ဆူဒန်အာဏာသိမ်းခေါင်ဆောင်က အုပ်ချုပ်ရေးကောင်စီခေါင်းဆောင်အဖြစ် သူ့ကိုယ်သူခန့်အပ်

ခါတွမ်၊ နို၀င်ဘာ-၁၂-၂၀၂၁
မျိုးဆက်(VOM)
 
ဆူဒန်အာဏာသိမ်းခေါင်းဆောင် အဗ္ဗဒယ်ဖတ်သာအယ်လ်ဘာဟန်ဟာ အုပ်ချုပ်ရေးကောင်စီသစ်ကို နို၀င်ဘာ ၁၁ ရက်မှာဖွဲ့စည်းလိုက်ပြီး ကောင်စီရဲ့ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူခန့်အပ်ပြီး ကျမ်းကျိန်လိုက်ပါတယ်။
 
အဖွဲ့၀င် ၁၄ ဦးပါ၀င်တဲ့ အဲဒီကောင်စီမှာ အရပ်သားတွေပါ၀င်ပေမယ့်လည်း အာဏာသိမ်းမှုမတိုင်မီ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံရေးညွှန့်ပေါင်းအဖွဲ့မှ ဘယ်သူမှပါ၀င်ခြင်းမရှိပါဘူး။
 
ဒီလိုဖွဲ့စည်းလိုက်တာဟာ အာဏာသိမ်းခြင်းကို ထပ်မံသက်တမ်းတိုးတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ ဖြုတ်ချခံလိုက်ရတဲ့ ဆူဒန်ပြန်ကြားရေး၀န်ကြီး ဟမ်ဇားဘောလိုကပြောပါတယ်။
 
အာဏာသိမ်းမှုကို နောက်ပြန်ဆုတ်ဖို့ ပြည်တွင်းနဲ့နိုင်ငံတကာမှ ဖိအားတွေ နဲ့အာဏာသိမ်းစစ်အုပ်စု ရင်ဆိုင်နေရချိန်မှာ အုပ်ချုပ်ရေးကောင်စီသစ်ကို အခုလို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
 
အာဏာသိမ်းခေါင်းဆောင်ရဲ့ တစ်ဘက်သတ်ကောင်စီဖွဲ့စည်းမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း နိုင်ငံပြန်လည်အုပ်ချုပ်နိုင်ဖို့ ပိုမိုခက်ခဲစေပြီး နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေ ပုံမှန်အတိုင်းပြန်လည်ရောက်ရှိရန်အတွက် အရေးပေါ်ညှိနှိုင်းအဖြေရှာရေးဖို့ ဆူဒန်ရှိ ကုလသမဂ္ဂအထူးသံတမန် ဗိုကာပါသီက တိုက်တွန်းထားပါတယ်။
 
Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW