မြစ်ကြီးနားမြို့နယ်မှာ နေအိမ်တလုံးမီးလောင်ပြီး သားအမိနှစ်ဦးမီးလောင်သေဆုံး

ဒီဇင်ဘာ ၂၀-၂၀၂၁
KK(VOM)
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ ၁၄ မှာ မနေ့ ဒီဇင်ဘာ ၁၉ရက် နေ့လယ်ပိုင်းက နေအိမ်တလုံး အပူလွန်ကဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ သားအမိနှစ်ဦး မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မီးလောင်သေးဆုံးသူတွေဟာ ကျန်းမာရေးမကောင်းတဲ့ သားအမိနှစ်ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“ဝါယာရှော့ဖြစ်​ပြီး လောင်တာလို့ပြောတယ်၊ သမီးကစိတ်မနှံ့ဘူး အမေကလည်း အသက် ၈၀ ကျော်ပြီ ကျန်းမာရေးမကောင်းဘူး မပြေးနိူင်ဘူးထင်ပါတယ်”လို့
သူက ​ပြောပါတယ်။
 
အဲ့ဒီမီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးသတ်ယာဥ်နှစ်စီး၊ရေသယ်ယာဥ်နှစ်စီးတို့နဲ့ မီးသတ်သတ်ခဲ့ပြီး သေ
ဆုံးသူနှစ်ဦးကို ပေးဆပ်သူများနာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဥ်နဲ့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတ
ယ်။
 
သေဆုံးသူနှစ်ဦးမှာ အသက် ၈၀အရွယ် ဒေါ်လမိုင်ထူဘူနဲ့ သမီးဖြစ်သူ စိတ်ဝေဒနာရှင်အသက် ၅၀အရွယ်ဒေါ်လမိုင်ဘောက်မိုင်တို့ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
#voiceofmyanmar #VOM #မြစ်ကြီးနား #မီးဆလာင်မှု #သားအမိနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW