်းဆေးပုံစံတစ်ခုပြုလုပ်ပြီး အရွယ်ရောက်ပြီးသူ စေတနာ့၀န်ထမ်းတွေနဲ့ စမ်းသပ်သွားမယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာနက အောက်တိုဘာ ၁၂ ရက်မှာ ဖော်ပြထားပါတယ်။   ရုရှားနိုင်ငံဟာ လက်ရှိမှာ နိုင်ငံတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။   စမ်းသပ်ခံမယ့် စေတနာ့၀န်ထမ်းတွေအတွက် အဲဒီနှာခေါင်းဖြန်းဆေးကို စိန့်ပီတာစဘတ်ဆေးရုံမှာ နှစ်ကြိမ်ဖြန်းပေးမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားပြီး လက်တွေ့စမ်းသပ်မှုနဲ့ပတ်သက်ပြီး အချိန်ကာလကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။   ဇွန်လအတွင်းကလည်း အသက် ရှစ်နှစ်မှ ၁၂ နှစ်အရွယ်ကလေးငယ်တွေအတွက်သင့်တော်တဲ့ နှာခေါင်းဖြန်းဆေးတစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေကပြောပါတယ်။   နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေစံချိန်တင် ဖြစ်ပွားနေတာကြောင့် ကာကွယ်ဆေးထိုးအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ဖို့လိုအပ်နေကြောင်း သမ္မတ ဗလာဒီမာပူတင်ကတိုက်တွန်းထားပါတယ်။…

Read More

မင်္ဂလာတောင်ညွှန့်မှာ မီးရထားဝန်ထမ်းတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊အောက်တိုဘာ ၁၃-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊သိမ်ဖြူမီးပွိုင့်မှာ ဒီကနေ့ မနက် ၉နာရီက မီးရထားဝန်ထမ်းတစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေကနေ သိရပါတယ်။   အဲ့ဒီမီးရထားဝန်ထမ်းဟာ နေအိမ်ကနေ အလုပ်ကိုအသွား ကားပေါ်က အဆင်းမှာ ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဗိုလ်မင်းရောင်လမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။   “ကားပေါ်ကအဆင်းမှာ သေနတ်နဲ့ပစ်တာ ရင်ဘတ်ကို ပစ်တာ၊ အဲ့ဒီနေရာမှာပဲ သေသွားတာ၊ စစ်သားတွေအလောင်းလာသယ်သွားပါပြီ၊ စစ်ဆေးမှုတွေလည်း လုပ်နေတယ်”လို့ သူကပြောပါတယ်။   သေဆုံးသူဟာ မြန်မာ့မီးရထား သတင်းနှင့်ပြန်ကြားရေးဌာနမှ ဦးထိန်ဝင်း (ခေါ်) ရန်ကင်းမောင်ဆိုသူဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထားတိုင်း (၆)ရုံးကို သွားရောက်ချိန် သိမ်ဖြူမီးပွိုင့်မှာ ရင်ဘတ်ကို သေနတ်နဲ့သုံးချက်ပစ်ခံရကာ သေဆုံးသွားတာဖြစ််တယ်လို့ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေက သိမ်ဖြူမီးပွိုင့်အနီးမှာ ကားတွေနဲ့လမ်းသွားလမ်းလာတွေကို…

Read More

ရုပ်ရှင်လောကသားတွေ အစည်းအဝေးလုပ်ပြီးမှသာ ရုပ်ရှင်ရုံတွေ ဖွင့်နိုင်၊မဖွင့်နိုင် သိရမယ်

အောက်တိုဘာ ၁၃-၂၀၂၁ GH ( VOM )   မကြာခင်မှာ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ခွင့်ပြုတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပေမယ့် မြေပြင်မှာ တကယ်ဖွင့်နိုင်မယ့် အခြေအနေ ရှိ၊မရှိကိုတော့ ရုပ်ရှင်လောကသားတွေ ဆွေးနွေးမှုပြုလုပ်ရအုံးမှာဖြစ်တယ်လို့ ရုပ်ရှင်လုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။   ” ရုံပိုင်ရှင်နဲ့ထုတ်လုပ်သူတွေ ထုတ်လုပ်သူကလည်းရုံတင်အုံးမှ။ ရုံပိုင်ရှင်ကလည်း သဘောတူအုံးမှ အဲ့ဒါမှရမှာလေ။သူတို့ကို သေချာမေးပြီးမှသိရမှာ။အစည်းအဝေးတွေသေချာလုပ်ပြီးမှသိရမှာ “လို့ အမည်မဖော်လိုသူ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအဖွဲ့ဝင်တဦးကပြောပါတယ်။   လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ရောဂါအခြေအနေတွေကြောင့် ရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ရာ အခက်အခဲတွေရှိနေတယ်လို့ ရိုက်ကူးထုတ်လုပ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ် ။   “ဒီအချိန်မှာဖွင့်ရင် နိုင်ငံရေး အခြေအနေမကောင်းတော့ ဘယ်သူမှ ကြည့်မယ် မထင်ပါဘူး၊ တည်ငြိမ်နေတာမဟုတ်တော့လေ၊ နောက်ပြီး အခုလောလောဆယ် အနုပညာလောက က ဘယ်သူမှမရှိကြဘူး၊ကျန်နေတဲ့သူတွေနဲ့လုပ်လည်း အဲ့လူတွေကို ဘယ်သူမှအားပေးမှာမဟုတ်ဘူး ” လို့ ရုပ်ရှင်လောကသားတစ်ဦးကပြောပါတယ်။…

Read More

မုံးကိုးမှာ အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရ

အောက်တိုဘာ ၁၃-၂၀၂၁ Shy V (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့မှာ မနေ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကစ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့‌တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   လက်နက်ကြီး ကျရောက်ထိမှန်တာကြောင့် နေအိမ် ၂ အိမ်ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၆ ဦး ဦးရန်ကျုံး ၆၃ နှစ်၊ မရန်စီဖာ ၂ နှစ်၊ ဒေါ်ဆုမွေ ၆၁ နှစ်၊ ဒေါ်ဂလောင်းဝ်ယိမ်းဆောင် ၂၅ နှစ်၊ ဦးဂယာသား ၂၃ နှစ် နဲ့ မမရန်ဆိုင်းနန် ၂ နှစ် ၁၀ လ တို့လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး ၎င်းတို့ ၆ ဦး ထဲက ၄ ဦး…

Read More

လုယက်မှုဆက်တိုက်ဖြစ်နေတာကြောင့် ကုန်တင်ရေယာဉ်တွေပြေးဆွဲမှု ယာယီရပ်နားမယ်

အောက်တိုဘာ ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ သလ္လာဝတီဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ကုန်စည်ပို့ဆောင်ပေးနေတဲ့ ကုန်တင်ရေယာဉ်လမ်းကြောင်းတွေမှာ ကုန်ပစ္စည်းတွေ လုယက်ခံရတာ များလာတဲ့အတွက် အောက်တိုဘာ ၁၄ ရက်ကစပြီး ပြေးဆွဲသွားလာတာတွေ ယာယီရပ်နားထားတော့မှာဖြစ်တယ်လို့ ကုန်တင်ရေယာဥ်လုပ်ငန်းရှင်တွေက ပြောပါတယ်။   ပစ္စည်းလုခံရတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကုန်တင်ရေယာဥ် ပိုင်ရှင်တစ်ယောက်က” ကလေးဝနဲ့ မုံရွာအကြား နေရာ ၅ နေရာထက်မနည်း မော်တော် အတားခံရတာပါ ၊ ရှော်တယ် (စက်လှေ)တွေနဲ့ လိုက်ကပ်ပြီး တားတယ် ၊ မော်တော်မှာပါတဲ့ ကုန်ပစ္စည်းတွေကို မွှေနှောက်ရှာပြီး စားသောက်ကုန် ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ စိတ်ကြိုက်ရွေးယူတယ် ၊ သူတို့ယူသွားသမျှ ကုန်ဖိုးတွေကို ကုန်သည်တွေဆီ ပြန်လျော်ပေးရတယ် ၊ အဲ့ဒီလို လျော်ရတဲ့အခါ မုံရွာစျေးနူန်းနဲ့…

Read More
VOM News

FREE
VIEW