ဇီးကုန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦး သေနတ်နဲ့ပစ်သတ်ခံရ

ဒီဇင်ဘာ ၁၅-၂၀၂၁
KK(VOM)
 
ဇီးကုန်းမြို့နယ် ထန်းတပင်ကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၄ရက် ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဇီးကုန်းမြို့နယ်၊ မှော်ရအုပ်စု၊ ထန်းတပင်ကျေးရွာမှာ မနေ့ည ၉နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တဦးတို့ကို အမည်မသိသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မှော်ရကျေးရွာနေသူတဦးက ပြောပါတယ်။
 
“နေအိမ်မှာ လာပစ်တာ အုပ်ချုပ်ရေးမှူးက မျက်လုံးမှာဒဏ်ရာတွေနဲ့ သူနဲ့မလှမ်းမကမ်း ရွာလယ်လမ်းမှာလည်း ရဲတဦးသေနေတယ်”လို့ သူကပြောပါတယ်။
 
သေဆုံးသူဟာ ထန်းတပင်ကျေးရွာ၊ မှော်ရအုပ်ချုပ်ရေးမှူး ဦးတင်ငွေဆိုသူဖြစ်ပြီး ရဲတဦးကတော့ အမည်မသိဘူးလို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
 
လက်တလောမှာ ထန်းတပင်ကျေးရွာ၊ မှော်ရကျေးရွာအုပ်စုအတွင်း စစ်တပ်နဲ့ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ရက် ညပိုင်းကလည်း ဇီးကုန်းမြို့နယ်မှာ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီး ရဲနှစ်ဦးသေဆုံးကာ ၂ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
 
ဒါ့အပြင် ကြို့ပင်ကောက်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ကျွဲဘီရဲကင်း မီးလောင်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဇီးကုန်း #အုပ်ချုပ်ရေးမှူး #ရဲတဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW