သူတို့အိမ် အခန်း (၂၃၈)

မမြရင်… ဟိုယခင်နေခဲ့တဲ့ရွာ ———————————   လေဘာတီမမြရင် ဇာတိ ရွှေဖလားကန်ရွာကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ရောက်သွာသည်။ ရွာကလေးက တကယ့် အညာကျေးလက် ရွာစစ်စစ်လေးပါ။ ဖုံထူထူ လှည်းလမ်းကြောင်း၊ ရှားစောင်း ပြာသာဒ်ပင်၊ ရွာလယ်ဇရပ်…၊ နွားအုပ် ဆိတ်အုပ်၊ ရေစည်လှည်း…၊ ထန်းရွက်မိုးတဲ… စတဲ့ အညာကျေးလက် ပုံရိပ်တွေနဲ့ ရွာလေးပါ။ ဒီလိုရွာလေးက နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင်ကြီး တစ်ဦး ပေါ်ထွက်ခဲ့တယ်ဆိုတာ ထူးခြား အံ့သြဖွယ်ရာ ဆိုပေမယ့် မြန်မာပြည်က အနုပညာရှင်ကြီးတွေ အတော်များများကလည်း ဒီလိုကျေးလက်ကပဲ မွေးဖွားပေးခဲ့ကြတာ မဟုတ်ပါလား။     ရွှေဖလားကန်ရွာကို ရောက်ကြတော့ မမြရင်၏ ညီအစ်မ ဝမ်းကွဲအသက် ၈၀ ကျော်အရွယ် ဒေါ်လှငွေတို့၊ ဒေါ်ပုမတို့နဲ့ တွေ့ပြီး ဒေါ်လှငွေ၏ အိမ်မှာ မမြရင်ဓာတ်ပုံလေး…

Read More
✕
VOM News

FREE
VIEW