အေးချမ်းသူ(VOM) မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးတလျှောက် ဆိုက်ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ အိမ်စီးကားတွေနဲ့ပြည့်ကျပ်လို့နေပါတယ်။ မလှမ်းမကမ်းမှာတော့ ထမင်းစားဖို့စောင့်ဆိုင်းရင်း တန်းစီနေတဲ့ အခြေခံလူတန်းစားမျိုးစုံပါဝင်တဲ့ လူအုပ်ကြီးကလည်း ရှိနေပါတယ်။ ထမင်းစားဖို့စောင့်နေတဲ့ လူတွေဟာ ကားဂိတ်နဲ့လည်းနီး ဆိုင်ကယ် ကယ်ရီသမားတွေအများစုလည်းရှိ စက်မှုဇုန်နဲ့ နီးပြီး အခြေခံလူတန်းစားအများစုနေထိုင်ရာ မြောက်ဥက္ကလာ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းက ရွှေဘိုသူ ငါးရာတန်ထမင်းဆိုင်ကို ထမင်းစားဖို့လာကြတာပဲဖြစ်ပါတယ်။ ဗီနိုင်းစနဲ့ပြုလုပ်ကာ ချိတ်ဆွဲထားတဲ့ “ရွှေဘိုသူ ငါးရာတန် ထမင်းဆိုင်”ရဲ့ ဆိုင်းဘုတ်အောက်မှာတော့ တီရှပ်အမဲရောင်ကို တူညီစွာဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေဟာ ဝက်သား၊ မြစ်ငါးတန်၊ ကုလားပဲ ကြာဇံချက်၊ ငပိရည်ဖျော်၊ တို့စရာ စတာတွေ ထည့်ထားတဲ့ ဒန်အိုးကြီးတွေရှေ့မှာ စားသုံးသူတွေကို ဟင်းထည့်ပေးဖို့စောင့်နေတာပဲဖြစ်ပါတယ်။ စီတန်းထားတဲ့ လူတန်းကြီးကို တစ်ယောက်လျှင် ချစ်တီးထမင်းဆိုင်များတွင် အသုံးပြုလေ့ရှိသော စတီပန်းကန်များကို ကမ်းပေးရင်း ဟင်းထည့်သူ၊ ပဲကြာဇံချက်ထည့်ပေးသူ၊ ငပိရည်တို့စရာ ထည့်ပေးသူ ထမင်းထည့်ပေးသူနဲ့ ငါးရာတန်ထမင်းဆိုင်ကို စတင်ရောင်းချပါတော့တယ်။ ငါးရာတန်အဝစားထမင်းဆိုင်ကို သုနန္ဒာလမ်းမကြီးပေါ်မှာ…
Read MoreYear: 2021
မြိုင်မြို့က မြသီတာ ကန်ဘောင်ပေါ် မှာ မိုင်းပေါက်ကွဲပြီး ကလေး ၃ ယောက်သေ ၊ ၁ ဦး ဒဏ်ရာရ
နိုဝင်ဘာ ၊၂၈ -၂၀၂၁ နှင်းဖြူဝေ (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ မြိုင် – ကိုင်းတောမ သွားကားလမ်းအနီး မြသီတာ ကန်ဘောင်ပေါ်မှာရှိတဲ့ အမှိုက်ပုံထဲကနေ ပေါက်ကွဲမှုဖြစ်ပေါ်တဲ့အတွက် ကလေး ၃ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။ ” ပေါက်ကွဲတာက မနေ့ နိုဝင်ဘာ ၂၇ ညနေပိုင်း ၅ နာရီကျော် ၆ နာရီလောက်မှာဖြစ်တာပါ ၊ ပေါက်ကွဲတဲ့နေရာက အများပြည်သူ အပန်းဖြေအနားယူတဲ့ မြသီတာ ကန်ဘောင်ပေါ် အမှိုက်ပုံးထဲကနေ ပေါက်ကွဲတာ ” လို့ မြိုင်နယ်ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမှိုက်ပုံးထဲက ရေဗူးခွံကောက်ယူနေတဲ့ မောင်ငြိမ်းသာအောင် အသက် ၇ နှစ်နဲ့ မောင်အောင်ထိုက်…
Read Moreကလေးမြို့မှာ ချင်းဘာသာနဲ့ ရုပ်သံထုတ်လွှင့်နေတဲ့ ဇို ဟေဆာ ကေဘယ်လ် မီဒီယာ အဖမ််းခံရ
နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက် ၊ ဗန္ဓုလလမ်းနဲ့ သဇင်လမ်းဆုံအနီမှာရှိတဲ့ ချင်းဘာသာနဲ့ ထုတ်လွှင့်ပေးနေတဲ့ Zo Heisa Cable ဇို ဟေဆာ ကေဘယ်လ် မီဒီယာရုံးကို မနေ့ နိုဝင်ဘာ ၂၇ ရက် နေ့ခင်းက စစ်တပ်နဲ့ရဲတွေ ပါဝင်တဲ့ ပူးပေါင်းက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ မီဒီယာ အသိုင်းအဝိုင်းက VOM ကို ပြောပါတယ်။ ” ရုပ်သံထုတ်လွှင့်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်းသွားတာ မြင်လိုက်ရတယ် ၊ နေ့ခင်း ၁၂ နာရီကျော်လောက်ကပေါ့ ” လို့ တောင်ဇလပ်ရပ်ကွက်ခံ တစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် ကလေးမြို့နယ် ကောင်စီရုံးနဲ့ နီးစပ်သူ တယောက်ပြောတာက…
Read MoreNLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် ကွယ်လွန်
ရန်ကုန်၊နိုဝင်ဘာ ၂၈-၂၀၂၁ KK(VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ဟာ ဒီကနေ့ မနက် ၆နာရီခွဲ တာမွေမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ နှလုံးရောဂါနဲ့ နိုဝင်ဘာ၂၁ရက်မှာ ဆေးရုံတက်ခဲ့ရပြီး တစ်ပါတ်အကြာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ မုံရွာအောင်ရှင်ဟာ ဖေဖော်ဝါရီလ ၁ ရက်က ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ မုံရွာအောင်ရှင်ဟာ ၁၉၆၄ ခုနှစ်မှာ ထိန်းသိမ်းခံခဲ့ရသလို၊ ၁၉၈၈ နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြား ရေးကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို၊ ဆရာဦးဝင်းတင်ဦးစီးခဲ့တဲ့ ဒီလှိုင်းဂျာနယ်ကိုလည်း ဦးဆောင်ထုတ်ဝေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #NLD #မုံရွာအောင်ရှင်…
Read Moreချင်းပြည်နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတချို့ အရေးပေါ် ပြောင်းရွှေ့နေရ
နိုဝင်ဘာ ၊ ၂၈-၂၀၂၁ နှင်းဖြူဝေ (VOM) ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားအနည်းငယ်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း မနေ့ နိုဝင်ဘာ ၂၇ရက်မနက်ပိုင်းမှာ မြေအက်ကွဲကြောင်းတွေ ဖြစ်လာတဲ့အတွက် ကျေးရွာတချို့ကလူတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ချင်းပရဟိတအဖွဲ့ကနေ သိရပါတယ်။ ချင်းပရဟိတ စေတနာ့ဝန်ထမ်း ပါးဝုန်ဒိုထန်း ” မြေအက်ကွဲကြောင်းတွေဖြစ်လာလို့ မနေရဲတဲ့အတွက် ရွာပြောင်းရွှေ့ပေးနေရတာ ” လို့ VOM ကို ပြောပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ အန်းလန့်ကျေးရွာမှာ မနေ့မနက် အစောပိုင်းကစပြီး အကျယ် ၈ လက်မနဲ့ ၆ လက်မ အကြား အရွယ်အစားရှိတဲ့ မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်လာပြီး မြေအောက် ဘယ်လောက်နက်တယ်ဆိုတာ အဖြေမသိနိုင်တာကြောင့် သဘာဝဘေးအန္တရာယ် တခုခုကျရောက်လာမှာကို စိုးရိမ်ပြီး ရွာလုံးကျွတ်နီးပါး ပြောင်းနေကြတာလို့…
Read Moreအနုပညာသည်တွေကိုချစ်တဲ့ လူထုမောင်နှံ
ဆူးငှက် ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလဖိုးစိန် စိန်ကတုံး ၊ ရွှေမန်းတင်မောင်၊ မြန်မာ့မဟာဂီတ၊ အငြိမ့် စသောစာအုပ်များကို ပြုစုရေးသားခဲ့သည့် ဒေါ်ဒေါ်လူထုဒေါ်အမာဟူသည် ပွဲကြိုက်ခင်တစ်ဦးဟုသုံးသပ်လျှင် မှန်သည်ဆိုငြား တကယ်တော့ ခေတ်မီ၍ အအုပ်အစီးကောင်းသည့် ကြေးရေတက်မိသားစုက မွေးဖွားကြီးပြင်းခဲ့သော မန္တလေးသူတစ်ဦးမို့ ပွဲတိုင်းကျော်တော့ မဖြစ်ခဲ့။ ဒေါ်ဒေါ့် ပြောစကားများအရသော်လည်းကောင်း၊ ရေးသားခဲ့သော စာများအရလည်းကောင်း အငြိမ့်ပွဲလောက်သာပင် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ယပ်ဝင်းဘုရားပွဲမှသာ ကြည့်ရသည်ဆို၏။ ဒါတောင် ပွဲခင်းကမငြိမ်မသက်ဖြစ်လျှင် ချက်ချင်းပြန်ကြရသည်။ ရုံဇာတ်ပွဲများဆိုလျှင် မိဘအုပ်ထိန်းသူများပါမှ တစ်ခါတစ်ရံ ကြည့်ရသည်။ အိမ်မှာဆေးရိုးပွဲရုံနှင့် ဆေးလိပ်ခုံရှိသောကြောင့် အလုပ်သမတွေ ဆေးလိပ်သမတွေက ပွဲကြိုက်ခင် ပွဲတိုင်းကျော်များဖြစ်သောကြောင့် ဆေးရိုးလှန်းရင်း၊ ဆေးလိပ်လိပ်ရင်းတဟိုဟို သီဆိုကြသည့် ဇာတ်သီချင်းများ၊ ဇာတ်ကတစာစာခင်းကြသည့် ဇာတ်ထုပ်များ၊ အတောမသတ် ရေပက်မဝင်ပြောကြသည့် ဇာတ်မင်းသား မင်းသမီး လူပြက်လူကြမ်းများအကြောင်းက နိစ္စဓူ၀ မကြားချင်အဆုံးဖြစ်လိမ့်မည်။ အရောင်းအဝယ် ကုန်သည်ပွဲစားသမီးဖြစ်သော်လည်း အနုပညာ…
Read Moreကလေးကစားစရာတွေ ရောင်းနေရတဲ့ အသံတုဝိဇ္ဇာ
အေးချမ်းသူ(VOM) “ဒီအရုပ်လေးတွေ ရောင်းရမှ ထမင်းစားရမှာလေ ဒီအရုပ်တွေ မရောင်းတော့ ဘာနဲ့စားရမလဲ၊ အသံတုပညာနဲ့က လုပ်စားလို့မရတာ ခေတ်လည်း မရှိတော့ဘူး”လို့ ပြောလာသူကတော့ မြန်မာနိူင်ငံမှာ တစ်ဦးတည်းသာကျန်တော့တဲ့ အသက် ၇၅နှစ်အရွယ် အသံတုပညာရှင် ဦးရဲဆွေလေးပဲဖြစ်ပါတယ်။ မနက်အစော အိပ်ရာကနေထကာ ကလေးကစားစရာအရုပ်တွေကို ဘထ္ထရီစက်ဘီးပေါ်တင်ကာ နေအိမ်နဲ့ နီးစပ်ရာရပ်ကွက်တွေကို နေ့စဥ်သွားရောက် ရောင်းချနေရသူ ဖြစ်ပါတယ်။ ဂျိုကာဦးထုပ်ကို ခေါင်းမှာဆောင်း၊ နှုတ်ခမ်းမွှေးအတုကိုတပ်ထားတာကြောင့် မြင်ရသူအဖို့ သူ့ကို ဂျိုကာလူရွှင်တော်ကြီးတစ်ဦးလို့ ထင်မှတ်ရပါတယ်။ ရပ်ကွက်နဲ့နီးရာ စျေးတွေ၊ ကျောင်းတွေ၊ ကားဂိတ်တွေမှာ ကလေးကစားရုပ်တွေအပြင် ဂျိုကာဦးထုတ် နှုတ်ခမ်းမွှေးအတု ပူဖောင်းတွေကို သွားရောက်ရောင်းချရတာ ဟာ သူရဲ့နေ့စဥ်လုပ်ငန်းပဲဖြစ်ပါတယ်။ “ပူဖောင်းဆို လူတွေမဝယ်နဲ့ ပေါက်မယ် ပူဖောင်းဆိုတာ ပေါက်တဲ့အရာပဲလေ၊ တခါတလေ စိတ်ထဲမကောင်းဘူး၊ ဒါပေမယ့် ဒီလိုပဲရောင်းရတာလေ”လို့ သူကပြောပါတယ်။…
Read Moreမြန်မာ-တရုတ် ကုန်သွယ်ရေးဂိတ်ပေါက် ၂ ခု စဖွင့်
နိုဝင်ဘာ ၂၇-၂၀၂၁ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ခု စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။ မူဆယ်ဘက်က ကျင်းစန်းကျော့ မြန်မာ -တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်ပေါက်ကို မနေ့ နိုင်ဝင်ဘာလ ၂၆ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၁၀ နာရီမှာ ဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုတော့ တရုတ်စံတော်ချိန် ညနေ ၃ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ကွန်တိန်နာစနစ်နဲ့ မြန်မာဘက်က ၅ စီးထွက်ပြီး တရုတ်ဘက်က ၅ စီးနဲ့ ဆိုင်ကယ်ပစ္စည်းတွေဝင်မှာဖြစ်တယ်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ “မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကို ရာဘာ…
Read Moreမြန်မာစစ်ဘက်ကို လက်နက်တွေမရောင်းဖို့ အမေရိကန်နဲ့ အခြားခြောက်နိုင်ငံတောင်းဆို
၀ါရှင်တန်၊ နိုဝင်ဘာ၂၇-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်နဲ့အခြားခြောက်နိုင်ငံကနို၀င်ဘာ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာစစ်ဘက်ကို လက်နက်တွေမရောင်းချဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီလိုတိုက်တွန်းတောင်းဆိုမှုကို အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ ဗြိတိန်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်တယ်လို့ ခုနှစ်နိုင်ငံရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်းပြည်နယ်မှာ လူလေးသောင်းကျော်နဲ့ မကွေးတိုင်းဒေသကြီးမှာ လူ တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်ဘက်ကို စစ်ဆင်ရေးဆိုင်ရာ ပံ့ပိုးကူညီတာတွေကို ရပ်ဆိုင်းဖို့၊ လက်နက်၊ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာဆိုင်ရာ အကူအညီတွေလွှဲပြောင်းတာကို ရပ်ဆိုင်းဖို့ တောင်းဆိုကြောင်း…
Read Moreရမည်းသင်းဘဏ်ကို ဓားပြတိုက်သူတွေ ဖမ်းဆီးရမိကြောင်း နစကပြန်ကြားရေးက အခုလို ထုတ်ပြန်ထား
နိုဝင်ဘာ ၂၇-၂၀၂ KT(VOM) မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့၊အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓားပြတိုက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး မသင်္ကာဖွယ်ရာ ဘဏ်ဝန်ထမ်းများဖြစ်သည့် ဘဏ်ခွဲဒုတိယမန်နေဂျာ သန်းဇော် (၃၄) နှစ်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ကျော်ဦး (၃၃)နှစ်နှင့် ဝေဖြိုးလှိုင် (၃၁) နှစ်တို့အား လုံခြုံရေးပူးပေါင်းအဖွဲ့များက ခေါ်ယူစစ်ဆေးခဲ့ရာ ၄င်းတို့၏ပြောကြားချက်အရ ဓားပြတိုက်မှုတွင်ပူးပေါင်းပါဝင်ကြသည့် ဝါးတိုးရပ်ကွက်၊ရမည်းသင်းမြို့နေသူ ကျော်စိုးသိန်း (၂၉)နှစ်အား ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကျော်စိုးသိန်းရဲ့ ပြောကြားချက်အရ ရမည်းသင်းမြို့နယ် ပေါက်ကုန်းကျေးရွာနေသူ ကျော်ခိုင်ဦး (၄၂)နှစ်အား ဓားပြတ်ုက်မှုတွင် စီးနင်းအသုံးပြုခဲ့သည့် TARYAN-TARYAN110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ လျှာထိုးဦးထုပ် ၁ လုံး၊လက်ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း၊ရမည်းသင်းမြို့နယ်၊ညောင်ပင်သာကျေးရွာနေသူ ဇော်ကြီး (၃၈)နှစ်အား KENBO-110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊စတီးရိုးတတ်…
Read More