အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန် ကာကွယ်ရေးအသုံးစရိတ် သုံးဆတိုးမယ်

၀ါရှင်တန်၊ ဒီဇင်ဘာ-၁၆-၂၀၂၁
မျိုးဆက်(VOM)
 
အမေရိကန်အထက်လွှတ်တော်သည် အင်ဒို-ပစိဖိတ်ဒေသတွင် ကာကွယ်ဟန့်တားမှုကိုမြှင့်တင်ပေးမယ့် ၂၀၂၂ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၅ ရက်မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
 
ဒေါ်လာ ၇၆၈ ဘီလီယံတန်ဖိုးရှိ အဲဒီကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းဟာ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လျှင်မြန်စွာကြီးထွားလာတဲ့ စစ်ရေးတည်ဆောက်မှုကို တန်ပြန်ဖို့ ရည်ရွယ်ထားပါတယ်။
 
အဲဒီဥပဒေကြမ်းမှာတော့ အင်ဒို-ပစိဖိတ်ဒေသမှာ ကာကွယ်ဟန့်တားမှုတွေ လုပ်ဆောင်ဖို့အတွက် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံထိသုံးစွဲမှာဖြစ်ပြီး ယခင်နှစ်ကခွဲဝေချထားတဲ့ အသုံးစရိတ်ထက် သုံးဆပိုများနေပါတယ်။
 
ရုရှားနှဲ့ တင်းမာမှုများမြင့်တက်နေတဲ့ ယူကရိန်းစစ်ဘက်အတွက် ထောက်ပံ့ဖို့ ဒေါ်လာ သန်း ၃၀၀ နဲ့ ဥရောပမှာ ကာကွယ်ရေးလုပ်ဆောင်ချက်တွေအားကောင်းစေဖို့ဒေါ်လာ လေးဘီလီယံ သုံးစွဲဖို့အတွက်လည်း ဥပဒေကြမ်းမှာပါ၀င်ပါတယ်။
 
အောက်လွှတ်တော်က အတည်ပြုထားပြီးဖြစ်တဲ့ အဲဒီ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုဖို့အတွက် သမ္မတဂျိုးဘိုင်ဒင်ထံ လက်ရှိမှာ တင်ပြထားပါတယ်။
 
Ref: NHK
Photo: US Department of Defense
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW