NLDရဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထောင်ဒဏ် ၁၁နှစ်ချမှတ်

ရန်ကုန်၊နိုဝင်ဘာ ၁၂၊၂၀၂၁
KK(VOM)
 
တနလ်ာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မနေ့က ထားဝယ်အကျဥ်းထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၁နှစ် ချမှတ်ခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။
 
ဝန်ကြီးချုပ်ဟောင်းဦးမြင့်မောင် ကို ဖေဖော်ဝါရီ ၁ ရက်တွင်ဖမ်းဆီးခဲ့ပြီးနေအိမ်အကျယ်ချုပ်ထားရာကနေ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထပ်မံဖမ်းဆီးသွားပြီး ၁၈ ရက်နေ့မှာ ထားဝယ်မြို့ရဲစခန်းမှာ ပုဒ်မ ၅၀၅ ( ခ )နဲ့အမှုဖွင့်စတင်ဖွင့်ခဲ့တာဖြစ်တယ်လို့ NLD ပါတီဝင်တစ်ဦး
က ပြောပါတယ်။
 
“အရင်ဆုံး ၅၀၅နဲ့ဖွင့်တယ် ပြီးတော့ ကိုဗစ်ဥပဒေနဲ့ဖွင့်တယ် နောက်တော့ ပုဒ်မ ၄၀၉နဲ့ ဖွင့်တယ် အဲ့အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁
နှစ်ချလိုက်တာ ဖြစ်မယ်”လို့ ပြောပါတယ်။
 
ထားဝယ်အကျဥ်းထောင် အထူးတရားရုံးမှာ ဝန်ကြီးချုပ်ဦးမြင့်မောင်ကို ရာဇသတ်ကြီးပုဒ်မ-၄၀၉ ဖြင့်ထောင်ဒဏ် ၇ နှစ် ၊
ပုဒ်မ ၅၀၅(ခ) ဖြင့်ထောင်ဒဏ် ၂ နှစ်၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့်ထောင်ဒဏ်၂ နှစ် ကျခံရန်အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရှေနေတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ရက်ကလည်း ကရင်ပြည်နယ်ဝန်ကြီးဟောင်းဒေါ်နန်းခင်ထွေးမြင့်ကို အမှု၅မှုအတွက် ထောင်ဒဏ် ၇၅နှစ်၊ ပြည်
နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်ကို အမှု၆မှုအတွက် ထောင်ဒဏ် ၉၀နှစ် ချမှတ်ခဲ့ပါသေးတယ်။
 
အလားတူ အောက်တိုဘာလ ၂၉ရက်ကလည်း NLD ပါတီရဲ့ သဘာပတိတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကို နေပြည်တော်တရားရုံးက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ အလုပ်နဲ့ထောင်ဒဏ်၂၀ နှစ်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #တနင်္သာရီဝန်ကြီးချုပ် #ဦးမြင့်မောင်

Related posts

Leave a Comment

VOM News

FREE
VIEW