အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် မကြုံစဖူးနှုန်းနဲ့ ကူးစက်နေတယ်လို့ WHO သတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကမ္ဘာတ၀န်းမှာ မကြုံစဖူးသောနှုန်းနဲ့ ကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
 
မျိုးရိုးဗီဇကြိမ်ဖန်များစွာ ပြောင်းလဲထားတဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပါတယ်။
 
ဒါပေမယ့် အတည်ပြုခြင်းမရှိတဲ့ အခြားနိုင်ငံတွေမှလည်း ကူးစက်မှုတွေရှိနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကိုင်တွယ်ဖို့လုံလောက်မှုမရှိသေးတဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့သူကဆိုပါတယ်။
 
ဗိုင်းရပ်စ်ဟာ ပြင်းထန်ရောဂါလက္ခဏာကို ခံစားရဖွယ်မရှိပေမယ့် ကူးစက်မှုတွေပြားလာပါက ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ကျန်းမာရေးစနစ်တွေ နောက်တစ်ကြိမ်ပြိုလဲသွားနိုင်ကြောင်း သူကပြောပါတယ်။
 
အိုမီခရွန်ဗိုင်းရပ်စ်ကို တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာလအတွင်းက စတင်တွေ့ရှိခဲ့ပြီး အဲဒီနောက်မှာတော့ နိုင်ငံတွင်းမှာ ကူးစက်မှုတွေမြင့်တက်ခဲ့ပါတယ်။
 
လက်ရှိမှာတော့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာဟာ လည်း ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး အပျော့စားရောဂါလက္ခဏာတွေခံစားနေရပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW