ဒီဇင်ဘာ ၂၀-၂၀၂၁
KK(VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ ၁၄ မှာ မနေ့ ဒီဇင်ဘာ ၁၉ရက် နေ့လယ်ပိုင်းက နေအိမ်တလုံး အပူလွန်ကဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ သားအမိနှစ်ဦး မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်သေးဆုံးသူတွေဟာ ကျန်းမာရေးမကောင်းတဲ့ သားအမိနှစ်ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ပြောတယ်၊ သမီးကစိတ်မနှံ့ဘူး အမေကလည်း အသက် ၈၀ ကျော်ပြီ ကျန်းမာရေးမကောင်းဘူး မပြေးနိူင်ဘူးထင်ပါတယ်”လို့
သူက ပြောပါတယ်။
အဲ့ဒီမီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးသတ်ယာဥ်နှစ်စီး၊ရေသယ်ယာဥ်နှစ်စီးတို့နဲ့ မီးသတ်သတ်ခဲ့ပြီး သေ
ဆုံးသူနှစ်ဦးကို ပေးဆပ်သူများနာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဥ်နဲ့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတ
ယ်။
သေဆုံးသူနှစ်ဦးမှာ အသက် ၈၀အရွယ် ဒေါ်လမိုင်ထူဘူနဲ့ သမီးဖြစ်သူ စိတ်ဝေဒနာရှင်အသက် ၅၀အရွယ်ဒေါ်လမိုင်ဘောက်မိုင်တို့ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
#voiceofmyanmar #VOM #မြစ်ကြီးနား #မီးဆလာင်မှု #သားအမိနှစ်ဦးသေဆုံး