ဟောင်ကောင်လွှတ်တော်ရွေးကောက်ပွဲ တရုတ်လိုလားတဲ့ လွှတ်တော်အမတ်တွေ အနိုင်ရ

ဟောင်ကောင်၊ ဒီဇင်ဘာ-၂၀-၂၀၂၁
မျိုးဆက်(VOM)
 
ဟောင်ကောင်ဥပဒေပြုကောင်စီရွေးကောက်ပွဲမှာ တရုတ်အစိုးရလိုလားတဲ့ လွှတ်တော်အမတ်တွေ အများစုအနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲဟာ မဲပေးမှုအနည်းဆုံးဖြစ်ခဲ့ပြီ ၃၀ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။
 
ဒီရွေးကောက်ပွဲဟာ ဟောင်ကောင်ရွေးကောက်ပွဲစနစ်ကို အငြင်းပွားဖွယ်ပြင်ဆင်မှုတွေလုပ်ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။
 
ဟောင်ကောင်တည်ငြိမ်ရေးအတွက် အပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်တယ်လို့ တာ၀န်ရှိသူတွေက ပြောဆိုထားပေမယ့် ဒါဟာဟောင်ကောင်ရဲ့ ဒီမိုကရေစီကို အားနည်းသွားစေတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။
 
ရွေးကောက်ပွဲပြီးနောက် တရုတ်အစိုးရဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့ပြီး တရုတ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေအရ ဟောင်ကောင်ဟာ ယခုအခါ ပြန်လည်ထူထောင်ရေးအဆင့်ထဲ ရောက်ရှိနေပြီလို့ ဆိုပါတယ်။
 
ပါလီမန်အသေးစားဖြစ်တဲ့ ဟောင်ကောင်ဥပဒေပြုကောင်စီဟာ ဟောင်ကောင်အတွက် ဥပဒေပြုရာနဲ့ ပြင်ဆင်ရေးတွေမှာ အဓိကအဖွဲ့အစည်းလည်းဖြစ်ပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဟောင်ကောင်

Related posts

Leave a Comment

VOM News

FREE
VIEW