ဒီပဲယင်းနယ်မှာ ပရဟိတသမား ၃ ဦးရဲ့အလောင်းကို လယ်ကွင်းထဲမှာတွေ့

ဒီဇင်ဘာ ၊ ၁၅ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ မှန်သာကျေးရွာနားက လယ်ကွင်းထဲမှာ ဒီမနက်အစောပိုင်းက ကောက်ပင်တွေနဲ့ ဖုံးဖိထားတဲ့ ပရဟိတသမား ၃ ဦးရဲ့ အလောင်းတွေကို ရွာသားတွေက တွေ့ခဲ့ရတယ်လို့ မှန်သာရွာသားတချို့ဆီက သိရပါတယ်။   ” သေဆုံးသူတွေက ကိုဇော်မျိုးဦး (ခေါ် )ကိုညိုလုံး ၊ ကိုဇော်ဇော်အောင် ၊ ကိုထိန်လင်း သူတို့ ၃ ယောက်ဖြစ်တယ် ၊ အသက်ကတော့ ၃၀ ဝန်းကျင်လောက်နေမှာ ၊ ဦးခေါင်း ကျည်ဆံထိမှန် သေဆုံးနေတာပါ ၊ သူတို့က နယ်ခံပရဟိတသမားတွေဖြစ်ကြပြီး ၃ လောင်းစလုံးကို စပါးကောက်ပင်တွေနဲ့ ဖုံးဖိထားတာ၊ သူတို့ကို ဘယ်သူတွေက ပစ်သတ်သွားတယ်ဆိုတာ မသိဘူး ၊ မနေ့ကတော့…

Read More

ဟောင်ကောင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာမီးလောင်မှု လူ ၁၀၀ ကျော်ပိတ်မိနေ

ဟောင်ကောင်၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   ဟောင်ကောင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ဒီနေ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ခေါင်မိုးထပ်မှာ လူ ၁၀၀ ကျော်ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားတွေကို စောင့်နေကြပါတယ်။   မီးလောင်မှုကြောင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သူတို့ကို ဆေးရုံပို့ထားတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုပါတယ်။   အဆာက်အဦကိုမွန်းမံမှုတွေပြုလုပ်နေတာဖြစ်ပြီး မီးဟာ စက်မှုဆိုင်ရာအခန်းကနေစတင်လောင်ကျွမ်းပြီးနောက် အခြားနေရာကိုပါ ကူးစက်ခဲ့တာဖြစ်ပါတယ်။   ဖြစ်စဉ်ကြောင့် လူသေဆုံးမှုမရှိဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒဏ်ရာရရှိသူရှစ်ဦးဟာ အသက် ၃၁ နှစ်ကနေ ၇၂ ကြားအရွယ်တွေဖြစ်ပါတယ်။   လက်ရှိချိန်ထိ လူ ၁၅၀ ကျော်ကို ကယ်တင်ပြီးဖြစ်ကြောင်း အာဏာပိုင်တွေကပြောပါတယ်။ မီးလောင်မှုကို အဆင့်သုံးသတ်မှတ်ခဲ့ပြီး အဆင့်ငါးကတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်။   အထပ် ၃၈ ထပ်ရှိ ဟောင်ကောင်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာဟာ Gloucester လမ်းမှာတည်ရှိပြီး မီးလောင်မှုကိုတော့ နေ့လယ်စာစားချိန်မှာ…

Read More

ပင်လည်ဘူးနယ်ကိုသွားတဲ့ကားတစီး လမ်းမှာမိုင်းနင်းမိလို့ လူ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၅ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝန်ကြီးကျေးရွာအုပ်စု ၊ ၈ မိုင်ရပ်အနီး ဝန်းသို ပင်လည်ဘူးကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ကား ၁ စီး မိုင်းနင်းမိပေါက်ကွဲလို့ ကားပေါ်ပါ ခရီးသည် လူ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဝန်းသိုဆေးရုံအသိုင်းအဝိုင်းဆီက သိရပါတယ်။   ” မိုင်းနင်းမိတဲ့ကားက ပင်လည်ဘူးနယ်ဘက်ကို စပါးသွားဝယ်မယ့် ကားဖြစ်တယ် ၊ ဝန်းသိုမြို့စော်ဘွားကြီးရပ်က ကိုစိုးမိုးဝင်း ၊ ဒေါ်ဇာခြည် ၊ ဝန်းသိုမြို့နယ် အာမခံကျေးရွာ ကိုအောင်အောင် ၊ စောအောင်ဆန်း၊ ဦးစိုးသူရ တို့ ၅ ယောက် ပြင်းထန်ဒဏ်ရာရတယ် ၊…

Read More

ဇီးကုန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦး သေနတ်နဲ့ပစ်သတ်ခံရ

ဒီဇင်ဘာ ၁၅-၂၀၂၁ KK(VOM)   ဇီးကုန်းမြို့နယ် ထန်းတပင်ကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၄ရက် ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဇီးကုန်းမြို့နယ်၊ မှော်ရအုပ်စု၊ ထန်းတပင်ကျေးရွာမှာ မနေ့ည ၉နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တဦးတို့ကို အမည်မသိသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မှော်ရကျေးရွာနေသူတဦးက ပြောပါတယ်။   “နေအိမ်မှာ လာပစ်တာ အုပ်ချုပ်ရေးမှူးက မျက်လုံးမှာဒဏ်ရာတွေနဲ့ သူနဲ့မလှမ်းမကမ်း ရွာလယ်လမ်းမှာလည်း ရဲတဦးသေနေတယ်”လို့ သူကပြောပါတယ်။   သေဆုံးသူဟာ ထန်းတပင်ကျေးရွာ၊ မှော်ရအုပ်ချုပ်ရေးမှူး ဦးတင်ငွေဆိုသူဖြစ်ပြီး ရဲတဦးကတော့ အမည်မသိဘူးလို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။   လက်တလောမှာ ထန်းတပင်ကျေးရွာ၊ မှော်ရကျေးရွာအုပ်စုအတွင်း စစ်တပ်နဲ့ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ရက် ညပိုင်းကလည်း…

Read More

ကွတ်ခိုင်မြို့နယ် ပြည့်သူ့ဆေးရုံအုပ် သေနတ်နဲ့ပစ်သတ်ခံရ

ဒီဇင်ဘာ ၁၅-၂၀၂၁ Shy V (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်ဟာ မနေ့ ဒီဇင်ဘာ ၁၄ ရက် ည ၇ နာရီဝန်းကျင်ခန့်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။   ဒီဇင်ဘာ ၁၄ ရက်နေ့က တာမိုးညဲနဲ့ မုံးစီးဘက်ကို ကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ရာကနေ ပြန်လာတဲ့လမ်း မော်ဟန်ရွာနဲ့ ကွတ်ခိုင်ကြား နောင်ချိုရွာနားမှာ ကားတားပြီး ပစ်သတ်ခံရတာဖြစ်တယ်လို့ သ်ိရပါတယ်။   “ကားပေါ်က ဆင်းခိုင်းတယ်။ ဒူးထောက်ခိုင်းပြီး ခေါင်းငုံ့ခိုင်းထားတယ်။ သူ့ကိုပဲ ပစ်သွားတာ ကျန်တဲ့ သူတွေကို မော်ဟန်ဘက် ကားရော လူရော ပြန်လှည့်ခိုင်းတယ်။” လို့ အမည်မဖော်လိုသူ ၁ ဦးက ပြောပါတယ်။   သေဆုံးသွားသူ ဒေါက်တာဝင့်ဝင့်မြိုင်အပါအဝင်…

Read More

မြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေရှာဖွေနေတယ်လို့ အမေရိကန်ပြော

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   မြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေကို ရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မြန်မာစစ်ဘက်ကို ဖိအားပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ရနိုင်သမျှနည်းလမ်းတွေကို ရှာဖွေနေတယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမျာ ဘလင်ကင်က ဆိုပါတယ်။   ဒါ့အပြင် ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာနိုင်ငံရဲ့လုပ်ဆောင်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ တံဆိပ်ကပ် သတ်မှတ်သင့်လားဆိုတာကိုလည်း အမေရိကန်က တက်ကြွစာစောင့်ကြည့်နေတယ်လို့ သူကဆိုပါတယ်။   ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာတော့ မြန်မာစစ်ဘက်ရဲ့ ထိပ်တန်းတာ၀န်ရှိသူတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူနည်းစုအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် စုံးစမ်းစစ်ဆေးပြီး တရားစွဲသင့်တယ်လို့ ဖော်ပြထားပါတယ်။   မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဟာ ၀င်ရောက်မစွက်ဖက်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားပေမယ့် ဥပေက္ခာမပြုတဲ့ မူဝါဒကိုလည်း ကျင့်သုံးသင့်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေး၀န်ကြီး Saifuddin ကလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။   Ref:…

Read More

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးကို ခန့်အပ်

ဖနွမ်းပင်၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကိုခန့်အပ်လိုက်ကြောင်း ၀န်ကြီးချုပ်ဟွန်ဆန်က ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌနေရာကို တာ၀န်ယူရမှာဖြစ်ပါတယ်။ ခန့်အပ်လိုက်တဲ့ အထူးသံတမန် Prak Sokhonn ဟာ အာဆီယံအဖွဲ့ရဲ့ လက်ရှိသံတမန်ဖြစ်တဲ့ ဘရူနိုင်းဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof နေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။   အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် နိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကိုခန့်အပ်ကြောင်းအတည်ပြုပြောကြားလိုတယ်လို့ ဖနွမ်းပင်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။   မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေအကြား ဧပြီလအတွင်းကရရှိခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် အထူးသံတမန်ကို တာ၀န်ပေးထားပါတယ်။   ဒီအတောအတွင်းမှာ…

Read More

တရုတ်-မြန်မာနယ်စပ်မှာ ယွမ် ၊ကျပ် တိုက်ရိုက်ပေးချေခွင့်ပြုလိုက်သလို ၊နယ်စပ်ဂိတ်တွေလည်း ပြန်ဖွင့်ဖို့လိုအပ်

ဒီဇင်ဘာ ၁၅-၂၀၂၁ Shy V + GH (VOM )   တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်တဲ့အခါ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေခွင့်ပြုလိုက်ကြောင်း မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။   အခုလို နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်တာဟာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ဖို့၊ နှစ်နိုင်ငံငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေဖို့အပါအဝင် ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။   အခုလိုခွင့်ပြုလိုက်ပေမယ့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲမှာက ကျင်စန်းကျော့ဂိတ်တခုသာ ပြန်ဖွင့်ပြီး ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ရရှိနေသေးတာကြောင့် နှစ်နိုင်ငံကုန်သွယ်ခွင့်က နှေးကွေးနေပြီး ကြန့်ကြာမှုတွေရှိနေသေးတဲ့အတွက် နယ်စပ်ဂိတ်အားလုံးပြန်ဖွင့်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။   ” ယွမ် ကျပ်တိုက်ရိုက်အသုံးပြူခွင့်ပေးတာကတော့ ကောင်းတယ်။အဲ့လိုပဲ နယ်စပ်ဂိတ်တွေလည်းပြန်ဖွင့်စေချင်ပြီ၊ဒါမှ အားလုံးကအဆင်ပြေမယ်၊အဲ့လိုမဟုတ်ဘဲ တခုထဲကွက်လုပ်နေလို့အဆင်မပြေဘူး ”…

Read More

အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် မကြုံစဖူးနှုန်းနဲ့ ကူးစက်နေတယ်လို့ WHO သတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကမ္ဘာတ၀န်းမှာ မကြုံစဖူးသောနှုန်းနဲ့ ကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   မျိုးရိုးဗီဇကြိမ်ဖန်များစွာ ပြောင်းလဲထားတဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပါတယ်။   ဒါပေမယ့် အတည်ပြုခြင်းမရှိတဲ့ အခြားနိုင်ငံတွေမှလည်း ကူးစက်မှုတွေရှိနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကိုင်တွယ်ဖို့လုံလောက်မှုမရှိသေးတဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့သူကဆိုပါတယ်။   ဗိုင်းရပ်စ်ဟာ ပြင်းထန်ရောဂါလက္ခဏာကို ခံစားရဖွယ်မရှိပေမယ့် ကူးစက်မှုတွေပြားလာပါက ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ကျန်းမာရေးစနစ်တွေ နောက်တစ်ကြိမ်ပြိုလဲသွားနိုင်ကြောင်း သူကပြောပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်ကို တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာလအတွင်းက စတင်တွေ့ရှိခဲ့ပြီး အဲဒီနောက်မှာတော့ နိုင်ငံတွင်းမှာ ကူးစက်မှုတွေမြင့်တက်ခဲ့ပါတယ်။   လက်ရှိမှာတော့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာဟာ…

Read More
VOM News

FREE
VIEW