ဒီပဲယင်းနယ်မှာ ပရဟိတသမား ၃ ဦးရဲ့အလောင်းကို လယ်ကွင်းထဲမှာတွေ့

ဒီဇင်ဘာ ၊ ၁၅ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ မှန်သာကျေးရွာနားက လယ်ကွင်းထဲမှာ ဒီမနက်အစောပိုင်းက ကောက်ပင်တွေနဲ့ ဖုံးဖိထားတဲ့ ပရဟိတသမား ၃ ဦးရဲ့ အလောင်းတွေကို ရွာသားတွေက တွေ့ခဲ့ရတယ်လို့ မှန်သာရွာသားတချို့ဆီက သိရပါတယ်။
 
” သေဆုံးသူတွေက ကိုဇော်မျိုးဦး (ခေါ် )ကိုညိုလုံး ၊ ကိုဇော်ဇော်အောင် ၊ ကိုထိန်လင်း သူတို့ ၃ ယောက်ဖြစ်တယ် ၊ အသက်ကတော့ ၃၀ ဝန်းကျင်လောက်နေမှာ ၊ ဦးခေါင်း ကျည်ဆံထိမှန် သေဆုံးနေတာပါ ၊ သူတို့က နယ်ခံပရဟိတသမားတွေဖြစ်ကြပြီး ၃ လောင်းစလုံးကို စပါးကောက်ပင်တွေနဲ့ ဖုံးဖိထားတာ၊ သူတို့ကို ဘယ်သူတွေက ပစ်သတ်သွားတယ်ဆိုတာ မသိဘူး ၊ မနေ့ကတော့ ရွာဘက်ကို စစ်သားတွေ ရောက်လာတာတော့ ရှိတယ် ” “လို့ သေဆုံးသူတွေနဲ့ရင်းနှီးသူ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။
 
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီပဲယင်းမြို့နယ်ရဲ့ ခရိုင်ဖြစ်တဲ့ ရွှေဘိုမြို့နယ်၊ ကျားရွာနားက မူးမြစ်ဘေးက တဲ ၁ လုံးမှာ ၈ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဒီပဲယင်း #ပရာဟ်ိတသမားသုံးဦး #သေဆုံးလျက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW