အီသီယိုးပီးယားမြို့တော်ကို သူပုန်တွေချီတက်၊ အမေရိကန်တွေအမြန်ဆုံးထွက်ခွာဖို့ သံရုံးတိုက်တွန်း

အာဒစ်အဘာဘာ၊ နို၀င်ဘာ-၆-၂၀၂၁
မျိုးဆက်(VOM)
 
အီသီယိုးပီးယားနိုင်ငံ တိုက်ဂရေးဒေသမှာ သူပုန်တွေနဲ့ အစိုးရတပ်ဖွဲ့၀င်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်မှုထမ်းဟောင်းတွေအနေနဲ့ စစ်တပ်ထဲပြန်၀င်ဖို့ အီသီယိုးပီးယားစစ်တပ်က တိုက်တွန်းလိုက်ပါတယ်။
 
တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဦးဆောင်တဲ့သူပုန်တပ်ဖွဲ့ဟာ မြို့တော်အာဒစ်အဘာဘာသို့ ချီတက်လာနေချိန်မှာဘဲ အခုလိုက်တိုက်တွန်းချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
 
အမေရိကန်နိုင်ငံသားတွေအနေနဲ့ အီသီယိုးပီးယားနိုင်ငံမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။ ၀န်ကြီးချုပ် အာဘီယာအာမက်ရဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းဖို အစိုးရဆန့်ကျင်ရေးအဖွဲ့ ကိုးဖွဲ့က အစောပိုင်းမှာ မဟာမိတ်ဖွဲ့လိုက်ကြပါတယ်။
 
အပစ်အခတ်ရပ်တန့်ဖို့ နိုင်ငံတကာကတောင်းဆိုမှုတွေရှိနေပေမယ့်လည်း စစ်ပွဲကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ အီသီယိုးပီးယားအစိုးရကပြောပါတယ်။ တိုက်ဂရေးဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဒုတိယနှစ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့့အိမ်မဲ့ဖြစ်ကာ လေးသိန်းကျော် အငတ်ဘေးဆိုက်နေပါတယ်။
 
လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးအစိုးရက နိုင်ငံအရေးပေါ်အခြေအနေကြေညာထားကာ ဒေသခံတွေအနေနဲ့မိမိတို့ဒေသကို ကာကွယ်ရန် အသင့်ပြင်ကြဖို့နဲ့ လက်နက်တွေကို မှတ်ပုံတင်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
 
Ref: BBC
 
#voiceofmyanmar #VOM #အီသီယိုးပီးယား

Related posts

Leave a Comment

VOM News

FREE
VIEW