မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးကို ခန့်အပ်

ဖနွမ်းပင်၊ ဒီဇင်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကိုခန့်အပ်လိုက်ကြောင်း ၀န်ကြီးချုပ်ဟွန်ဆန်က ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌနေရာကို တာ၀န်ယူရမှာဖြစ်ပါတယ်။ ခန့်အပ်လိုက်တဲ့ အထူးသံတမန် Prak Sokhonn ဟာ အာဆီယံအဖွဲ့ရဲ့ လက်ရှိသံတမန်ဖြစ်တဲ့ ဘရူနိုင်းဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof နေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။
 
အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် နိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကိုခန့်အပ်ကြောင်းအတည်ပြုပြောကြားလိုတယ်လို့ ဖနွမ်းပင်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေအကြား ဧပြီလအတွင်းကရရှိခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် အထူးသံတမန်ကို တာ၀န်ပေးထားပါတယ်။
 
ဒီအတောအတွင်းမှာ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ဟာ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တို့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။
 
၂၀၂၂ ခုနှစ်အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ အာဆီယံအဖွဲ့ကို စည်းလုံးညီညွှတ်တဲ့ အသိုက်အ၀န်းဖြစ်ဖို့ ဒီထက်ပိုလုပ်ဆောင်သွားမယ်လို့ ဟွန်ဆန်က ပြောဆိုထားပါတယ်။
 
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

✕
VOM News

FREE
VIEW