သွေး (စစ်ကိုင်း) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ပိုပြီး ခံစားနေကြရပါပြီ။ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ တောမီးလောင်မှု၊ ကမ္ဘာကြီး ပိုမိုပူနွေးလာမှု၊ ရေခဲတောင်တွေ အရည်ပျော်ကျမှုတွေက လူသားတွေရဲ့ ရှင်သန်, ရပ်တည်မှုကိုပါ ခြိမ်းခြောက်လာနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုကို တားဆီးနိုင်ဖို့ နည်းလမ်းတွေကို ကမ္ဘာတဝှမ်းက အလေးအနက်ထား စဉ်းစားလာကြရပါပြီ။ မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ COP 26 ကုသလမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က သဘောတူညီချက်အသစ် ချမှတ်နိုင်ခဲ့ကြပါတယ်။ ၁၉၉၂ ခုနှစ်က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပခဲ့တဲ့ မြေကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကနေ UNFCCC လို့ ခေါ်တဲ့ United Nations Framework Convention on Climate Change (ရာသီတု…
Read MoreYear: 2021
တောင်တရုတ်ပင်လယ်မှာ အမေရိကန်-ဂျပန် ပထမဆုံး စစ်ရေးလေ့ကျင့်
တိုကျို၊ နို၀င်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေတပ်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နို၀င်ဘာ ၁၆ ရက်တွင်ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုအတွက် ရေငုပ်သင်္ဘောတစ်စင်းကိုလည်း စေလွှတ်ခဲ့ကြောင်း ဂျပန်ရေတပ်ကထုတ်ပြန်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ရေငုပ်သင်္ဘောအပြင် ဖျက်သင်္ဘောတွေနဲ့ ကင်းလှည့်လေယာဉ်တွေ လည်းပါ၀င်ကြောင်း ဂျပန်ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တောင်တရုတ်ပင်လယ်မှာ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ် ပြုလုပ်တာလည်းဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်-ဂျပန် မိတ်ဖက်ဆက်ဆံရေး၊ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်နဲ့ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်ဖို့ ရည်ရွယ်ပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်အခြစိုက်စခန်းတွေ ထူထောင်ဖို့အတွက် ကျွန်းတုများတည်ဆောက်ခြင်းကဲ့သို့သောနည်းလမ်းနဲ့ သူ့ရဲ့တည်ရှိမှုကို မြှင့်တင်နေပါတယ်။ အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်ကိုလွှမ်းခြုံထားတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ လုံခြုံရေးဆိုင်ရာ မူဘောင်သစ်တစ်ခုဖန်တီးပြီး တရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ကြိုးစားနေပါတယ်။ Ref: NHK Photo: US…
Read Moreဒေလီမြို့မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းနဲ့ကောလိပ်တွေအကုန် ပိတ်ထားရ
ဒေလီ၊ နို၀င်ဘာ-၁၇-၂၀၂၁ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် စာသင်ကျောင်းနဲ့ ကောလိပ်တွေအကုန်လုံးကို ရက်အကန့်အသတ်မရှိပိတ်ဆို့ အာဏာပိုင်တွေကအမိန့်ထုတ်လိုက်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း နို၀င်ဘာ ၂၁ ရက်ထိပိတ်ပင်ထားပြီး သယ်ယူပို့ဆောင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေကိုတော့ခြွင်းချက်အဖြစ် ဆက်လက်လည်ပတ်လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဒါ့အပြင် ဒေလီမြို့ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ၁၁ ရုံအနက် ငါးရုံကိုသာ လည်ပတ်ခွင့်ပြုထားပါတယ်။ ဒေလီမြို့မှာ ဒီပါ၀လီပွဲတော်ပြီးနောက်ပိုင်းကစလို့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေဟာ လူတွေရဲ့အဆုတ်ကို ပိတ်ဆို့စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ပမာဏထက် လက်ရှိမှာကျော်လွန်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ယခုနှစ်အတွင်း လေထုညစ်ညမ်းမှုမှာ အလွန်ဆိုးရွားနေတာကြောင့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစီအမံတွေကို ပြည်နယ်နဲ့ဖက်ဒရယ်အစိုးရတွေကို အိန္ဒိယအထူးတရားရုံးက ညွှန်ကြားထားပါတယ်။ Ref: BBC Photo:Getty Images…
Read Moreဓားသွေးကတ်ကြေးသွေးရင်း ဝမ်းရေးဖြေရှင်းနေရတဲ့ စက္ခုအလင်းမဲ့နေသူ ဦးမောင်ကြိုင်
အေးချမ်းသူ(VOM) မနက်အလင်းရောင်နဲ့အတူ အင်းစိန်-ပေါက်တောဝ ကားမှတ်တိုင်မှာ ရုံးသွားသူတွေ၊အလုပ်သွားသူတွေ စျေးရောင်းစျေးဝယ်နဲ့အတူ YBS ကားတွေလည်း ရှုပ်လို့နေပါတယ်။ လှိုင်သာယာကနေ အင်းစိန်ဘက်ကို မောင်းနှင်လာတဲ့ YBS-6ကားဟာ ပေါက်တောဝမှတ်တိုင်အနီး ရပ်လိုက်ပါတယ်။ကားပေါ်မှ အသက် ၇၀ နီးပါးရှိတဲ့ အဘိုးအိုတစ်ဦးနဲ့ဟာ အသက်ရှစ်နှစ်အရွယ် ကလေးမကိုတွဲပြီး ကားပေါ်ကဆင်းလာပါတယ်။ ကားပေါ်မှ ဆင်းလာတဲ့ အဘိုးအိုဟာ မျက်စိမမြင်တဲ့အပြင် လေပါဖြတ်ထားပြီး ခြေထောက်ကမသန်လို့ လက်တစ်ဖက်က တောင်ဝှေးကိုအားပြုကာ မြေးမလေးကိုတွဲပြီး ဆင်းလာပါတယ်။ ကားပေါ်ကနေ အောက်ကိုရောက်လျှင် မြေးမလေးက အဘိုးအိုရဲ့လက်ကိုဆွဲ အဘိုးအိုက တောင်ဝှေးကိုအဖော်ပြုကာ မှတ်တိုင်အနီးက လမ်းတွေကို တစ်လမ်းဝင်တစ်လမ်းထွက် ပါးစပ်မှ “ဓားတွေသွေးတယ် ကတ်ကြေးတွေသွေးတယ်”လို့ အော်ကာ သူရဲ့အလုပ်ကို စတင်ပါတော့တယ်။ သူ့အမည်က ဦးမောင်ကြိုင် လှိုင်သာယာမြို့နယ်၊ ၂ရပ်ကွက်၊ ဗထူး ၈လမ်း ဒ၊ အိမ်အမှတ်…
Read Moreတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေရပ်ပေးဖို့ ကျောက်မဲစစ်ရှောင်တွေ ဆန္ဒဖော်ထုတ်
နိုဝင်ဘာ ၁၅-၂၀၂၁ Shy V(VOM) တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ပေးဖို့ ကျောက်မဲစစ်ရှောင်တွေနဲ့ ရှမ်းပြည်နယ်က ပြည်သူအချို့ဟာ မနေ့နိုဝင်ဘာ၁၄ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စစ်ရှောင် ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ စစ်ရှောင်ပြည်သူ ၄၀၀ ကျော် အပါအဝင် ရှမ်းရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက် အမြို့မြို့အနယ်နယ်ကလာတဲ့ ဧည့်သည်တွေနဲ့ ဆရာတော်တွေ၊ လာကူတဲ့သူတွေ ပါဝင်သူအားလုံး ၈၀၀ ခန့်ရှိတယ်လို့ ဒေသခံ ၁ ဦး ဖြစ်တဲ့ ဦးစိုင်းကူးက ပြောပါတယ်။ “အဓိက စစ်ပွဲကို ရပ်ပေးဖို့၊ လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူး ဆိုတာရယ် ငြိမ်းချမ်းရေးအတွက် စားပွဲခုံမှာ ဆွေးနွေးပေးပါဆိုတဲ့အချက်ရယ် စစ်ပွဲ အလိုမရှိ စသဖြင့် အဓိက တောင်းဆိုချက် ၄ ချက်”…
Read Moreထန်းတပင် တာဆုံရဲကင်းပစ်ခတ်မှု ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေ
ရန်ကုန်၊နိုဝင်ဘာ ၁၅-၂၀၂၁ KK(VOM) ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တာဆုံရဲကင်းမှာ ဒီကနေ့မင်္ကအိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ထန်းတပင်တာဆုံမှာရှိတဲ့ ရဲကင်းစခန်းကို ကားတစ်စီးက လာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တဦးနဲ့ရဲတပ်သားနှစ်ဦးတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုဖြစ်ပြီးနောက် လူမှုရေးအသင်းက ကားတွေနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “သုံးဦးသေတယ်လို့ကြားတယ် ပရဟိတအဖွဲ့မှာပါတဲ့ အစ်ကိုတစ်ယောက်ပြောတာ “လို့ သူက ပြောပါတယ်။ တာဆုံရဲကင်းပစ်ခတ်မှုကြောင့် သေဆုံးသူတွေဟာ ဒုရဲအုပ် ဒုရဲအုပ်အောင်သူလွင်၊ ရဲတပ်သားလွင်မိုးနိူင်နဲ့ နိူင်နိူင်လတ် တို့ဖြစ်တယ်လို့ အမည်မဖော်လို ရဲအရာရှိတဦးက ပြောပါတယ်။ အလားတူ ဒီကနေ့မနက်ပိုင်းက တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်က ယာဥ်ထိန်းရဲကင်းနဲ့ သန်လျှင်တံတားအဆင်းက ရဲကင်းမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ သန်လျှင်နဲ့ထန်းတပင်က လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး…
Read Moreထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းသမားကို ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်
နိုဝင်ဘာ ၁၅-၂၀၂၁ KT+GH (VOM ) နိုဝင်ဘာလ ၁၂ ရက်နေ့က ထောင် ၁၁ နှစ်နဲ့ ငွေဒဏ်ချမှတ်ခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းက အမေရိကန်သတင်းသမား Danny Fenster ကို ဒီနေ့မနက်ပိုင်းကပဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ Danny Fenster ကိုလွှတ်ပေးပြီး ဒီနေ့မနက်ထွက်ခွာမယ့်လေယာဉ်နဲ့ သူ့နိုင်ငံကို ချက်ခြင်းပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ န.စက.ဘက်ကနေ အတည်ပြုပြောဆိုထားတာ တွေ့ရပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြိး ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ” ရန်ကုန်က သံအမတ်ကြီးတစ်ယောက်က ကျနော့်ကိုစာလှမ်းပို့တယ် သူလွတ်သွားပါပြီ၊ ကွန်ဂယက်ကျူလေးရှင်းပါလို့ စာလှမ်းပို့တယ်။အဲ့ဒါပဲ။ Officially တော့မသိရသေးဘူး။ “လို့ ပြောပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “အမေရိကန်နိုင်ငံနယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချက်ဆန်နဲ့ ဒီနေ့ ၁၅.၁၁.၂၀၂၁ မွန်းလွဲပိုင်းမှာနိုင်ငံတော်ဝန်ကြီးချူပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ သူနဲ့ကတော့ အချက်သုံးချက်ဆွေးနွေးခဲ့ပါတယ်၊…
Read Moreရန်ကုန်-စစ်တွေကားလမ်းမှာ ဘုရားဖူးကား ချောက်ထဲပြုတ်ကျလို့ ၂ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ
နိုဝင်ဘာ ၁၅-၂၀၂၁ GH (VOM ) ရခိုင်ပြည်နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမှာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်၂ နာရီလောက်က ဘုရားဖူး Light Truck ကားတစီး ချောက်ထဲပြုတ်ကျခဲ့လို့ ၂ ဦးသေဆုံးပြီး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုမှာ သေဆုံးသူ အမျိုးသမီး ၂ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးကို ကျောက်တော်မြို့နယ်ပြည်သူ့ဆေး ရုံကိုပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာတွေကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ ” ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၄၀၈ နဲ့ ၄၀၉ ကြားမှာ ဖြစ်တာပါ။ကားက ကန်စောက်တောင်ကို တက်နေချိန် ဂီယာမထိန်းနိုင်ဘဲ လမ်းရဲ့ ညာဘက်က ပေ ၆၀ လောက်နက်တဲ့ ချောက်ထဲကို နောက်ပြန်ပြုတ်ကျသွားတာ။…
Read Moreထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဘန်ကောက်မှာ ဆန္ဒပြကြပြန်
ဘန်ကောက်၊ နို၀င်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူတွေဟာ မြို့တော်ဘန်ကောက်တွင် ဆန္ဒပြတာတွေ ပြုလုပ်နေပါတယ်။ နို၀င်ဘာ ၁၄ ရက်က ပြုလုပ်တဲ့ အဲဒီဆန္ဒပြပွဲမှာ လူတစ်ထောင်ကျော်ပါ၀င်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး ဆန္ဒပြပွဲမှာ လူသုံးဦးဒဏ်ရာရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘဲ တော်၀င်အဖွဲ့အစည်းကို ဖြုတ်ချရန်ကြိုးပမ်းမှုဖြစ်တယ်လို့ ထိုင်းတရားရုံးက နို၀င်ဘာ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုမှုတွေဟာ လွန်ခဲ့တဲ့နှစ်မှစပြီး ဆက်လက်ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ တော်၀င်မိသားစုရဲ့ အသုံးစရိတ်ကို လျှော့ချရန်ဖို့နဲ့ တော်၀င်မိသားစုအပေါ် ဝေဖန်တာတွေကို တားမြစ်ပိတ်ပင်ထားတဲ့ အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပေးရဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ …
Read Moreမဏိပူရနဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယက ခြံစည်းရိုးကာရံနေ
ဒေလီ၊ နို၀င်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှ ဒုက္ခသည်တွေစိမ့်၀င်မှုနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို စိစစ်နိုင်ဖို့အတွက် မဏိပူရနဲ့ထိပ်စပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာရံတာကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ မဏိပူရပြည်နယ် ၀န်ကြီးချုပ် N. Biren Singh က နို၀င်ဘာ ၁၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မဏိပူရနဲ့ထိပ်စပ်နေတဲ့ ကီလိုမီတာ ၄၀၀ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ ခြုံစည်းရိုးကာရံတာတွေကို အိန္ဒိယပြည်ထဲရေး၀န်ကြီးဌာနက စတင်နေပြီဖြစ်ပေမယ့်လည်း အချို့နေရာတွေမှာ နယ်စပ်အငြင်းပွားမှုတွေကြောင့် လုပ်ငန်းတွေရပ်တန့်ထားရပြီး ကျန်နေရာတွေမှာတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြည်နယ်၀န်ကြီးချုပ်ကပြောပါတယ်။ PLA နဲ့ MNPF တို့က အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး Viplav Tripathi နဲ့ တပ်ဖွဲ့၀င်လေးဦးအတွက် ဂုဏ်ပြုစကားပြောပြီးနောက် ၀န်ကြီးချုပ်က သတင်းမီဒီယာတွေနဲ့ တွေဆုံချိန်မှာ အခုလိုက်ပြောကြားလိုက်တာဖြစ်ပါတယ်။ PLA နဲ့ MNPF အဖွဲ့တို့ကို…
Read More