မြင်းလှည်း၊ သံလိပ်ဘတ်စ်ကားနှင့် အလမ်းပေါ်က ကုန်ရထားများ

ဆူးငှက် ခရစ်နှစ် ၁၈၈၉ ခုနှစ်က အရှည် ၃၈၆ မိုင်ရှိသော ရန်ကုန်-မန္တလေးမီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးမြို့ တွင်လည်း မီးရထားဘူတာရုံကြီးတစ်ရုံ တည်ဆောက်ခဲ့သည်။ ထိုစဉ်က မန္တလေးမြို့၏ အဓိကနေရာများမှာ မန္တလေး နန်းတွင်း၊ နန်းတွင်းအနောက်ဘက်စီလမ်းတစ်လျှောက်နှင့် ဈေးချိုဝန်းကျင်သာဖြစ်သောကြောင့် အဆိုပါနေရာများနှင့် ဆက်သွယ်မှုလွယ်ကူသောအရပ်တွင် ဘူတာကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မန္တလေးနန်းတွင်းနှင့် ၂၆ဘီလမ်း တစ်လမ်းသာခြားပြီး တောင်ဘက် ၃၅ လမ်းထိအရှည်ရှိကာ အကျယ်အဝန်းအနေနှင့် ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိသော မန္တလေးဘူတာကြီး၏ ဧရိယာမှာ ထိုစဉ်ကတည်းက ယခုအချိန်တိုင်အောင် နှစ်ပေါင်းတစ်ရာကျော်အတွင်း လုံလောက်မျှတမှုရှိခဲ့သည်။ ဘူတာကြီးဧရိယာတွင် ကုန်ရုံများရှိခဲ့သည်။ တွဲဆိုင်းများ ပြင်ဆင်သန့်ရှင်းရာနေရာများရှိသည်။ လုံလောက်သော ဘူတာစင်္ကြံရှိသည်။ ခရီးသည်များနားနေရန်အတွက်လည်း ကျယ်ဝန်းသည်။ ထိုမျှသာမက မီးရထာစက်ခေါင်းများအတွက် စက်ခေါင်းပြုပြင် ထိန်းသိမ်းရန်ပင် တစ်ပါတည်းပါရှိခဲ့သည်။ နောက်ထပ် ထိုမျှသာမကဟု ထပ်မံပြောရဦးမည် အဆိုပါဘူတာရုံကြီးနှင့် မျက်နှာချင်း ဆိုင်တွင်လည်း…

Read More

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပုဒ်မ-၅၀၅ ခ နဲ့ ထောင် ၂ နှစ်ချမှတ်ခံရ

ဒီဇင်ဘာ ၊ ၂၀ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်က အထူးတရားခွင်ကနေ အရင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကို ဒီကနေ့ နေလယ်ပိုင်းမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။   ” တိုင်း အစိုးရအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကို ပုဒ်မ ၅၀၅ ခ နဲ့ ပြစ်ဒဏ် ၂ နှစ်ချမှတ်ခံရတာဖြစ်တယ် ၊ ချုပ်ရက်ထုတ်နုတ်ခံစားခွင့် ပါတယ် ” လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။   ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်နဲ့ ဆွေမျိုးတော်စပ်သူ တဦးက” ဆရာက ၈၈ နောက်ပိုင်းကလည်း ထောင်ဒဏ် နှစ်ရှည် ကျခံရဖူးတယ် ၊ အဲ့ဒီတုန်းက…

Read More

ရွှေလီက မြန်မာရွှေ့ပြောင်းလုပ်သားတွေ အကြောင်းပြချက်မသိဘဲ ညအချိန်မတော် ပြန်ပို့ခံရ

ဒီဇင်ဘာ ၂၀- ၂၀၂၁ Shy V(VOM)   တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင် ရောက်ရှိနေထိုင်နေကြတဲ့ လက်ကျန် မြန်မာရွှေ့ပြောင်းလုပ်သား တွေကို မနေ့ ဒီဇင်ဘာ ၁၉ရက် ည အချိန်မတော် မြန်မာဘက် ခိုးပေါက်ကနေ ပြန်ပို့ခံရနေကြရတယ်လို့ တရုတ်ဘက်ခြမ်း ရွှေလီမြို့ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။   ” ဒီဇင်ဘာ ၁၉ ရက်နေ့ ညက အချိန် မတော် တရုတ်အချိန် ည ၁၁ နာရီခွဲ၊ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်မှာ တရုတ် အစိုးရဖက်က မြန်မာနိုင်ငံပြန်ဖို့ညွှန်ကြားလာတယ်၊ မြန်မာနိုင်ငံသားတွေ စုနေတဲ့ နေရာတွေမှာ ရဲလာခေါ်ပြီး ညတွင်းချင်းစစ်၊ ညတွင်းချင်း အထုပ်အပိုးပြင်ခိုင်းပြီး မြန်မာဘက် ပို့ဆောင်နေတယ်။ လမ်းတိုင်းမှာ စစ်နေတာ။ ရက်ချိန်း မပေးဘူး တခါတည်း ပြန်ခိုင်းတယ်။ ဘာကြောင့်ဆိုတာတော့…

Read More

ဟောင်ကောင်လွှတ်တော်ရွေးကောက်ပွဲ တရုတ်လိုလားတဲ့ လွှတ်တော်အမတ်တွေ အနိုင်ရ

ဟောင်ကောင်၊ ဒီဇင်ဘာ-၂၀-၂၀၂၁ မျိုးဆက်(VOM)   ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲမှာ တရုတ်အစိုးရလိုလားတဲ့ လွှတ်တော်အမတ်တွေ အများစုအနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲဟာ မဲပေးမှုအနည်းဆုံးဖြစ်ခဲ့ပြီ ၃၀ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။   ဒီရွေးကောက်ပွဲဟာ ဟောင်ကောင်ရွေးကောက်ပွဲစနစ်ကို အငြင်းပွားဖွယ်ပြင်ဆင်မှုတွေလုပ်ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။   ဟောင်ကောင်တည်ငြိမ်ရေးအတွက် အပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်တယ်လို့ တာ၀န်ရှိသူတွေက ပြောဆိုထားပေမယ့် ဒါဟာဟောင်ကောင်ရဲ့ ဒီမိုကရေစီကို အားနည်းသွားစေတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။   ရွေးကောက်ပွဲပြီးနောက် တရုတ်အစိုးရဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့ပြီး တရုတ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေအရ ဟောင်ကောင်ဟာ ယခုအခါ ပြန်လည်ထူထောင်ရေးအဆင့်ထဲ ရောက်ရှိနေပြီလို့ ဆိုပါတယ်။   ပါလီမန်အသေးစားဖြစ်တဲ့ ဟောင်ကောင်ဥပဒေပြုကောင်စီဟာ ဟောင်ကောင်အတွက် ဥပဒေပြုရာနဲ့ ပြင်ဆင်ရေးတွေမှာ အဓိကအဖွဲ့အစည်းလည်းဖြစ်ပါတယ်။   Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဟောင်ကောင်

Read More

မြန်မာစစ်ဘက်နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ ဂျပန်ကို HRW တိုက်တွန်း

၀ါရှင်တန်၊ ဒီဇင်ဘာ-၂၀-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှ အရာရှိလောင်းတွေကို တိုက်ခိုက်ရေးသင်တန်းတွေပို့ချပေးနေတဲ့ သင်ကြားရေးအစီအစဉ်ကို ဖျက်သိမ်းဖို့ ဂျပန်နိုင်ငံကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မှာတိုက်တွန်းလိုက်ပါတယ်။   နှစ်နိုင်ငံပညာရေးဆိုင်ရာ ဖလှယ်မှုအစီအစဉ်တခုအရ မြန်မာစစ်ဘက်က အရာရှိလောင်းရှစ်ဦးဟာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီမှာ ပညာသင်ကြားမှုတွေပြုလုပ်လျှက်ရှိပြီး မြန်မာစစ်ဘက်နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ကို HRW ကတောင်းဆိုလိုက်တာဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်းက နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကူအညီအသစ်တွေကို ဖြတ်တောက်ခဲ့ပြီး အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ဆို့တာမျိုး ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုထားကြပါတယ်။   ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ကြိုးစားရာမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံမှုကို ဟန်ချက်ညီစေဖို့ ကြိုးစားနေတယ်လို့ ဂျပန်တာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။   မြန်မာစစ်ဘက်နဲ့ ဆက်ဆံရေးဖြတ်တောက်မှုဟာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့သြဇာလွှမ်းမိုးမှု ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့…

Read More

မြန်မာပြည်က မတ်ပဲတန်ချိန် ၂.၅ သန်းနဲ့ ပဲတီစိမ်း တန်ချိန်၁သိန်း အိန္ဒိယက ၅နှစ်ဆက်တိုက် ဝယ်ယူမယ်

ဒီဇင်ဘာ ၂၀-၂၀၂၁ GH (VOM )   မြန်မာပြည်က မတ်ပဲ တန်ချိန် ၂.၅ သန်းနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို အိန္ဒိယက ၅ နှစ်ဆက်တိုက်ဝယ်ယူသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။   ဘဏ္ဍာနှစ် ၅ နှစ်ဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လ)အထိ အိန္ဒိယနိုင်ငံကို သတ်မှတ်ပဲတန်ချိန်တွေကို တင်ပို့ရမှာဖြစ်တယ်လို့သိရပါတယ်။   ” မနှစ်ကဆိုရင် မတ်ပဲကဘယ်လိုဖြစ်လဲဆိုတော့ တောင်သူတွေပဲပေါ်ချိန်မှာ ထိုးကျနေတယ်။ပဲတစ်တင်းမှ၂၃၀၀၀ ထိတောင်ဖြစ်သွားတယ်။ ပဲနူတ်ခခြွေ၊အလုပ်သမားခတွေကပေးဖို့ရှိတော့ စျေးတက်တဲ့အထိမစောင့်နိုင်ဘဲရောင်းကြတော့ ရှုံးတယ်၊တောင်သူလက်ထဲ ပဲလည်းမရှိရော စျေးက ၇၀၀၀၀ ထိတောင်တက်သွားတယ်၊ဆိုတော့ အခုနှစ်လည်းစောင့်ကြည့်ရမှာပဲ ၊ အိန္ဒိယကဝယ်မယ်ဆိုတော့ အခြေအနေကောင်းမလားပေါ့ “လို့ မတ်ပဲစိုက်တောင်သူတဦးကပြောပါတယ်။   မြန်မာနဲ့ အိန္ဒိယနိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့တဲ့ မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ…

Read More

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိလာ

မနီလာ၊ ဒီဇင်ဘာ-၂၀-၂၀၂၁ မျိုးဆက်(VOM)   ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်ရှိလာကြောင်း တာ၀န်ရှိသူများကပြောသည်။   အင်အားပြင်းမုန်တိုင်း ရိုင်သည် နိုင်ငံအရှေ့တောင်ပိုင်းကျွန်းတွေကို တနာရီလေတိုက်နှုန်း မိုင် ၁၂ ၀ နဲ့၀င်ရောက်တိုက်ခတ်ခဲ့ပြီး လူ သုံးသိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။   မုန်တိုင်းကြောင့် လူ ၂၃၉ ဦးဒဏ်ရာရရှိခဲ့ပြီး ၅၂ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါ တယ်။   လက်ရှိမှာတော့ မုန်တိုင်းဒဏ်သင့်ဒေသအတော်များများမှာ ဆက်သွယ်ရေးတွေပြတ်တောက် နေတာကြောင့် ဘယ်လောက်ထိခိုက်ဆုံးရှုံးလဲဆိုတာ မသိရသေးပါဘူး။   နေရာအနှံ့ဖြစ်ပွားနေတဲ့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။   ဒေသအတော်များများမှာ လျှပ်စစ်မီးမရှိ၊ ဆက်သွယ်ရေးလိုင်းမရှိသလို သောက်သုံးရေလည်း ပြတ်လပ်နေတယ်လို့ ဖိလစ်ပိုင်ကြက်ခြေနီအသင်း ဥက္ကဌ ရစ်ချက်ဂေါ်ဒွန်က ပြောပါတယ်။   Ref: BBC…

Read More

မြစ်ကြီးနားမြို့နယ်မှာ နေအိမ်တလုံးမီးလောင်ပြီး သားအမိနှစ်ဦးမီးလောင်သေဆုံး

ဒီဇင်ဘာ ၂၀-၂၀၂၁ KK(VOM)   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ ၁၄ မှာ မနေ့ ဒီဇင်ဘာ ၁၉ရက် နေ့လယ်ပိုင်းက နေအိမ်တလုံး အပူလွန်ကဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ သားအမိနှစ်ဦး မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မီးလောင်သေးဆုံးသူတွေဟာ ကျန်းမာရေးမကောင်းတဲ့ သားအမိနှစ်ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ဝါယာရှော့ဖြစ်​ပြီး လောင်တာလို့ပြောတယ်၊ သမီးကစိတ်မနှံ့ဘူး အမေကလည်း အသက် ၈၀ ကျော်ပြီ ကျန်းမာရေးမကောင်းဘူး မပြေးနိူင်ဘူးထင်ပါတယ်”လို့ သူက ​ပြောပါတယ်။   အဲ့ဒီမီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးသတ်ယာဥ်နှစ်စီး၊ရေသယ်ယာဥ်နှစ်စီးတို့နဲ့ မီးသတ်သတ်ခဲ့ပြီး သေ ဆုံးသူနှစ်ဦးကို ပေးဆပ်သူများနာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဥ်နဲ့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတ ယ်။   သေဆုံးသူနှစ်ဦးမှာ အသက် ၈၀အရွယ် ဒေါ်လမိုင်ထူဘူနဲ့ သမီးဖြစ်သူ…

Read More

ဖားကန့် ဆိုင်ဂျာဘွမ်ရွာနားမှာ ကျောက်မျက် ကုမ္မဏီ စွန့်ပစ်မြေစာပုံ ပြိုကျလို့ လူ ၁ ဒါဇင်ကျော် ပျောက်ဆုံးနေ

ဒီဇင်ဘာ ၊ ၂၀ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဖားပြင်ကျေးရွာနဲ့ အထက်မနမှော်ကြား၊ ဆိုင်းဂျာဘွမ်ကျေးရွာအနီးမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းက မြေစာပုံဟာ ဒီဇင်ဘာ၁၉ ရက် မနေညနေပိုင်းက အြေစာပုံပြိုကျတဲ့အတွက် လူ ၁ ဒါဇင်ကျော် ပျောက်ဆုံးနေတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေထံက သိရပါတယ်။   ” ဖြစ်တဲ့အချိန်က နေ့ခင်း ၁ နာရီနောက်ပိုင်းမှာ ၊ YTT ကုန်းအောက်က မြေစာပုံဟောင်းပြိုကျသွားတာပါ ၊ အဲ့ဒီ မြေစာပုံဘေးမှာ နွံအိုင်ရှိတယ် ၊ ပြိုကျတဲ့ မြေစာပုံဝန်းကျင်မှာ ကျောက်ရှာနေတဲ့သူတွေ ပါသွားတယ် ၊ ခန့်မှန်း အရေအတွက် ၁၄ ယောက် ၊ ၁၅ ယောက် အနည်းဆုံးရှိမယ် ” လို့…

Read More

မုံရွာ – ခန္တီးခရီးစဉ်ကို အခုလ နောက်ဆုံးပတ်ကနေစပြီး လေကြောင်းခရီးနဲ့ ၁ ပတ်ခြား ပြေးဆွဲတော့မယ်

ဒီဇင်ဘာ ၊ ၁၉-၂၀၂၁ နှင်းဖြူဝေ (VOM)   ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းခရီး တခုတည်းသာ အားထားသွားလာနေရတဲ့ မုံရွာ-ခန္တီး ခရီးစဥ်ဟာ ခရီးသည်တင်ရေယာဥ်တွေ ပြေးဆွဲပေးတာ ယာယီရပ်နားထားတဲ့အတွက် ခရီးသွား အခက်အခဲတွေကြောင့် အခုလ ၂၃ ရက်က စလို့ မုံရွာ-ခန္တီး လေကြောင်းလိုင်းတွေ တိုးချဲ့ပြေးဆွဲပေးတော့မှာလို့ My Monywa ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းဆီက သိရပါတယ်။   ” အခုလ ၂၃ ရက်က ခန္တီး မုံရွာ စတင်ပြေးဆွဲမှာဖြစ်ပြီး ၊ ၃၀ ရက်ကြရင် မုံရွာ-ခန္တီး ပြန်လည်ပြေးဆွဲပေးမှာပါ ၊ ခရီးစဥ်အနေနဲ့ကတော့ ၁ ပတ်ခြား တကြိမ် ကြာသာပတေးနေ့တိုင်းဖြစ်တယ်၊ ခရီးသွားလက်မှတ် ဝန်ဆောင်စရိတ် အားလုံးကတော့ ၁ သိန်း ပတ်ခြာလည် ဖြစ်မယ် “လို့ My Monywa ခရီးသွားဝန်ဆောင်မှု ကုမ္မဏီပိုင်ရှင်…

Read More
VOM News

FREE
VIEW