ဒေလီမြို့ရဲ့ လေထုအရည်အသွေး အန္တရာယ်ရှိတဲ့အဆင့် ရောက်ရှိနေ

ဒေလီ၊ နို၀င်ဘာ-၆-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံ ဒေလီမြို့ရဲ့ လေထုအရည်အသွေးဟာ ဒီပါ၀လီပွဲတော်ပြီးနောက် အန္တရာယ်ရှိတဲ့အဆင့်ထိ ညစ်ညမ်းနေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   တားမြစ်ပိတ်ပင်ထားပေမယ့်လည်း ပွဲတော်ကာလအတွင်း မီးရှူးမီးပန်းတွေပစ်ဖောက်မှုကြောင့် လေထုညစ်ညမ်းမှုဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။   ယာဉ်တွေ၊ စက်ရုံတွေက ထုတ်လုပ်တဲ့မီးခိုးတွေ၊ ဖုန်မှုန့်နဲ့ ရာသီဥတုပုံစံတွေကြောင့် ဒေလီမြို့ဟာ ကမ္ဘာ့ပေါ်မှာ လေထုညစ်ညမ်းမှုအဆိုးဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။   အထူးသဖြင့် ဆောင်းရာသီကာလအတွင်း အနီးနားရှိပြည်နယ်တွေက လယ်သမားတွေဟာ လယ်မြေတွေကို မီးရှို့မှုတွေလုပ်တာကြောင့်လည်း လေထုညစ်ညမ်းမှုဖြစ်ပွားလေ့ရှိပါတယ်။   တချိန်တည်းမှာဘဲ လေတိုက်နှုန်းနိမ့်ပါးတဲ့အချိန် ဒီပါ၀လီပွဲတော်ကာလမှာ မီးရှူးမီးပန်းဖောက်တာတွေကြောင့် လေထုအောက်ပိုင်းမှာ မီးခိုးတွေပိတ်မိနေတတ်ပါတယ်။   ဒီနှစ်မှာတော့ လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချဖို့အတွက် အစိုးရဟာ မီးရှူးမီးပန်းရောင်းချတာတွေကို တားမြစ်ပိတ်ပင်ခဲ့ပေမယ့် ဒေသခံတွေကို ထိရောက်စွာမဟန့်တားနိုင်ခဲ့ပါဘူး။   Ref: BBC Photo:ANI #voiceofmyanmar #VOM #ဒေလီ

Read More

Pfizer ရဲ့ ကိုဗစ်သောက်ဆေး ရောဂါကြောင့်သေဆုံးမှုကို ၈၉ ရာခိုင်နှုန်းလျှော့ချနိုင်

၀ါရှင်တန်၊ နို၀င်ဘာ-၆-၂၀၂၁ မျိုးဆက်(VOM)   အမေရိကန်ဆေးကုမ္ပဏီ Pfizer မှထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ရောဂါကုသဆေးတစ်မျိုးဟာ ရောဂါကြောင့် ဆေးရုံတက်ရခြင်းသို့မဟုတ် သေဆုံးခြင်းကို ၈၉ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ လက်တွေ့စမ်းသပ်မှုရလဒ်တွေကို ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။   Paxlovid လို့ခေါ်တဲ့ အဲဒီသောက်ဆေးဟာပြင်းထန်တဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာ ရောဂါလက္ခဏာပြသပြီးနောက် များမကြာမီမှာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။   Merck Sharp နဲ့ Dohme ကုမ္ပဏီတို့မှ ပူးတွဲထုတ်လုပ်တဲ့ အလားတူသောက်ဆေးတစ်မျိုးကို ဗြိတိန်တာ၀န်ရှိသူတွေက ခွင့်ပြုလိုက်ပြီးနောက်တစ်ရက်အကြာမှာ Pfizer ကုမ္ပဏီကလည်း သူ့ရဲ့ဆေးနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။   ဗြိတိန်ဟာ Merck Sharp နဲ့ Dohme ကုမ္ပဏီတို့မှ ဆေး လေးသိန်းရှစ်သောင်းကို မှာယူထားပြီး ခွင့်ပြုချက်မပေးရသေးတဲ့ Pfizer ကထုတ်လုပ်တဲ့ ဆေနှစ်သိန်းငါးသောင်းကိုလည်း မှာယူထားပြီးဖြစ်ပါတယ်။   Pfizer ကနေထုတ်လုပ်လိုက်တဲ့ဆေးရဲ့ ရလဒ်တွေဟာ…

Read More

အီသီယိုးပီးယားမြို့တော်ကို သူပုန်တွေချီတက်၊ အမေရိကန်တွေအမြန်ဆုံးထွက်ခွာဖို့ သံရုံးတိုက်တွန်း

အာဒစ်အဘာဘာ၊ နို၀င်ဘာ-၆-၂၀၂၁ မျိုးဆက်(VOM)   အီသီယိုးပီးယားနိုင်ငံ တိုက်ဂရေးဒေသမှာ သူပုန်တွေနဲ့ အစိုးရတပ်ဖွဲ့၀င်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်မှုထမ်းဟောင်းတွေအနေနဲ့ စစ်တပ်ထဲပြန်၀င်ဖို့ အီသီယိုးပီးယားစစ်တပ်က တိုက်တွန်းလိုက်ပါတယ်။   တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဦးဆောင်တဲ့သူပုန်တပ်ဖွဲ့ဟာ မြို့တော်အာဒစ်အဘာဘာသို့ ချီတက်လာနေချိန်မှာဘဲ အခုလိုက်တိုက်တွန်းချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။   အမေရိကန်နိုင်ငံသားတွေအနေနဲ့ အီသီယိုးပီးယားနိုင်ငံမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။ ၀န်ကြီးချုပ် အာဘီယာအာမက်ရဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းဖို အစိုးရဆန့်ကျင်ရေးအဖွဲ့ ကိုးဖွဲ့က အစောပိုင်းမှာ မဟာမိတ်ဖွဲ့လိုက်ကြပါတယ်။   အပစ်အခတ်ရပ်တန့်ဖို့ နိုင်ငံတကာကတောင်းဆိုမှုတွေရှိနေပေမယ့်လည်း စစ်ပွဲကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ အီသီယိုးပီးယားအစိုးရကပြောပါတယ်။ တိုက်ဂရေးဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဒုတိယနှစ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့့အိမ်မဲ့ဖြစ်ကာ လေးသိန်းကျော် အငတ်ဘေးဆိုက်နေပါတယ်။   လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးအစိုးရက နိုင်ငံအရေးပေါ်အခြေအနေကြေညာထားကာ ဒေသခံတွေအနေနဲ့မိမိတို့ဒေသကို ကာကွယ်ရန် အသင့်ပြင်ကြဖို့နဲ့ လက်နက်တွေကို မှတ်ပုံတင်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။   Ref: BBC  …

Read More

IMFရဲ့ထောက်ပံ့ငွေ ဒေါ်လာ သန်း ၃၀၀ကျော်ကိစ္စ

နိုဝင်ဘာ ၆-၂၀၂၁ KT+GH ( VOM)   IMFရဲ့ပြောခွင့်ရသူ ဂျယ်ရီရိုက်စ်ဟာ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ လက်ရှိ နစက လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ နိုဝင်ဘာ ၃ရက်က ပြောဆိုခဲ့ပါတယ်။   အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာက ” ဒီဟာက မြန်မာနိုင်ငံကို အထောက်အပံ့ပေးလိုက်တဲ့အရာလို့ ရေးသားနေတာတွေ့တယ်၊ ပထမဦးဆုံးပြောကြားလိုတာက ချေးငွေပြန်ဆပ်ရမယ့်ငွေတွေပဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၇၂.၃၉၁ သန်းကို ၂၈-၁-၂၀၂၁ ရက်နေ့မှာ ဗဟိုဘဏ်ရဲ့အမေရိကန်ဒေါ်လာစာရင်းမှာ လက်ခံပြီးတော့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ကျပ် ၄၉၅,၅၀ ဘီလီယံကို ၂၉-၁-၂၀၂၁ ရက်နေ့မှာပဲ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတော်စာရင်းကို ထည့်သွင်းထားပါတယ်။ အစိုးရ တစ်ရပ်အနေနဲ့က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မလေ့လာဘဲနဲ့ ထုတ်ပြန်တာတွေ သိရက်သားနဲ့…

Read More

ကျောက်မဲမြို့မှာ တိုက်ပွဲ ရှောင်တိမ်းလာသူ ၂၀၀၀ ကျော်ရှိ

နိုဝင်ဘာ ၆၊ ၂၀၂၁ Shy V (VOM)   ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် တွေဖြစ်ကြတဲ့ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ် တို့အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့ထဲကို နိဝင်ဘာ၅ ရက်နေ့က ရွာ ၆ ရွာက တိုက်ပွဲရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံ ရှောင်တိမ်း လာကြောင်း ကူညီပေးနေတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။   “အခု စစ်ရှောင်တွေ လာတဲ့ နေရာတွေမှာလည်း စစ်ဖြစ်နေတာ ကြာပြီ။ အဲဒီ နေရာတွေမှာ ထိုင်တာက RCSS တွေထိုင်တာ။ TNLA နဲ့ မဟာမိတ်အဖွဲ့က စစ်ဆင်လာလို့ အဲဒီနားကို ကပ်လာတဲ့ အတွက် သူတို့ အဲဒီ ရွာသူရွာသားတွေကို ရှောင်ခိုင်းလိုက်တာ။ လွန်ခဲ့တဲ့ ၂ လလောက်…

Read More

ယောနယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ အုပ်စုလိုက် ထွက်စာတင်နေ

နိုဝင်ဘာ ၊ ၆ ၊ ၂၀၂၁ Voice Of Myanmar (VOM)   မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့ အလုပ်ထွက်စာ ပေးပို့ တင်ပြတာဆိုရင် အခုနှစ် ဖေဖော်ဝါရီကစလို့ အခုလ ၅ ရက်အထိ တင်ပြစာ ၂ ရာ ကျော်နဲ့ တင်ပြသူ ၄ ရာဝန်းကျင်ရှိသွားပြီလို့ ထီးလင်းနယ်ခံ ဝန်ထမ်းတယောက်က ပြောပါတယ်။   အဲ့ဒီလို အလုပ်ထွက်စာ တင်ပြတဲ့ ဝန်ထမ်းတွေဟာ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွေအုပ် ဝန်ထမ်းတွေနဲ့ ကျေးလက် ပညာရေး ကျောင်းဆရာ ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပြင် မြေစာရင်း ဝန်ထမ်းတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။   ထီးလင်းမြို့နယ်က…

Read More

ရေတာရှည်မြို့လယ်က CB Bank ဓားပြတိုက်ခံရ

နို၀င်ဘာ ၆-၂၀၂၁ GH ( VOM ) ပဲခူးတိုင်း၊ ရေတာရှည်မြို့လယ်၊ ၂ရပ်ကွက်မှာရှိတဲ့ CB Bankမှာ မနေ့ နိုဝင်ဘာ ၅ ရက်နေ့ ၊နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ရေတာရှည်မြို့နယ်ဒေသခံတွေဆီကသိရပါတယ်။ ” ပိုက်ဆံကတော့ ၅၀၀ ကျော်လို့ကြားနေတယ် အသေချာတော့မသိဘူး။ ဓားပြတိုက်တာကို သိပ်မသိကြဘူး။စစ်သားတွေရဲတွေရောက်လာလို့ သိကြရတာ။ ဖြစ်ဖြစ်ချင်းတော့ အနီးအနားအကုန်စစ်တာပဲ။ ဓားပြတိုက်တာက မျက်နာတွေအုပ်ထားတယ်လို့သိရတယ်၊ ဘဏ်က မြို့လယ်ခေါင်မှာ စစ်သားတွေနဲ့စောင့်ကြည့်နေတဲ့နေရာ ။ ဆိုင်ကယ်ပါမကျန် စစ်ဆေးရေအရမ်းကြမ်းတဲ့မြို့ကို နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်တယ်ဆိုတော့ စဉ်းစားစရာ”လို့ ဒေသခံတဦးကပြောပါတယ်။ ဆိုင်ကယ် ၂ စီးနဲ့ မျက်နှာဖုံးစွပ်ထားတဲ့သူ (၄)ဦးက ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း၊ ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ပိတ်ဆို့စစ်ဆေးတာ ၊ ဘဏ်အနီးကိုရှာဖွေစစ်ဆေးတာရှိပေမယ့် တရားခံတွေဖမ်းဆီးရမိတာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။ CB Bank ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ရေတာရှည်ရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့…

Read More

မန်းတောင်ပေါ် ရိုးဆီက ဖိုးခေါင်၊ ကျူးသာလှထင်

========================= ဆူးငှက် တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့်အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာ၀တီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပျံ့ပျူးညီညာလှသော မြစ်အပြင်၀ယ် မန္တလေးတောင်တော်သည် ထီးတည်းတည်းကြားမှ စုံ့စုံ့တက်၏။ ထိုအခါ လှပကျယ်ပြောလှသော မြစ်အပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာ တည်ရှိပြန်သည်။ တောင်ထိပ်ဆီမှ အရှေ့ဆီမျှော်ပြန်မူ ပြာရင့်မှိုင်းရိုးမက မြင်ကွင်းကို တားဆီး၊ ကန့်သတ်အံ့ငြား ထူးထူးအံ့ဖွယ် ပုံသဏ္ဌာန်များဖြင့် ဗျိုင်းရယ်တောင်၊ ရေတံခွန်တောင်၊ ကျွဲနဖားတောင်တို့က ရင်သပ်ရှုမောစေ၏။ အနောက်ဆီမျှော်ပြန်မူ မင်းဝံတောင်ရိုးသည် တငြိမ့်ငြိမ့်စီးဆင်းသော ခြေရင်းက ဧရာ၀တီကို မမှိတ်မသုန်ရေကသိုဏ်းရှုနေပြန်သည်။တောင်ဆီမှာမူ ဟိုမှုန်ပျပျ အဝေးရေရိပ်က တောင်သမန်ရွှေအင်းဖြစ်၏။ သည်မှာဖက်မူ မုနိဖောင်တော်ဆိုက်ကပ်ရာ တက်သေးအင်းဖြစ်သည်။မြောက်ဆီမှာမူ သခင်မတောင်တော်သည် တောင်စွယ်တောင်တန်း အစွန်းမှ ပြေလျောနိမ့်ဆင်းလာ၏။ မလှမ်းမကမ်းမှာက မင်းညီနောင်၏ တောင်ပြုံးစေတီတော်။ ထိုမြင်ကွင်းကား ရတနာပုံ မင်းနေပြည် မတည်မီက တောရိပ်၊တောင်ရိပ်၊ရေရိပ်ဖြင့် အတိပြီးသော…

Read More
VOM News

FREE
VIEW