မန္တလေးနှင့် ဓာတ်ရှင်ရုံ

ဆူးငှက် ကျွန်တော်သည် ငယ်စဉ်က ဆိုင်းတန်းနေပြည်တော် အသံထွက်ဓာတ်ရှင်ရုံကြီးတွင် ရုပ်ရှင်ကြည့်ရသည့် အဖြစ်အပျက်အား သတိရလွမ်းဆွတ်နေသည်။ ထိုစဉ်က မန္တလေးတွင် ရုပ်ရှင်ရုံ(၉)ရုံရှိသည်။ လက်ဆည်ကန်က ဝင်းလိုက်ရုံ၊ သံလမ်းက တော်ဝင်ရုံ၊ တရုတ်တန်းက ရွှေနဂါးရုံ၊ ကျုံးထောင့်က မစိုးရိမ်ရုံ၊ ၈၁ လမ်းရေစင်ကြီးနားက မြို့မရုံ၊ ၈၃ လမ်း နေသူရိန်ဝင်းမြောက်ပေါက်က မြို့ဂုဏ်ရောင်ရုံ၊ ညောင်ပင်ဈေးက မျိုးမြင့်ရုံ၊ ဆိုင်တန်းက နေပြည်တော်ရုံ၊ ဒေးဝန်းက ရတနာပုံရုံတို့ဖြစ်၏။ ထိုရုံများအနက် ဝင်းလိုက်က အကောင်းဆုံး အခမ်းနားဆုံးဖြစ်သည်။ ရုံကသန့်ရှင်းသည်။ တည်ဆောက်ပုံကောင်းသည်။ ကျယ်ဝန်းသည်။ နိုင်ငံခြားဇာတ်ကား အများဆုံးပြသ၏။ မြို့လယ်ရုံများဖြစ်သောတော်ဝင်၊ ရွှေနဂါး၊ မြို့ဂုဏ်ရောင်၊ မြို့မတို့လည်း မဆိုးလှ။ မစိုးရိမ်ကလည်း တစ်ခါတစ်ရံ နိုင်ငံခြားကားများပြသ၏။ ရုံအနေအထားက ကျယ်ဝန်းသည်။ မျိုးမြင့်၊ ဆိုင်းတန်း၊ ရတနာပုံတို့ကား မြို့ပတ်ရုံများဖြစ်၏။ ထိုစဉ်က ရုပ်ရှင်ရုံများ၏ တန်းတူအရည်အချင်းတစ်ခုမှာ ပိုးသတ်ဆေးစော်နံခြင်းနှင့် ကြမ်းပိုးကိုက်ခြင်းတို့ဖြစ်သည်။…

Read More
VOM News

FREE
VIEW