တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်လို့ ဖမ်းဆီးထားသူ ၁၁၄ ​ယောက် လွတ်

နေပြည်တော်၊ အောက်တိုဘာ-၁၅-၂၀၂၁
KT(VOM)
 
၂၀၂၁ အောက်တိုဘာ (၁၅)ရက်နေ့တွင်ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု့ကာ ဆိုပြီး တရားရုံးအသီးသီးမှာ တရားစွဲဆိုထားဆဲဖြစ်တဲ့ အောက်ဖော်ပြပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များရဲ့ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ (၁၁၄)ဦးတို့အား အမှုပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ( ၄၁၉) အရ အမိန့်ကိုထုတ်ပြန်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။
 
(က) AA. (၆၁) ဦး
(ခ) KIA. (၂၃) ဦး
(ဂ) KNU/KNLA(PC) (၁ ) ဦး
(ဃ)MNDAA. (၁) ဦး
(င) RCSS/SSA. (၁၂) ဦး
(စ)SSPP/SSA. (၅) ဦး
(ဆ)TNLA (၁၁)ဦး
 
အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပါဝင်သူတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှုဆိုင်ရာအမှုအားလုံးကို ပိတ်သိမ်းပြီး အမှုမှလွှတ်ရမည်လို့ သိရှီရပါတယ်။
 
ဒီလိုလွှတ်ပေးတာနဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ” ကျနော်တို့ဆီကိုတော့ အကြောင်းကြားတာမရှိသေးဘူး ၊ တချို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ မှားယွင်းဖမ်းဆီးတာတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် လွတ်လာသူတွေအတွက် ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။
 
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်လို့ဖမ်းဆီးခံရသူတွေဟာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ စတာတွေနဲ့ တရားစွဲခံရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
 
ပုံ – တောတွင်းတနေရာက TNLAအဖွဲ့
ဓါတ်ပုံ Mai Tea Land

Related posts

Leave a Comment

VOM News

FREE
VIEW