ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင်အချို့ ပြန်လည်လွှတ်မြောက်

မတ် ၂-၂၀၂၂
Voice Of Myanmar
 
နစကလက်ထက်မှာ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင်အချို့ကို ဒီကနေ့မှာပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
 
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOMကဆက်သွယ်ကြည့်ရာ “ဟုတ်ပါတယ် ၊ ဒီနေ့ လွှတ်ပါမယ်”လို့ အတည်ပြုပြောပါတယ်။
 
နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်များဖြစ်သည့် ပိုင်တံခွန်(သရုပ်ဆောင်)၊ လူမင်း(သရုပ်ဆောင်)၊ ပြေတီဦး (သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင်(သရုပ်ဆောင်)တို့အား အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်း(Beauty Blogger)အား ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာ ဝိုင်း အပေါ် အရေးယူထားသည့်ပြစ်မှုအား ပိတ်သိမ်းပေးခဲ့ကြောင်း ဆိုပြီး သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရုပ်ရှင်သရုပ်ဆောင်အချို့ #ပြန်လွှတ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW