မြန်မာပြည်က မတ်ပဲတန်ချိန် ၂.၅ သန်းနဲ့ ပဲတီစိမ်း တန်ချိန်၁သိန်း အိန္ဒိယက ၅နှစ်ဆက်တိုက် ဝယ်ယူမယ်

ဒီဇင်ဘာ ၂၀-၂၀၂၁
GH (VOM )
 
မြန်မာပြည်က မတ်ပဲ တန်ချိန် ၂.၅ သန်းနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို အိန္ဒိယက ၅ နှစ်ဆက်တိုက်ဝယ်ယူသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
 
ဘဏ္ဍာနှစ် ၅ နှစ်ဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လ)အထိ အိန္ဒိယနိုင်ငံကို သတ်မှတ်ပဲတန်ချိန်တွေကို တင်ပို့ရမှာဖြစ်တယ်လို့သိရပါတယ်။
 
” မနှစ်ကဆိုရင် မတ်ပဲကဘယ်လိုဖြစ်လဲဆိုတော့ တောင်သူတွေပဲပေါ်ချိန်မှာ ထိုးကျနေတယ်။ပဲတစ်တင်းမှ၂၃၀၀၀ ထိတောင်ဖြစ်သွားတယ်။ ပဲနူတ်ခခြွေ၊အလုပ်သမားခတွေကပေးဖို့ရှိတော့ စျေးတက်တဲ့အထိမစောင့်နိုင်ဘဲရောင်းကြတော့ ရှုံးတယ်၊တောင်သူလက်ထဲ ပဲလည်းမရှိရော စျေးက ၇၀၀၀၀ ထိတောင်တက်သွားတယ်၊ဆိုတော့ အခုနှစ်လည်းစောင့်ကြည့်ရမှာပဲ ၊ အိန္ဒိယကဝယ်မယ်ဆိုတော့ အခြေအနေကောင်းမလားပေါ့ “လို့ မတ်ပဲစိုက်တောင်သူတဦးကပြောပါတယ်။
 
မြန်မာနဲ့ အိန္ဒိယနိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့တဲ့ မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို နှစ်စဉ် မတ်ပဲတန်ချိန်(၂ ဒသမ ၅) သိန်းနဲ ပဲစင်းငုံ တန်ချိန်(၁)သိန်းကို ပုဂ္ဂလိကကုန်သွယ်မှုက တဆင့် တင်ပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
နောက်ပြီး မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို G to G MOU အရ ပဲတင်ပို့မှု လွယ်ကူလျင်မြန်စေရေးနဲ့ စနစ်တကျ တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ Joint Monitoring Committee အစည်းအဝေး မကျင်းပမီ နှစ်ဘက်ကြိုတင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
 
၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မတ် လ အထိ) မီနီဘက်ဂျတ်အဖြစ် သတ်မှတ်ထားရာ အောက်တိုဘာလမှ နိုဝင်ဘာလ ၁၉ ရက်ထိကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကနေ ပဲမျိုးစုံတင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၆၉၈၂၇. ၃၆၃)သန်းအထိ ရရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရှိရပါတယ်။
 
လက်ရှိမှာ မတ်ပဲစျေးနူန်းက ဟင်္သာကုန်စည်ဒိုငမှာ မတ်ပဲပိသာ ၂၀ ကို ၃၈၈၀၀ ကျပ်သာရှိပြီး ၊အောင်လံကုန်စည်ဒိုင်မှာက မတ်ပဲပိသာ ၂၀ ကို ၄၀၀၀၀ ကျပ်စျေးရှိတယ်လို့သိရပါတယ်။ အခုနှစ်အတွက် မတ်ပဲဧကတွေကတော့ အားလုံးစိုက်ပျိုးပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
 
မတ်ပဲစိုက်ခင်းတွေကို တန်ဆောင်မုန်းလထဲမှာ ထွန်ယက် စိုက်ပျိုးပြီး တပေါင်းလနဲ့တန်ခူးလမှာ ပဲတွေနူတ်ကာ ချွေလှေ့ပြီးရောင်းချကြရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မြန်မာပြည် #မတ်ပဲ၊ပဲတီစိမ်း #အိန္ဒိယဝယ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW