ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားလူဦးရေ ၃ ဒသမ ၄ သန်းခန့်ကို နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်ပေးဖို့ရှိ

နေပြည်တော် နိုဝင်ဘာ ၁၁-၂၀၂၁ KT(VOM)   နိုင်ငံသားအားလုံး နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရစေဖို့ဆိုပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ လုပ်ဆောင်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာ ၁၀ရက်နေ့ နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပြောကြားခဲ့တာဖြစ်ပါတယ်။   အခုလုပ်ဆောင်နေတဲ့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားလူဦးရေ ၃ ဒသမ ၄ သန်းခန့်ကို နိုင်ငံသားစိစစ်ရေးကတ်များ လုပ်ဆောင်ပေးသွားဖို့ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။   ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအတွက် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်လုပ်ဆောင်ပေးသည့် စီမံချက်များကို သမ္မတဦးသိန်းစိန် လက်ထပ်ကလည်း မိုးပွင့်စီမံချက်အမည်ဖြင့် နိုင်ငံသား လူဦးရေ ၈ ဒသမ ၃ သန်းကိုလည်းကောင်း။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း သစ္စာစီမံချက်ဖြင့် နိုင်ငံသားလူဦးရေ ၆…

Read More

ဆူဒန်အာဏာသိမ်းခေါင်ဆောင်က အုပ်ချုပ်ရေးကောင်စီခေါင်းဆောင်အဖြစ် သူ့ကိုယ်သူခန့်အပ်

ခါတွမ်၊ နို၀င်ဘာ-၁၂-၂၀၂၁ မျိုးဆက်(VOM)   ဆူဒန်အာဏာသိမ်းခေါင်းဆောင် အဗ္ဗဒယ်ဖတ်သာအယ်လ်ဘာဟန်ဟာ အုပ်ချုပ်ရေးကောင်စီသစ်ကို နို၀င်ဘာ ၁၁ ရက်မှာဖွဲ့စည်းလိုက်ပြီး ကောင်စီရဲ့ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူခန့်အပ်ပြီး ကျမ်းကျိန်လိုက်ပါတယ်။   အဖွဲ့၀င် ၁၄ ဦးပါ၀င်တဲ့ အဲဒီကောင်စီမှာ အရပ်သားတွေပါ၀င်ပေမယ့်လည်း အာဏာသိမ်းမှုမတိုင်မီ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံရေးညွှန့်ပေါင်းအဖွဲ့မှ ဘယ်သူမှပါ၀င်ခြင်းမရှိပါဘူး။   ဒီလိုဖွဲ့စည်းလိုက်တာဟာ အာဏာသိမ်းခြင်းကို ထပ်မံသက်တမ်းတိုးတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ဖြုတ်ချခံလိုက်ရတဲ့ ဆူဒန်ပြန်ကြားရေး၀န်ကြီး ဟမ်ဇားဘောလိုကပြောပါတယ်။   အာဏာသိမ်းမှုကို နောက်ပြန်ဆုတ်ဖို့ ပြည်တွင်းနဲ့နိုင်ငံတကာမှ ဖိအားတွေ နဲ့အာဏာသိမ်းစစ်အုပ်စု ရင်ဆိုင်နေရချိန်မှာ အုပ်ချုပ်ရေးကောင်စီသစ်ကို အခုလို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။   အာဏာသိမ်းခေါင်းဆောင်ရဲ့ တစ်ဘက်သတ်ကောင်စီဖွဲ့စည်းမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း နိုင်ငံပြန်လည်အုပ်ချုပ်နိုင်ဖို့ ပိုမိုခက်ခဲစေပြီး နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေ ပုံမှန်အတိုင်းပြန်လည်ရောက်ရှိရန်အတွက် အရေးပေါ်ညှိနှိုင်းအဖြေရှာရေးဖို့ ဆူဒန်ရှိ ကုလသမဂ္ဂအထူးသံတမန် ဗိုကာပါသီက တိုက်တွန်းထားပါတယ်။   Ref:BBC Photo:Getty Images #voiceofmyanmar…

Read More

အမေရိကန်သတင်းသမား Danny Fenster ကို ပုဒ်မ ၃ ခုအတွက် ထောင် ၁၁ နှစ်နဲ့ ငွေ ၁ သိန်းအမိန့်ချခံရ

နိုဝင်ဘာ ၁၂-၂၀၂၁ GH (VOM )   ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းက အမေရိကန်သတင်းသမား Danny Fenster ကို အင်းစိန်ထောင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ကျခံဖို့ ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမိန့်ချလိုက်တယ်လို့ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်ကပြောပါတယ်။   Danny Fensterကို အရင်ကစွဲဆိုထားတဲ့ အမှု ၃ မှုဖြစ်တဲ့ ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁) တို့အတွက် ထောင်ဒဏ် နဲ့ငွေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။   ” အရင်စွဲထားတဲ့ ပုဒ်မ ၃ ခုအတွက် အင်းစိန်ထောင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်နဲ့ငွေဒဏ် ၁…

Read More

ပြည်မြို့မှာ ဗုံးပေါက်မှုနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့

နိုဝင်ဘာ ၁၂-၂၀၂၁ GH ( VOM )   ပြည်မြို့ ၊ သရေခေတ္တရာ ပျူမြို့ဟောင်းထဲက မှော်ဇာမြို့မ အုပ်ချုပ်ရေးမှူးရုံးမှာ အစောင့်ကျနေတဲ့စစ်သားတွေနဲ့ အမည်မသိသူတို့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မနက်စောပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” ပစ်သံတွေရော ဗုံးပေါက်တာတွေရောဖြစ်တယ်။အုပ်ချုပ်ရေးမှူးရုံးမှာက စစ်သားတွေချထားတယ်။သူတို့နဲ့ပစ်ကြတာပေါ့။ ထိခိုက်မှုက pdf ဘက်ကတ ယောက်ထိပြီး သေတယ်၊ စစ်တပ်ဘက်ကလည်း ၃ ယောက်သေတယ် ၊တယောက်ဒဏ်ရာရတယ်လို့ အခုမနက်မှာကြားရတယ်။ စစ်ဆေးမှုကတော့ နေရာတိုင်းခုထိရှိတယ်။ ” လို့ မှော်ဇာဒေသခံတဦးကပြောပါတယ်။   ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာ အုပ်ချုပ်ရေးမှူး ရုံးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေကို စစ်တပ်က စစ်ဆေးတာ ၊ရှာဖွေတာတွေ လုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရတာမျိုးမကြားမိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။   လက်ရှိအချိန်မှာလည်း မှော်ဇာသွားရာလမ်းတလျှောက်မှာ စစ်ဆေးမှုတွေ တင်းကြပ်ထားသလို၊ ပြည်မြို့အဝင်နဲ့…

Read More

ကထိန်ခင်းပြီးပြန်လာတဲ့ကားကို သစ်လုံးတင်ကားကဝင်တိုက်ပြီး ၇ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၂-၂၀၂၁ KK(VOM)   ရေးမြို့နယ်၊ နှစ်ကရင်လမ်းဝမှာ မနေ့ နိုဝင်ဘာ ၁၁ရက် ညနေ ၃နာရီခွဲက Light Truk ကားတစ်စီးကို သစ်လုံးတင်ယာဥ်မှ ဖြတ်တိုက်ခဲ့ရာ ၇ဦးသေပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုရေးအသင်းတွေဆီက သိရပါတယ်။   ရန်ကုန်ကနေ ကထိန်ခင်းပြီး ထားဝယ်ကိုပြန်လာတဲ့ Light Trukကားကို သစ်လုံးတင်လာတဲ့ကားမှ ရေး-သံဖြူဇရပ်လမ်း နှစ်ကရင်လမ်းဝမှာ ခါးအလယ်ကဖြတ်တိုက်ခဲ့တာဖြစ်တယ်လို့ လမိုင်းလူငယ်ပရဟိတအဖွဲ့က တာဝန်ရှိသူတဦးက VOMကို ပြောပါတယ်။   “ကြားရတာကတော့ ခါးအလယ်ကနေ သစ်လုံးတင်တဲ့ယာဥ်က ဖြတ်တိုက်လိုက်တယ်လို့ ကြားတယ်၊ ၇ဦးသေတယ် ၆ဦး ဒဏ်ရာရတယ်၊ ကလေးနှစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး”လို့ သူကရှင်းပြပါတယ်။   ကားတိုက်မှုဖြစ်ရာကို လမိုင်းပရဟိတလူငယ်များအဖွဲ့ ၊ရွှေဟင်္သာလူမှုကူညီရေးအသင်း ၊လမိုင်းနာရေးကူညီမှုအသင်း၊အောင်မင်္ဂလာလူငယ် (ရေးမြို့)၊စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) တို့မှ ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှုမှာ ဦးဖြိုးမင်းသိန်းရဲ့ဇနီးဖြစ်သူ သက်သေလာထွက်ဆို

နိုဝင်ဘာ ၁၂-၂၀၂၁ KT(VOM)   နေပြည်တော်အထူးတရားရုံးမှာ ဒီကနေ့မနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ တရားစွဲဆိုထားတဲ့အမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်က သက်သေလာရောက်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူတယ်ဆိုပြီး အဂတိလိုက်စားမှုပုဒ်မနဲ့ တရားစွဲဆိုတာကို ဒေါ်ခင်မိမိကြွယ်က အခုလို သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   Photo- Crd #voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည် #အဂတ်ိအမှု #ဒေါ်ခင်မိမိကြွယ် #သက်သေထွက်

Read More

အရာတော်မြို့နယ်က အိမ်တလုံးထဲမှာ မိသားစုလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေ တွေ့ရ

နိုဝင်ဘာ ၊ ၁၂ -၂၀၂၁ Voice Of Myanmar (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရှောက္ခားကျေးရွာက လူနေအိမ်တလုံးထဲမှာ မနေ့ နိုဝင်ဘာ ၁၁ နေ့လယ်ပိုင်းက သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒေသခံရွာသားတွေက တွေ့ခဲ့ရတယ်လို့ ပြောပါတယ် ။   ” အလောင်းတွေ တွေ့ရတဲ့အိမ်က ဦးထွန်းရွှေရဲ့ အိမ်၊ အိမ်ထဲမှာက ၃ လောင်း ၊ သုံးဘီး ဆိုင်ကယ်အောက်က ၁ လောင်း ၊ အားလုံး ၄ လောင်းဖြစ်တယ် “လို့ ရှောက္ခားနယ်ခံတယောက်ကပြောပါတယ်။   အဲ့ဒီ ရုပ်အလောင်းတွေနဲ့ပတ်သက်လို့ စုံစမ်းသိရတာက အိမ်ရှင် ဦးထွန်းရွှေ အသက် ၄၅ နှစ် ၊ သူ့ရဲ့သားဖြစ်သူ ကိုအောင်နိုင် အသက် ၂၆ ဝန်းကျင် ၊…

Read More

NLDရဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထောင်ဒဏ် ၁၁နှစ်ချမှတ်

ရန်ကုန်၊နိုဝင်ဘာ ၁၂၊၂၀၂၁ KK(VOM)   တနလ်ာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မနေ့က ထားဝယ်အကျဥ်းထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၁နှစ် ချမှတ်ခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။   ဝန်ကြီးချုပ်ဟောင်းဦးမြင့်မောင် ကို ဖေဖော်ဝါရီ ၁ ရက်တွင်ဖမ်းဆီးခဲ့ပြီးနေအိမ်အကျယ်ချုပ်ထားရာကနေ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထပ်မံဖမ်းဆီးသွားပြီး ၁၈ ရက်နေ့မှာ ထားဝယ်မြို့ရဲစခန်းမှာ ပုဒ်မ ၅၀၅ ( ခ )နဲ့အမှုဖွင့်စတင်ဖွင့်ခဲ့တာဖြစ်တယ်လို့ NLD ပါတီဝင်တစ်ဦး က ပြောပါတယ်။   “အရင်ဆုံး ၅၀၅နဲ့ဖွင့်တယ် ပြီးတော့ ကိုဗစ်ဥပဒေနဲ့ဖွင့်တယ် နောက်တော့ ပုဒ်မ ၄၀၉နဲ့ ဖွင့်တယ် အဲ့အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁ နှစ်ချလိုက်တာ ဖြစ်မယ်”လို့ ပြောပါတယ်။   ထားဝယ်အကျဥ်းထောင် အထူးတရားရုံးမှာ ဝန်ကြီးချုပ်ဦးမြင့်မောင်ကို ရာဇသတ်ကြီးပုဒ်မ-၄၀၉ ဖြင့်ထောင်ဒဏ် ၇ နှစ် ၊…

Read More
VOM News

FREE
VIEW