နိုင်ငံတကာအာကာသစခန်းကို သွားရောက်မယ့် ဂျပန်ဘီလျှံနာသူဌေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ

တိုကျို၊ အောက်တိုဘာ-၁၅-၂၀၂၁
မျိုးဆက် (VOM)
 
ဂျပန်ဘီလျှံနာသူဌေး မယ်ဇာဝါယူဆာကူဟာ နိုင်ငံတကာအာကာသစခန်းကို သွားရောက်မယ့်ခရီးစဉ်အတွက် လေ့ကျင့်မှုတွေလုပ်နေပါတယ်။
 
မယ်ဇာဝါနဲ့ ဟီရာနိုယိုဇိုတို့ဟာ ရုရှားရဲ့ ဆိုယုဇ်အာကာသယာဉ်နဲ့ ဒီဇင်ဘာ ၈ ရက်မှာ နိုင်ငံတကာအာကာသစခန်းကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
 
မယ်ဇာဝါဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းဖက်ရှင်အရောင်းလုပ်ငန်းကို တည်ထောင်သူဖြစ်ပြီး ဟီရာနိုကတော့ မယ်ဇာဝါနဲ့ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်တစ်ဦးဖြစ်ပါတယ်။
 
သူတို့နှစ်ဦးဟာ နိုင်ငံတကာအာကာသစခန်းမှာ ၁၂ ရက်ကြာနေထိုင်သွားမှာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်းကို သွာရောက်မယ့် ပထမဆုံးဂျပန်နိုင်ငံသား အရပ်သားတွေဖြစ်ပါတယ်။
 
သူတို့ဟာ မော်စကိုပြင်ပမှာရှိတဲ့ ဂါဂါရင် အာကာသလေ့ကျင့်ရေးစင်တာမှာ အာကာသခရီးစဉ်နဲ့ပတ်သက်တဲ့ လေ့ကျင့်မှုတွေကို အောက်တိုဘာ ၁၄ ရက်မှာ စတင်ပြုလုပ်နေပါတယ်။
 
ခရီးစဉ်နီးလာတာနဲ့အမျှ အလွန်စိတ်လှုပ်ရှားကြောင်း၊ ဒါပေမယ့် ကြောက်ရွံ့စိုးရိမ်မှုတွေမရှိဘဲ နိုင်ငံတကာအာကာသစခန်းမှာ သူစမ်းသပ်လုပ်ကိုင်ချင်တဲ့အရာ အခု ၁၀၀ ရှိတယ်လို့ မယ်ဇာဝါက ပြောပါတယ်။
 
Ref : NHK
Photo:AFP
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW