မြန်မာဒုက္ခသည်တွေကို ကူညီပေးသွားမယ်လို့ ထိုင်း၀န်ကြီးချုပ်ကတိပြု

ဘန်ကောက်၊ ဒီဇင်ဘာ-၂၅-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံကရင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်ကိုထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကတိပြုပြောဆိုလိုက်ပါတယ်။
မြန်မာဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးရေး ပြင်ဆင်ထားဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၄ ရက်မှာပြောပါတယ်။
 
ထိုင်းနိုင်ငံအတွင်းလာရောက်တဲ့ ဒုက္ခသည်ဟာ အရင်ကတည်းက ကိုးသောင်းကျော်ရှိနေပေမယ့် ဒုက္ခသည်တွေဟာ အခြေအနေတည်ငြိမ်လာရင် နေရပ်ပြန်ဖို့လိုအပ်တာကြောင့် ဒုက္ခသည်စခန်းသစ်တစ်ခု တည်ဆောက်မှမဟုတ်ဘူးလို့သူကဆိုပါတယ်။
 
မြန်မာဘက်ခြမ်းမှာတိုက်ပွဲတွေဖြစ်ပွားရာမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၀န်းကျင်းက ကျေးရွာတွေကို လက်နက်ကြီးကျည်ဆံတွေ ကျရောက်မှုတွေလည်းရှိနေပါတယ်။
 
အဲဒီလိုအန္တရာယ်ရှိတဲ့အခြေအနေကြောင့် အဲဒီလိုကျေးရွာကလူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ မလိုအပ်ကြောင်းနဲ့ ထိုင်းပိုင်နက်အတွင်း အဲဒီလိုလက်နက်ကြီးပစ်ခတ်မှုတွေမကျရောက်ဖို့ ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို သတိပေးထားတယ်လို့ ထိုင်း၀န်ကြီးချုပ်ကပြောပါတယ်။
 
ဒီအတောအတွင်းမှာပဲ ဒုက္ခသည်တွေအတွက် အမိုးအကာတွေထောက်ပံ့ပေးဖို့နဲ့ ဒေသခံတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ နယ်စည်းမခြားမိတ်ဆွေများအဖွဲ့က ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။
 
Photo: Reuters
 
#voiceofmyanmar #VOM #မြန်မာဒုက္ခသည် #ထိုင်းအစိုးရ

Related posts

Leave a Comment

VOM News

FREE
VIEW