ကထိန်ခင်းပြီးပြန်လာတဲ့ကားကို သစ်လုံးတင်ကားကဝင်တိုက်ပြီး ၇ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၂-၂၀၂၁
KK(VOM)
 
ရေးမြို့နယ်၊ နှစ်ကရင်လမ်းဝမှာ မနေ့ နိုဝင်ဘာ ၁၁ရက် ညနေ ၃နာရီခွဲက Light Truk ကားတစ်စီးကို သစ်လုံးတင်ယာဥ်မှ ဖြတ်တိုက်ခဲ့ရာ ၇ဦးသေပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုရေးအသင်းတွေဆီက သိရပါတယ်။
 
ရန်ကုန်ကနေ ကထိန်ခင်းပြီး ထားဝယ်ကိုပြန်လာတဲ့ Light Trukကားကို သစ်လုံးတင်လာတဲ့ကားမှ ရေး-သံဖြူဇရပ်လမ်း နှစ်ကရင်လမ်းဝမှာ ခါးအလယ်ကဖြတ်တိုက်ခဲ့တာဖြစ်တယ်လို့ လမိုင်းလူငယ်ပရဟိတအဖွဲ့က တာဝန်ရှိသူတဦးက VOMကို ပြောပါတယ်။
 
“ကြားရတာကတော့ ခါးအလယ်ကနေ သစ်လုံးတင်တဲ့ယာဥ်က ဖြတ်တိုက်လိုက်တယ်လို့ ကြားတယ်၊ ၇ဦးသေတယ် ၆ဦး ဒဏ်ရာရတယ်၊ ကလေးနှစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး”လို့ သူကရှင်းပြပါတယ်။
 
ကားတိုက်မှုဖြစ်ရာကို လမိုင်းပရဟိတလူငယ်များအဖွဲ့ ၊ရွှေဟင်္သာလူမှုကူညီရေးအသင်း ၊လမိုင်းနာရေးကူညီမှုအသင်း၊အောင်မင်္ဂလာလူငယ် (ရေးမြို့)၊စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) တို့မှ ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
သေဆုံးသူတွေကတော့ ဦးမျိုးမြင့်၊ဒေါ်သန်းအေး၊ဒေါ်အုန်းကြည်၊ဒေါ်မီးဂန်း၊ဒေါ်ပဲ၀င်း၊ဒေါ်ဆန်းမြင့်၊ဒေါ်နီနီတို့ ဖြစ်တယ်လို့ ရေးမြို့နယ်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးကပြောပါတယ်။
 
ယာဥ်တိုက်မှုဖြစ်ပြီးနောက် သစ်လုံးတင်ယာဥ်မောင်းနှင်တဲ့ ယာဥ်မောင်းမှာ ထွက်ပြေးသွားပြီး ယာဥါနောက်လိုက်ကိုသာဖမ်းဆီးရမိခဲ့ကြောင်း လက်တလောမှာတော့ ရေးမြို့မရဲစခန်းက ဖမ်းဆီးအရေးယူဆောင်ရွက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #ရေး #ကထိန်ခင်းပြန်လာတဲ့ကား #သစ်တင်ကားတိုက် #ခုနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW