အောက်တိုဘာ ၁၁-၂၀၂၁ KT(VOM) နေပြည်တော်မှာ ဒီကနေ့မနက်ပိုင်းရဲ့ဒေါ်အောင်ဆန်းစုကြည့်တို့ရဲ့အမှုတွေနဲ့ပတ်သက်ပြီး ရုံးထုတ်စစ်ဆေးရာမှာ ပြီးခဲ့တဲ့အပတ်က လျှောက်ထားချက်ကို တရားရုံးကလက်မခံဘဲ တပတ်တခါပဲ ရုံးထုတ်စစ်ဆေးမယ်လို့ အမိန့်ချခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စာရေးပြီးတင်တဲ့ တပတ်ခြားတစ်ခါရုံးချိန်းပေးဖို့ဟာကိုတော့ ရုံးက သူနဂိုဆုံးဖြတ်ထားတဲ့အတိုင်း တပတ်တစ်ခါပဲ စစ်ဆေးမယ်လို့ အမိန့်ချလိုက်ပါတယ်”လို့ ရှေ့နေတဦးကပြောပ်တယ်။ ဒီကနေရုံးချိန်းမှာ ဘာတွေစစ်မေးခဲ့သလဲဆိုတာကို ရှေ့နေ့တဦးက” ဒီနေ့ရုံးချိန်းက ၁၁နာရီလောက်မှာပြီးသွားပါတယ်။ အရင်ရုံးချိန်းတွေလိုပဲ ၉နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့၊နောက်ဦး၀င်းမြင့်နဲ့ဆက်တွေ့ပြီး အမှုအကြောင်းဆွေးနွေးကြတာပါပဲ။ အထူးအထွေဒေါ်အောင်ဆန်းစုကြည်ဘက်ကပြောတာ မရှိပါဘူး။ အမှုခေါ်တဲ့အခါမှာတော့ ဦး၀င်းမြင့်ကို သဘာဝဘေး ၂၅ နဲ့စွဲထားတဲ့ အမှုကိုစခေါ်ပါတယ်။ အဲ့ဒီအမှုမှာ ဦး၀င်းမြင့်ကို စွဲချက်တင်ပါတယ်။ ဦး၀င်းမြင့်ကို စွဲချက်တင်တယ်။ အပြစ်ရှိသလားဆိုတော့ ဦး၀င်းမြင့်ကလည်း မရှိဘူးလို့ ပြောပါတယ်။ ပြောပြီးတော့ ပြန်ခေါ်သက်သေရှိသလားမေးတော့ ပြန်ခေါ်သက်သေ ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်တယောက်ကို ပြန်ခေါ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘာဝဘေး -၂၅ အဲ့ဒါကို…
Read MoreYear: 2021
နျူကလီးယား ရေငုပ်သင်္ဘောအချက်အလက်တွေ ရောင်းဖို့ကြိုးစားတဲ့ အမေရိကန်ရေတပ်အင်ဂျင်နီယာ ဖမ်ဆီးခံရ
ဝါရှင်တန်၊ အောက်တိုဘာ ၁၁-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်ရေတပ်အင်ဂျင်နီယာတစ်ဦးနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ နျူကလီးယားရေငုပ်သင်္ဘောရဲ့ လျှို့ဝှက်ချက်တွေကို တခြားနိုင်ငံကို ရောင်းချဖို့ကြိုးစားခဲ့တာကြောင့် ဖမ်ဆီးခံလိုက်ရပါတယ်။ ဂျိုနသန်တိုဘီဆိုသူနဲ့ ဇနီးဖြစ်သူ ဒိုင်ယာနာတို့ကို အနောက်ဗာဂျီးနီးယားပြည်နယ်မှာ အောက်တိုဘာကိုးရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက အောက်တိုဘာ ၁၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ သူတို့နှစ်ဦးဟာ နျူကလီးယားရေငုပ်သင်္ဘောဆိုင်ရာ အချက်အလက်တွေကို အသားညှပ်ပေါင်မုန်တစ်ခုအတွင်း ဝှက်ပြီး အခြားနိုင်ငံတစ်ခုမှ ကိုယ်စားလှယ်ဖြစ်တယ်လို့ ယူဆရသူတစ်ဦးထံရောင်းချဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ အသက် ၄၂ နှစ်ရွယ် မစ္စတာတိုဘီနဲ့ ၄၅နှစ်အရွယ် ဇနီးဖြစ်သူတို့ဟာ လက်ရှိမှာ အက်တမ်စွမ်းအက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတယ်လို့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မစ္စတာတိုဘီဟာ အမေရိကန်ရေတပ်ရဲ့ နျုကလီးယားစွမ်းအင်အစီအစဉ်မှယာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေကင်းရှင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ Ref: BBC…
Read Moreရန်ကုန်တိုင်းက ၃၁မြို့နယ်ကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက် ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေပိုများလာ
ရန်ကုန်၊အောက်တိုဘာ ၁၁-၂၀၂၁ KK(VOM) ရန်ကုန်တိုင်းရှိ မြို့နယ် ၃၁ မြို့နယ်ကို လူ ၅ ဦးထပ်ပိုမစုဖို့ ပုဒ်မ-၁၄၄နဲ့ ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အောက်တိုဘာ ၈ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအမိန့်စာထုတ်တဲ့နေ့မှာပဲ လှိုင်မြို့နယ်နဲ့ထန်းတပင်မြို့နယ်မှာ ဗုံးပေါက်တာတွေ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ ရဲတပ်သားတဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရပ်သား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မနေ့ အောက်ဆိုဘာ ၁၀ရက်နေ့ကလည်း အမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှု ၁၅ကြိမ်ဖြစ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ လူ(၅)ဦးထပ်ပိုမစုရ ပုဒ်မ ၁၄၄ထုတ်ပြန်ပြီးနောက် ၂ရက်အတွင်းမှာပဲ ဗုံးပေါက်ကွဲမှု၂၃ကြိမ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့တဲ့ ၃၁မြို့နယ်ထဲမှာ အရှေ့ပိုင်းခရိုင်နဲ့အနောက်ပိုင်းခရိုင်က ၂၆မြို့နယ်ပါဝင်ပြီး…
Read Moreတရုတ်နိုင်ငံရဲ့ဖိအားတွေကို ဦးမညွှတ်ဘဲ ဒီမိုကရေစီကို ကာကွယ်မယ်လို့ ထိုင်၀မ်သမ္မတပြော
တိုင်ပေ၊ အောက်တိုဘာ-၁၁-၂၀၂၁ မျိုးဆက်(VOM) ထိုင်၀မ်ကျွန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကို ဦးညွှတ်မှာဟုတ်ဘဲ ဒီမိုကရေစီကို ို ကာကွယ်သွားမယ်လို့ ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်က အောက်တိုဘာ ၁၀ ရကမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်သွားမယ်လို့တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုပြီးနောက် ထိုင်၀မ်အမျိုးသားနေ့မိန့်ခွန်းမှာ သမ္မတဆိုင်အင်း၀မ်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ သမ္မတဆိုင်အင်း၀မ်ရဲ့ မှတ်ချက်ပြုပြောဆိုတာကို တရုတ်နိုင်ငံကရှုတ်ချလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်နေတာလို့ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်ရေးအင်အားသုံးနိုင်ဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုထားပါတယ်။ မကြာသေးမီနေ့တွေအတွင်းကလည်း တရုတ်နိုင်ငံဟာ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ စစ်လေယာဉ် ၁၅၀ နီးပါးထိ စံချိန်တင်စေလွှတ်ခဲ့ပါတယ်။ သမ္မတဆိုင်အင်း၀မ်ဟာ တရုတ်နိုင်ငံအပေါ်ဆန့်ကျင်တဲ့ရပ်တည်ချက်နဲ့ ယမန်နှစ်ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ထိုင်၀မ်သည်…
Read Moreပဲခူးနဲ့သက္ကလမှာ ပစ်ခတ်မှုဖြစ်ပြီး ၁ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ
အောက်တိုဘာ ၁၁-၂၀၂၁ GH (VOM ) ပဲခူးမြို့နဲ့ သက္ကလမြို့နယ်တို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူး (၁)ဦးသေဆုံးတဲ့အပြင် ၄ ယောက်ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ သက္ကလမြို့နယ် ၊ ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မင်းဦးကို ဒီကနေ့ မနက် ၁၁ နာရီခွဲခန့်က ပဲခူး-သက္ကလကားမှတ်တိုင်နားက ကွမ်းယာဆိုင်မှာ သေနတ်နဲ့ ၅ ချက်ပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ နောက်ပြီး ပဲခူးမြို့၊မဇင်းရပ်ကွက် သရက်တောလမ်းရာအိမ်မှူးအပါအဝင် မိသားစုလိုက်ကိုလည်း ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ အမည်မသိသူတွေက နေအိမ်ကို ဆိုင်ကယ်နဲ့ရောက်လာပြီးပစ်ခတ်ခဲ့လို့ ၄ ယောက်လုံး ဆေးရုံမှာကုသမှူခံယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ပဲခူး သရက်တောလမ်းက ရာအိမ်မှူး မောင်ဦး ပစ်ခံရတယ်၊ သူ့မိန်းမရော…
Read Moreမလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခံရပြီး ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ
အောက်တိုဘာ ၊ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့ ၊ ရပ်ကွက်ကြီး ၃ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနားက မုန့်ဟင်းခါးဆိုင်ထဲမှာ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခံရတဲ့အတွက် လူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မလှိုင်မြို့ခံတွေက ပြောပါတယ်။ ” ထွေ/အုပ်ရုံးရှေ့က မုန့်ဟင်းခါးဆိုင်ထဲမှာ စားနေကြတဲ့ လူကြီးတွေ သေနတ်နဲ့ ပစ်ခံရတာ ၊ ပစ်တဲ့ သေနတ်သမား ၂ ယောက်က အဲ့ဒီဆိုင်ထဲမှာ မုန့်ဝင်စားပြီး ထအပြန်မှာ ပစ်သွားတာ ” လို့ ထွေ/အုပ်ရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုကြောင့် မုန်းဟင်းခါးစားနေတဲ့ မြို့နယ်…
Read Moreလမ်းပေါ်နေကလေးများလျော့နည်းရေး စီမံချက်နယ်မြေများအဖြစ် မြို့နယ်(၉)မြို့နယ်သတ်မှတ်
အောက်တိုဘာ ၁၁-၂၀၂၁ KK(VOM) လမ်းပေါ်နေကလေးများ လျော့နည်းစေရေးနှင့်ကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက်နယ်မြေများအဖြစ် မြို့နယ်(၉)မြို့နယ်ကို သတ်မှတ်လျာထားတယ်လို့ လှုမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ သိရပါတယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၉ရက်နေ့ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုလိုသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းက (၄)မြို့နယ်၊မန္တလေးတိုင်းက (၄)မြို့နယ်နဲ့ နေပြည်ကောင်စီမှာ (၁)မြို့နယ် ပါဝင်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “စီမံခန့်ခွဲမှုနည်လမ်းကောင်းတွေနဲ့ လုပ်ဆောင်သွားမှာပါ၊ စီမံချက်ဆောင်ရွက်ချက်အပေါ်မူတည်ပြီး နှစ်အလိုက် မြို့နယ်တွေတိုးမြှင့်ပြီး လုပ်သွားမယ်၊ ဥပဒေအရဆောင်ရွက်တဲ့အပိုင်းရယ် ကလေးမိဘတွေကို ကူညီထောက်ပံ့မှုအပိုင်းရယ် ပုံစံနှစ်မျိုးနဲ့ဆောင်ရွက် သွားမှာပါ” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ကနဦး စီမံချက်နယ်မြေတွေမှာပါဝင်တဲ့ မြို့နယ်တွေကတော့ လှိုင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ပျဉ်းမနားမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ရှိ မြို့နယ်အချို့မှာ ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းခြင်း၊…
Read Moreဇီးကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဗုံးကွဲပြီး ရဲ ၂ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရ
အောက်တိုဘာ ၁၁-၂၀၂၁ GH ( VOM ) ပဲခူးတိုင်း၊ ဇီးကုန်းမြိုအဝင်က စစ်ဆေးရေးဂိတ်မှာ မနေ့ အောက်တိုဘာ ၁၀ ရက် ည ၁၁ နာရီလောက်မှာ ဗုံးပေါက်ကွဲခဲ့လို့ ရဲ ၂ယောက်သေပြီး ဒုတပ်ကြပ်အပါအဝင် ရဲ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ ” ည၁၁နာရီဗုံးပေါက်တာ၊ ရဲ ၄ ယောက်ထိတယ် ။ ၂ ယောက်သေတယ်။တယောက်က ညကတည်းက ပွဲချင်းပြီးသေတယ်။နောက်တယောက်က အခုမနက်မှာထပ်သေတယ်။နောက်ထပ်၂ ယောက်က ဒဏ်ရာတယ်။ ဒဏ်ရာပြင်းတယ်လို့သိရတယ်” လို့ ဒေသခံတဦးက ပြောပါတယ် ။ သေဆုံးသူတွေဟာ စစ်ဆေးဂိတ်တာဝန်ကျ ရဲတပ်သား သင်္ကြန်အောင် နဲ့ ရဲတပ်သား ဝင်းမော်ဦးတို့ဖြစ်ပြီး ၊ ဒဏ်ရာရသူတွေကတော့ ရဲဒုတပ်ကြပ် ပြည့်စုံအောင် နဲ့…
Read Moreဒီပဲယင်းမြို့နယ်ထဲက သစ်ရာအိုက် ရဲကင်းစခန်း ဗုံးကွဲပြီး၊ မီးလောင်
အောက်တိုဘာ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ သစ်ရာအိုက် ရဲကင်းစခန်းမှာ မနေ့ အောက်တိုဘာ ၁၀ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှု့ထစ်ပြီး မီးလောင်ခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတွေက ပြောပါတယ်။ ” မနေ့ကည ၉ နာရီဝန်းကျင်လောက်မှာ ရဲစခန်းဘက်ကနေ ပေါက်ကွဲသံကြားတယ် ၊ အဲ့ဒီနောက် အချိန်မကြာလိုက်ဘူး ရဲစခန်းမီးလောင်တာ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်သွားတဲ့ ရဲစခန်းနဲ့ ပတ်သက်ပြီး သစ်ရာအိုက်ရွာခံတွေရဲ့ ဒီကနေ့မနက်ပိုင်း မြင်တွေ့ရတာက ရဲစခန်းရုံး အဆောက်အဦးအပါအဝင် ရဲမိသားစုတွေ နေတဲ့ တန်းလျားအဆောက်အဦး ၂လုံး မီးလောင်ထားတယ် သိရပါတယ်။ အဲ့ဒီ သစ်ရာအိုက်ရဲကင်းစခန်းက ရဲတွေနဲ့ ရဲမိသားစုတွေဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကစလို့ ရဲစခန်းမှာ…
Read Moreမုံရွာမြို့နယ်ထဲက လက်ယက်ကန်းလုပ်ငန်းတွေ ချည်ဈေးမြင့်တက်မှု့နဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရပ်နားရဖွယ်ရှိနေ
အောက်တိုဘာ ၁၁-၂၀၂၁ ထွန်းတောက်(VOM) မုံရွာမြို့နယ်ထဲက ကျောက်စစ်ပုံတောင်ရွာ၊မြောက်ရွာ၊ ခိုးသန်း၊ တောင်ပုလူ၊ ကျွဲရဲ စတဲ့ရွာပေါင်း (၂၀) ကျော်မှာ တပိုင်တနိုင်လက်ယက်ကန်းလုပ်ငန်းကို အများအပြားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ လက်ယက်ကန်းလုပ်ငန်းဟာ အဲ့ဒီဒေသမှာ မိရိုးဖလာ လုပ်ငန်းတခုလိုဖြစ်နေပြီး ယောက်ျားလေးရော မိန်းကလေးပါလုပ်ကိုင်လို့ရတဲ့ လုပ်ငန်းတခုလည်းဖြစ်ပါတယ်။ အဲ့ဒီလက်ယက်ကန်းလုပ်ငန်းတွေမှာ ပြည်တွင်းဈေးကွက်ကိုတင်ပို့ရောင်းချတဲ့ ရိုးရိုးဗလာချည်ထည်တွေကို ယက်လုပ်ကြသလို ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချတဲ့ တိုင်းရင်းသားရိုးရာ ပွင့်ကောက်ဒီဇိုင်းထွင်ချည်ထည်တွေကိုလည်း ယက်လုပ်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ချည်ဈေးတွေအဆမတန်မြင့်တက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပြည်တွင်းဈေးကွက်ကို တင်ပို့ရောင်းချတဲ့ ရိုးရိုးဗလာချည်ထည် ယက်ကန်းခုံတွေရပ်နားထားရပြီး ပြည်ပကိုတင်ပို့တဲ့ တိုင်းရင်းသားရိုးရာ ဝတ်စုံတွေယက်လုပ်တဲ့ ယက်ကန်းခုံတချို့သာ ယက်လုပ်နေကြရတာဖြစ်ပါတယ်။ ဒီတိုင်းရင်းသားရိုးရာချည်ထည်တွေကို ရက်လုပ်တဲ့နေရာမှာ ဒီဇိုင်းဖော်တဲ့သူ (ယက်ကန်းအခေါ် ဖဲနှပ်ကောက်သူတွေ)အနေနဲ့ ယက်ကန်းတခုံ ဖဲနှပ်ကောက်တဲ့နေရာမှာ လုပ်အားခကို ဒီဇိုင်းပေါ်မူတည်ပြီး (၄) သောင်းကနေ (၃)သိန်းခွဲအထိရရှိကြသလို ယက်ကန်းခတ်သူတွေမှာလည်း လုံချည်တကွင်းကို (၁၀၀၀၀)ကနေ (၂၅၀၀၀)အထိရရှိကြတယ်လို့ ပြောကြပါတယ်။ ဒီယက်ကန်းခုံတွေက ထွက်ရှိတဲ့…
Read More