တောင်ကိုရီးယား စစ်အာဏာရှင်သမ္မတဟောင်း ချန်ဒူး၀မ် ကွယ်လွန်

ဆိုးလ်၊ နို၀င်ဘာ-၂၃
မျိုးဆက်(VOM)
 
တောင်ကိုရီးယားစစ်အာဏာရှင်သမ္မတဟောင်း ချန်ဒူး၀မ် အသက် ၉၀ နှစ်ဟာ နို၀င်ဘာ ၂၃ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ ရိုးတွင်းချဉ်ဆီကင်ဆာရောဂါနဲ့ ဆိုးမြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
 
သူဟာ သမ္မတဟောင်း ပတ်ချုံဟီး လုပ်ကြံခံရပြီးနောက် ၁၉၇၉ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး အတိုက်အခံတွေကို အကြီးအကျယ်နှိမ်နှင်းခဲ့သူဖြစ်ပါတယ်။
 
၁၉၉၈ ခုနှစ်မှာ ရာထူးမှဆင်းပေးခဲ့ရတဲ့ လူထုအုံကြွမှုမတိုင်မီတွင် အတိုက်အခံများကို အကြီးအကျယ် ဖိနှိပ်ဖြိုခွင်းခဲ့သူဖြစ်ပြီး ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ နိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်။
 
စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ချန်ဒူး၀မ်ဟာ ၁၉၈၀ ခုနှစ်မှာ သူ့ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဂွမ်ဂျူးမြို့ ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒပြပွဲမှာ လူအများအပြားကို သတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့သူအဖြစ် လူသိများပါတယ်။
 
အဲဒီဖြစ်စဉ်မှာ သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ၂၀၀ ကျော်ရှိကြောင်း တရား၀င်ထုတ်ပြန်ထားပေမယ့်လည်း အမှန်တကယ်အရေအတွက် ပိုမိုများပြားကြောင်း တက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။
 
ချန်ဒူး၀မ်ကို ၁၉၉၆ ခုနှစ်မှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရပြီး ဒီပြစ်ဒဏ်ဟာ ဂွမ်ဂျူးမြို့ဖြစ်စဉ်တွေနဲ့လည်း တစိတ်တပိုင်းဆက်နွယ်နေကာ နောက်ပိုင်းမှာတော့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
 
Ref: CNA
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW