ပျဉ်းမနားမြို့၊ ရန်အောင် ၂ ရပ်ကွက်ရုံးရှေ့မှာ ဗုံးပေါက်

အောက်တိုဘာ ၁၇-၂၀၂၁ KT(VOM)   နေပြည်တော်၊ပျဉ်းမနားမြို့၊ရန်အောင်(၂)ရပ်ကွက်ရုံးရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၁၇ရက်နေ့ ညနေပိုင်းက ‌ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။   “အသံတော့ကျယ်တယ် ဗုံးသံကြားလို့ ထွက်ကြည့်တာ ဆိုင်ကယ်နဲ့ပဲလာပစ်တာ၊ ရပ်ကွက်ရုံးထဲကိုပစ်တာ ထင်တယ်၊ ဗုံးကမဝင်ဘဲ တခုခုနဲ့ထိပြီး ရုံးအပေါက်ဝနားမှာပဲပေါက်သွားတယ်”လို့ ဒေသခံတွေက ပြောပါတယ်။   ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့က ရေမြောင်းအတွင်းကိုကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့လည်း သိရပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့ ညပိုင်းကလည်း ပျဉ်းမနားမြို့က မြဝတီဘဏ်နောက်ကျောမှာ ဗုံးပေါက်ကွဲမှူဖြစ်ပွားခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #ပျဉ်းမနား #ပေါက်ကွဲမှု

Read More

ရွှေတွေကို ဘဏ်ကနေ ရောင်းချပေးတဲ့အခါ ဘဏ်အကောင့်အဟောင်းကငွေနဲ့ ဝယ်ယူလို့မရ

အောက်တိုဘာ ၁၇-၂၀၂၁ GH (VOM )   ရွှေစျေးနူန်းထိန်းဖို့အတွက်ဆိုပြီး ၉၉.၉၉ ရာခိုင်နူန်းပြည့်ရွှေတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ကာ ပြည်သူတွေဆီကို တိုက်ရိုက်ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။   အဲ့ဒီလိုရောင်းချရာမှာ အရင်ကဖွင့်ထားတဲ့ ဘဏ်အကောင့်က ငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှ ငွေသားနဲ့ဝယ်ယူလို့ရနိုင်မယ်လို့ သိရပါတယ်။   “ဘဏ်ကနေ ရွှေကိုဝယ်ယူမယ်ဆိုရင် လက်ရှိဖွင့်လှစ်ထားပြီးတဲ့ ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေသားနဲ့ ပေးချေလို့မရဘဲ အကောင့်အသစ်နဲ့ ငွေသားပေးချေရမှာဖြစ်တယ်၊ အဲ့ဒီ စနစ်အဟောင်းကကျန်ခဲ့ပြီ အခုက စနစ်သစ်၊ အကုန်အကောင့်အသစ်တွေနဲ့ အကုန်သွားတာပဲ။အကောင့်အသစ်ဖွင့်ရမယ်၊ရွှေရော သွင်းလို့ထုတ်လို့ရမယ်။စနစ်ဟောင်းကတော့ တဖြည်းဖြည်းချင်းသွားပါလိမ့်မယ်။ cash ပေးချေရမယ့်သဘောပါပဲ။ ” လို့ YGEAဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။   ရောင်းချပေးမယ့် ရွှေတွေကိုတော့ YGEA အသင်းက ဘဏ်မှာအပ်ပေးထားမှာဖြစ်ပြီး အဲ့ဒီရွှေတွေကို ပြည်သူလူထုက ဘဏ်မှာတိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ ဝယ်ယူပြီးနောက် ရွှေတွေကို…

Read More

မန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရ

အောက်တိုဘာ ၁၇-၂၀၂၁ Ko Hik (VOM)   မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ဈေးတိုက်တန်းရှိ ရွှေဆိုင်တစ်ဆိုင်မှာ ဒီကနေ့နေလယ်ပိုင်းက ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင် သေနတ်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တဦးဆီကနေ သိရပါတယ်။   “ဖြစ်တာက နေ့လယ် ၁ချက်ထိုးလောက်ပဲ၊ လူ၃ယောက် ဆိုင်ကယ်နဲ့ Maskတပ်ပြီးလာတာ၊ ဆိုင်ရှင်ကို သေနတ်နဲ့ပစ်တယ် (၂)ချက်၊ ကောင်တာ မှန်ဘီဒိုကို တူနဲ့ထုပြီးရွှေလက်ကောက်နဲ့ ၊ ရွှေဟန်းချိန်းတွေယူသွားတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။   ရွှေဆိုင်ပိုင်ရှင်မှာ နောက်ကျောရှပ်ထိဒဏ်ရာနဲ့ ဆေးရုံမှာကုသနေရပြီး ဓားပြတိုက်သူတွေဟာ ပြန်ထွက်ချိန်မှာ CCTVမော်နီတာကို သေနတ်နဲ့ပစ်သွားသေးတယ်လို့လည်း သိရပါတယ်။   ​ဓားပြတိုက်တဲ့သူတွေ ယူဆောင်သွားတဲ့ ရွှေပစ္စည်းတွေရဲ့ တန်းဖိုအတိအကျကို VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။   ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး မန္တလေးမြို့ကနေရာ အတော်များများမှာ ဆိုင်ကယ်စီးနေသူကို ဒုတ်နဲ့ရိုက် ဓားနဲ့ခုတ်ကာ ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို လုယူသွားတဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့သလို…

Read More

ဗြစ်စက်

ဆူးငှက် ““ဗြစ်စက်”” ဟုခါ်သော ဘီယာစက်ရုံသည် ယခင်က အရက်ချက်စက်ရုံ မဟုတ်။ ရတနာပုံခေတ်ကတည်းက မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံတစ်ခုဖြစ်မြောက်ရေးကို ရှေးရှုလျက် ငွေကြေးများစွာ အကုန်အကျခံ မြေစမ်းခရမ်းပျိုး တည်ထောင်ခဲ့သည့် မြန်မာ့စက်ရုံ၊ အလုပ်ရုံများအနက် “လက်နက်” စက်ရုံတစ်ရုံအဖြစ် ကနဦးတည်ထောင်ခဲ့သည်။ ““ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ပုံရိုက်လုပ်ဆောင်ရသော ဒင်္ဂါးစက်ရုံတော်၊ ထည်မျိုး အုပ်မျိုး ရက်လုပ်သော ရက်ကန်းရုံတော်၊ စပါးအမျိုးမျိုး ကြိတ်လုပ်သော ဆန် ကြိတ်စက်ရုံတော်၊ အမြောက်ကြီးငယ် လှံဓားအမျိုးမျိုး၊ ဗုံးဆံ၊ အမြောက်ဆံ၊ တူဆံအမျိုးမျိုး သွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ်များကို တိုက်ခွဲသော လွှ စက်ရုံတော်၊ သကြားချက်လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သော စက်ရုံတော်မှစ၍ စက်ရုံအမျိုးမျိုး ဦးရေ ငါးဆယ်ကျော်…””ဟူ၍ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ရေးသားခဲ့သော စက်ရုံများတွင် အပါအဝင်ဖြစ်၏။ ရန်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ လွှစက်၊ သကြားစက်၊ သံရည်ကျိုစက်၊…

Read More
VOM News

FREE
VIEW