ပြည်မြို့မှာ ဗုံးပေါက်မှုနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့

နိုဝင်ဘာ ၁၂-၂၀၂၁
GH ( VOM )
 
ပြည်မြို့ ၊ သရေခေတ္တရာ ပျူမြို့ဟောင်းထဲက မှော်ဇာမြို့မ အုပ်ချုပ်ရေးမှူးရုံးမှာ အစောင့်ကျနေတဲ့စစ်သားတွေနဲ့ အမည်မသိသူတို့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မနက်စောပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” ပစ်သံတွေရော ဗုံးပေါက်တာတွေရောဖြစ်တယ်။အုပ်ချုပ်ရေးမှူးရုံးမှာက စစ်သားတွေချထားတယ်။သူတို့နဲ့ပစ်ကြတာပေါ့။ ထိခိုက်မှုက pdf ဘက်ကတ ယောက်ထိပြီး သေတယ်၊ စစ်တပ်ဘက်ကလည်း ၃ ယောက်သေတယ် ၊တယောက်ဒဏ်ရာရတယ်လို့ အခုမနက်မှာကြားရတယ်။ စစ်ဆေးမှုကတော့ နေရာတိုင်းခုထိရှိတယ်။ ” လို့ မှော်ဇာဒေသခံတဦးကပြောပါတယ်။
 
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာ အုပ်ချုပ်ရေးမှူး ရုံးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေကို စစ်တပ်က စစ်ဆေးတာ ၊ရှာဖွေတာတွေ လုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရတာမျိုးမကြားမိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
 
လက်ရှိအချိန်မှာလည်း မှော်ဇာသွားရာလမ်းတလျှောက်မှာ စစ်ဆေးမှုတွေ တင်းကြပ်ထားသလို၊ ပြည်မြို့အဝင်နဲ့ မြို့တွင်းမှာလည်း စစ်ဆေးမှုတွေတင်းကြပ်ထားပြီး ဆိုင်ကယ်တွေကို အဓိကစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မှော်ဇာအုပ်ချုပ်ရေးမှူးရုံးဖြစ်စဉ်ဟာ Pyay pdf ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF က လူမှုကွန်ရက်မှာထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
 
မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ညနေပိုင်းကလည်း ပြည်မြို့၊ အမှတ်၁ ရဲစခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဲ့ဒီ ပေါက်ကွဲမှုကို PUGF အဖွဲ့ ၃ က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ကြေညာထားတာကို တွေ့ရပါတယ်။
 
ပြည်မြို့မှာ ပြီးခဲ့တဲ့လတွေကလည်း အုပ်ချုပ်ရေးမှူး ရုံး ပေါက်ကွဲမှု ၊မီတာရုံးဗုံးပေါက်မှု၊ စစ်ဆေးရေးဂိတ်ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပြီး သေဆုံးသူတွေရှိခဲ့တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ပြည် #ပစ်ခတ်ပေါက်ကွဲ #နှစ်ဖက်ကျဆုံးမှုရှိ

Related posts

Leave a Comment

VOM News

FREE
VIEW