ရန်ကုန်-စစ်တွေကားလမ်းမှာ ဘုရားဖူးကား ချောက်ထဲပြုတ်ကျလို့ ၂ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

နိုဝင်ဘာ ၁၅-၂၀၂၁
GH (VOM )
 
ရခိုင်ပြည်နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမှာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်၂ နာရီလောက်က ဘုရားဖူး Light Truck ကားတစီး ချောက်ထဲပြုတ်ကျခဲ့လို့ ၂ ဦးသေဆုံးပြီး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
ယာဉ်တိမ်းမှောက်မှုမှာ သေဆုံးသူ အမျိုးသမီး ၂ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးကို ကျောက်တော်မြို့နယ်ပြည်သူ့ဆေး ရုံကိုပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာတွေကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
 
” ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၄၀၈ နဲ့ ၄၀၉ ကြားမှာ ဖြစ်တာပါ။ကားက ကန်စောက်တောင်ကို တက်နေချိန် ဂီယာမထိန်းနိုင်ဘဲ လမ်းရဲ့ ညာဘက်က ပေ ၆၀ လောက်နက်တဲ့ ချောက်ထဲကို နောက်ပြန်ပြုတ်ကျသွားတာ။ ကျနော်တို့လည်းသတင်းရရခြင်း ကယ်ဆယ်ရေးသွားပြီး ဆောင်ရွက်ခဲ့တာပဲ ၊ ဒဏ်ရာရတာက အမျိုးသား ၄ ဦး၊အမျိုးသမီး ၁၀ ဦး ဖြစ်တယ်”လို့ ကျောက်တော်မြို့နယ်မီးသတ်အဖွဲ့ဝင်တဦးကပြောပါတယ်။
 
ဘုရားဖူးကားဟာ ပုဏ္ဏားကျွန်းကနေ မင်းပြားကို ပြန်လာတာဖြစ်ပြီး ၊ကားပေါ်မှာ ကျား(၄)ဦး၊ မ(၁၂)ဦး စုစုပေါင်း(၁၆)ဦး လိုက်ပါလာတာဖြစ်တယ်လို့ သိရပါတယ်။
 
ယာဉ်တိမ်းမှောက်မှုကို ကျောက်တော်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်စစ်တွေ #ဘုရားဖူးကားမှောက် #၂ဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW