ကိုဗစ်ကြောင့် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင် ထိုင်းခရီးစဉ်ဖျက်သိမ်း

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၆-၂၀၂၁
မျိုးဆက်(VOM)
 
အရှေ့တောင်အာရှခရီးစဉ်လာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ အတူလိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့၀င်တစ်ဦး ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရတာကြောင့် ထိုင်းနိုင်ငံကို သွားရောက်မှာမဟုတ်တော့ဘဲ အမေရိကန်ကို လှည့်ပြန်တော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၁၅ရက်မှာပြောပါတယ်။
 
နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ ထိုင်းနိုင်ငံ တာ၀န်ရှိသူတွေကို ဒီဇင်ဘာ ၁၆ရက်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အန္တရာယ်များတာကြောင့် ဝါရှင်တန်ကို ပြန်မှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးကို ဘလင်ကင်က ပြောပါတယ်။
 
ဘလင်ကင်နဲ့ အတူလိုက်ပါလာတဲ့ အဖွဲ့၀င်ဟာ အင်ဒိုနီးရှားနိုင်ငံကနေ မလေးရှားနိုင်ငံကို ရောက်ရှိချိန်မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
မလေးရှားနိုင်ငံကိုရောက်ရှိချိန်အတွင်းမှာတော့ အဲဒီအဖွဲ့၀င်ဟာ ဘလင်ကင်နဲ့ အတူဘယ် အစီအစဉ်မှာမှ ပါ၀င်ခြင်းမရှိဘူးလို့ဆိုပါတယ်။
 
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့လေယာဉ်ဟာ ထိုင်းနိုင်ငံမှာ စက်ပိုင်းဆိုင်ရာအတွက် ခေတ္တသာရပ်နားမှာဖြစ်ပြီး တရား၀င်အစည်းအဝေး တခုမှမလုပ်ဘဲ မဟုတ်ဘဲ အမေရိကန်နိုင်ငံသို့ ပြန်မှာဖြစ်ပါတယ်။
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့အတွက် မြန်မာစစ်ဘက်ကို နောက်ထပ်ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို အမေရိကန်က ရှာဖွေနေတယ်လို့ အရှေ့တောင်အာရှခရီးစဉ်အတွင်း မလေးရှားနိုင်ငံကို မနေ့ကရောက်ရှိချိန်မှာ ဘလင်ကင်က ပြောဆိုပါတယ်။
 
Ref: Reuters
Photo:AFP
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW