ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိလာ

မနီလာ၊ ဒီဇင်ဘာ-၂၀-၂၀၂၁
မျိုးဆက်(VOM)
 
ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်ရှိလာကြောင်း တာ၀န်ရှိသူများကပြောသည်။
 
အင်အားပြင်းမုန်တိုင်း ရိုင်သည် နိုင်ငံအရှေ့တောင်ပိုင်းကျွန်းတွေကို တနာရီလေတိုက်နှုန်း မိုင် ၁၂ ၀ နဲ့၀င်ရောက်တိုက်ခတ်ခဲ့ပြီး လူ သုံးသိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။
 
မုန်တိုင်းကြောင့် လူ ၂၃၉ ဦးဒဏ်ရာရရှိခဲ့ပြီး ၅၂ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါ တယ်။
 
လက်ရှိမှာတော့ မုန်တိုင်းဒဏ်သင့်ဒေသအတော်များများမှာ ဆက်သွယ်ရေးတွေပြတ်တောက် နေတာကြောင့် ဘယ်လောက်ထိခိုက်ဆုံးရှုံးလဲဆိုတာ မသိရသေးပါဘူး။
 
နေရာအနှံ့ဖြစ်ပွားနေတဲ့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
 
ဒေသအတော်များများမှာ လျှပ်စစ်မီးမရှိ၊ ဆက်သွယ်ရေးလိုင်းမရှိသလို သောက်သုံးရေလည်း ပြတ်လပ်နေတယ်လို့ ဖိလစ်ပိုင်ကြက်ခြေနီအသင်း ဥက္ကဌ ရစ်ချက်ဂေါ်ဒွန်က ပြောပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW