တိုက်ပွဲတွေ ဆက်တိုက်ဖြစ်‌ပေါ်နေတဲ့ ကလေးမြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေနဲ့ဈေးသည်တွေ အခက်အခဲများစွာကြုံတွေ့နေ

နိုဝင်ဘာ ၂၄-၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးတဲ့တောင်သူတွေ အများအပြားရှိနေသလို မြို့ပေါ်ဈေးတွေနဲ့ ကျေးရွာတွေအထိ လိုက်လံရောင်းချနေတဲ့ ဈေးသည်တွေလည်း အများအပြားရှိနေပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး စစ်ကိုင်းတိုင်းအတွင်းမှာရှိနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို ချေမှုန်းဖို့ စစ်တပ်ကအနော်ရထာစစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းအတွင်း နေရာတော်တော်များများမှာ တိုက်ပွဲတွေပြင်းထန်နေကြောင့် ကလေးမြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူတွေဟာ အမြဲတမ်းလိုလို စစ်ဘေးရှောင်‌နေရတာ‌ကြောင့် ရာသီပေါ်သီးနှံတွေ ပုံမှန်စိုက်ပျိုးနိုင်ခြင်းမရှိကြဘူးလို့ တောင်သူတဦးကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအသွားအလာအခက်အခဲတွေ‌ကြောင့် ‌ကျေးရွာအနှံ့လိုက်လံဈေးရောင်းချနေတဲ့ ဈေးသည်တွေမှာလည်း ဈေးရောင်းတဲ့နေရာမှာ အခက်အခဲတွေရှိနေပြီး ရေရှည်မှာဆိုရင် စားဝတ်နေရေးအတွက် အငတ်ဘေးကြုံလာနိုင်တယ်လို့ ဈေးသည်တဦးကဆိုပါတယ်။

ဒါကြောင့် ဒီဒေသက တောင်သူတွေရော ဈေးသည်တွေကပါ နိုင်ငံရေးအကျပ်အတည်းတွေ အမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ကိုမျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကလေး #တိုက်ပွဲ #စိုက်ပျိုးတောင်သူ #ဈေးသည် #အခက်ကြုံ

Youtube Link – https://youtu.be/TfU9Fj0zadA

Related posts

VOM News

FREE
VIEW