ပျဉ်းမနားမြို့၊ ရန်အောင် ၂ ရပ်ကွက်ရုံးရှေ့မှာ ဗုံးပေါက်

အောက်တိုဘာ ၁၇-၂၀၂၁
KT(VOM)
 
နေပြည်တော်၊ပျဉ်းမနားမြို့၊ရန်အောင်(၂)ရပ်ကွက်ရုံးရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၁၇ရက်နေ့ ညနေပိုင်းက ‌ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
“အသံတော့ကျယ်တယ် ဗုံးသံကြားလို့ ထွက်ကြည့်တာ ဆိုင်ကယ်နဲ့ပဲလာပစ်တာ၊ ရပ်ကွက်ရုံးထဲကိုပစ်တာ ထင်တယ်၊ ဗုံးကမဝင်ဘဲ တခုခုနဲ့ထိပြီး ရုံးအပေါက်ဝနားမှာပဲပေါက်သွားတယ်”လို့ ဒေသခံတွေက ပြောပါတယ်။
 
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့က ရေမြောင်းအတွင်းကိုကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့ ညပိုင်းကလည်း ပျဉ်းမနားမြို့က မြဝတီဘဏ်နောက်ကျောမှာ ဗုံးပေါက်ကွဲမှူဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပျဉ်းမနား #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW