တစ်လက်ကိုင်ဆေး

ဆူးငှက် မန္တလေးရတနာပုံနေပြည်တော်မှာ သမားတော်ကြီး ဆရာခဲဟူ၍ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက နာမည်ကြီးခဲ့သော သမားတော်ကြီးတစ်ဦးရှိ၏။ ရွှေနန်းတော်အတွင်း၌ မင်းသုံး သူငယ်နာအထူးကုသမားတော်ကြီးဖြစ်သည်။ ဆရာခဲကြီး မရှိတော့သောအခါ ဆရာခဲ၏သား ဆရာညိုက ဆေးကုအမွေကို ဆက်ခံသည်။ ဆရာညို၏ တပည့်က ဦးလှဘော်ဖြစ်၏။ ဦးလှဘော်ကို ဆရာညိုက တူမဖြစ်သူ ဒေါ်ကျော်နှင့်ပေးစားသည်။ ဦးလှဘော်၏တပည့်မှာ ကိုအောင်ကြီးဟု ဆိုသည်။ ဦးလှဘော်ဆေးကုသွားလေရာသို့ ဆေးအိတ်ကိုင်၍ လိုက်ရသည့် တပည့်ဖြစ်သည်။ ဦးလှဘော်ကလည်း တပည့် ကိုအောင်ကြီးကို သူ့ခယ်မ တုတ်တုတ်နှင့် ပေးစားသည်ဟု ဖတ်မှတ်ရဖူးသည်။ သူငယ်နာအထူးကုသမားတော်ကြီး ဦးလှဘော်ကို ကိုလိုနီခေတ်က မန္တလေး၏မိဘတိုင်း မရင်းနှီးသူ မရှိကြဟု ဆိုသည်။ ဆရာကြီးဦးလှဘော်တွင် သားသမီး ၆ယာက်ရှိရာ ၂ ဦးက ဆရာကြီး၏ပညာကို ဆက်ခံသည်ဟု ဆို၏။ မြေးအထိပင် ဆက်ခံသည်ဟု သိရှိရဖူးသည်။ ဆရာညိုသမီးဒေါ်အေး၏ သူငယ်နာဆေးများကလည်း ယခုအထိ မိဘတိုင်းက လက်မလွှတ်ရသေး….။…

Read More

ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ရုတ်တရက်ပိတ်

မတ် ၂-၂၀၂၂ VOM (GG)   မြန်မာ – တရုတ်နယ်စပ် အဓိကကုန်သွယ်ရာဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ကို ဒီကနေ့ မတ်လ ၂ ရက်နေ့ကစပြီး ယာယီပြန်လည်ပိတ်လိုက်တယ်လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   ကျင်စန်းကျော့ဂိတ်ကနေ ကုန်သွယ်ရာတွက် ရှန်တိန်ကားမောင်းနေတဲ့ တရုတ်ယာဉ်မောင်းတွေထဲက ယာဉ်မောင်း တစ်ဦးမှာ အိုမီခရွန်မျိုးကွဲသစ်ကိုဗစ်ပိုးတွေ့ရှိရတာကြောင့် နယ်စပ်ဂိတ်ကို ပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။   ” ဒီမနက် ၂ ရက်နေ့ မနက်၆နာရီ ကစပြီးတော့ ပိတ်လိုက်ပါတယ်၊ဘယ်နှရက်ပိတ်မယ်ဆိုတာကတော့ ရက်တော့သိပ်မကြာပါဘူး။မကြာခင်ပြန်ဖွင့်မယ်ကြားပါတယ်။ပိုးတွေ့တာက ရှန်တိန်မောင်းတဲ့ယာဉ်မောင်းပဲ ၊သူတို့တရုတ်နိုင်ငံသားပဲ သူ့ကိုအကောက်ခွန်ဂိတ်မှာစစ်လိုက်တော့ အိုမီခရွန်ပိုးတွေ့တာ။ “လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ် ။   ကျင်စန်းကျော့ဂိတ်အပြင် ကချင်ပြည်နယ်ထဲက လွယ်ကျယ်နယ်စပ်ဂိတ်ကိုလည်း မနေ့မတ်လ ၁ ရက်နေ့ကစပြီးပိတ်လိုက်ကြောင်း၊ ချင်းရွှေဟော်ဂိတ်ကိုလည်းဖေဖော်ဝါရီလ ၂၆ ရက်နေ့ကတည်းက ပြန်ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။  …

Read More

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု ခြောက်ရက်မြောက် အခြေအနေ

(ယူကရိန်းတောင်ပိုင်းမှာ ရုရှားစစ်ဘက် အားသာနေ)   မတ်-၂-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုပြုလုပ်နေတာဟာ ခြောက်ရက်မြောက်ရှိနေပြီဖြစ်ပြီး စစ်ရေးဖိအားတိုးမြှင့်နေတဲ့ရုရှားအနေနဲ့လည်း နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။   လက်ရှိမှာတော့ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ ခုခံစစ်ကြောင့် ထင်တိုင်းမပေါက်တာတွေလည်းရှိနေပါတယ်။   -ကိယက်ဗ် ယူကရိန်းမြို့တော် ကိယက်ဗ်ကတော့ ရုရှားရဲ့ အဓိကစစ်ဆင်ရေးနေရာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့၀င်တွေဟာ မြို့ရဲ့ မြို့ရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်တို့ကနေ စစ်ရေးလှုပ်ရှားနေကြပါတယ်။ မြို့ရဲ့မြောက်ဘက်ကိုချီတက်လာတဲ့ မိုင် ၄၀ လောက်ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းကတော့ မြို့ကို အနောက်ဘက်ကနေ တိုက်ခိုက်မှုအတွက် ကူညီထောက်ပံ့ပေးဖို့ရှိနေတယ်လို့ အကဲခတ်တွေက ပြောဆိုထားပါတယ်။   -ခါကိဗ် ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းက ဒုတိအကြီးဆုံး ခါကိဗ်မြို့ဟာလည်း ရုရှားစစ်တပ်က ၀င်ရောက်ထိန်းချုပ်ဖို့ စစ်ရေးလှုပ်ရှားနေတဲ့မြို့ထဲမှာ ပါ၀င်နေပြီး မတ် ၂ ရက်မှာတော့ လေကြောင်းကနေ ပစ်ခတ်တာတွေနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။…

Read More

ခါကိဗ်မြို့ကို ရုရှားလေကြောင်းချီတပ်ဖွဲ့ ဆင်းသက်၊ ကာကွယ်ရေးသမားတွေနဲ့ တိုက်ပွဲပြင်းထန်နေ

ကိယက်ဗ်၊ မတ်-၂-၂၀၂၂ မျိုးဆက်(VOM)   ရုရှားလေထီးစစ်သားတွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့ကို မတ် ၂ ရက်မှာ ဆင်းသက်လာပြီးနောက် ယူကရိန်းကာကွယ်ရေးသမားတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ယူကရိန်း စစ်တပ်ကပြောပါတယ်။   ရုရှားလေကြောင်းချီတပ်တွေဟာ ခါကိဗ်မြို့ကို ဆင်းသက်လာပြီး ဒေသခံဆေးရုံတခုကို တိုက်ခိုက်ခဲ့ကာ ယူကရိန်းကာကွယ်ရေးသမားတွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   လူသူထူထပ်တဲ့ မြို့ပြလူနေဒေသတွေကို ရုရှားတပ်တွေက တိုက်ခိုက်မှုအရှိန်မြှင့်တင်နေပြီး ဒါဟာ ဗြောင်ကျကျ အကြမ်းဖက်တိုက်ခိုက်တာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။   ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ဘယ်သူကိုမှ ခွင့်လွှတ်မှာမဟုတ်သလို ဘယ်သူ့ကိုမှလည်း မေ့မှမဟုတ်ကြောင်း ခါကိဗ်မြို့ကို ရုရှားကဒုံးပျံများဖြင့် တိုက်ခိုက်မှုအပြီးမှာ ယူကရိန်းသမ္မတကပြောပါတယ်။   ခါကိဗ်မြို့ကို မတ် ၁ ရက် ရုရှားတို့ရဲ့တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေး၀န်ကြီးဌာနက…

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၂၄၀၀၀ ကျော်ထိ ရောက်ရှိနေ

ဒေလီ၊ မတ်-၂-၂၀၂၂ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၂၄၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက မတ် ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ထိ မြန်မာဒုက္ခသည် ၂၄၂၈၉ ဦးဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတယ်လို့ ပြည်နယ်အစိုးရရဲ့မှတ်တမ်းတွေမှာ စာရင်းသွင်းထားကြောင်း ပြည်နယ်၀န်ကြီးချုပ်က လွှတ်တော်ကိုအသိပေးထားပါတယ်။   အထူးသဖြင့် ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ထပ်မံထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ မကြာသေးမီက ပိုမိုများပြားလာတယ်လို့ သူကဆိုပါတယ်။   မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပြည်နယ်အစိုးရ ၊ အင်န်ဂျီအိုအဖွဲ့တွေနဲ့ အခြားလူမှုအသင်းအဖွဲ့တွေက အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ ကူညီပေးနပြီး ပြည်နယ်အစိုးရကလည်း ရန်ပုံငွေထုတ်ပေးထားတယ်လို့ ပြည်နယ်၀န်ကြီးချုပ်က ပြောပါတယ်။   မီဇိုရမ်ပြည်နယ်ဟာ…

Read More

ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင်အချို့ ပြန်လည်လွှတ်မြောက်

မတ် ၂-၂၀၂၂ Voice Of Myanmar   နစကလက်ထက်မှာ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင်အချို့ကို ဒီကနေ့မှာပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။   အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOMကဆက်သွယ်ကြည့်ရာ “ဟုတ်ပါတယ် ၊ ဒီနေ့ လွှတ်ပါမယ်”လို့ အတည်ပြုပြောပါတယ်။   နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်များဖြစ်သည့် ပိုင်တံခွန်(သရုပ်ဆောင်)၊ လူမင်း(သရုပ်ဆောင်)၊ ပြေတီဦး (သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင်(သရုပ်ဆောင်)တို့အား အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်း(Beauty Blogger)အား ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာ…

Read More

အဏုမြူလက်နက်ကိုင်ထားတဲ့ နေတိုး နဲ့ ရုရှားအကြားစစ်ဖြစ်တော့မလား

စစ်ရေးအကဲခတ်တွေ တွက်ထားသလိုဘဲ ယူကရိန်းရဲ့ ဒုတိယမြို့တော် ကာကစ်ဗ် ကို ရုရှား လက်နက်ကြီးတွေ ဗုံးတွေနဲ့ မညှာမတာ ပစ်ခတ်နေသလို မြို့တော် ကီယက်ဖ် မှာလည်း အချက်ပြဥသြဆွဲသံတွေ ပိုစိတ်လာနေပါတယ်။   – ကီယက်ဖ်မြို့စွန်မြို့ဖျားက အဆောက်အဦမြေအောက်ထပ်မှာ ခိုနေကြတဲ့ ဘီဘီစီသတင်းထောက်တွေက အဝေးကပစ်ခတ်သံတွေအရှိန်နဲ့ သူတို့နေတဲ့ အဆောက်အဦတောင်တုန်ခါသွားတယ်လို့ ပြောပါတယ်။   – နယ်စပ်မှာနေရာယူထားတဲ့ ရုရှားစစ်တပ် ရဲ့ ၇၅ ရာခိုင်နှုန်းဟာ ယူကရိန်းနိုင်ငံထဲမှာ ရောက်နေပြီလို့ ပန်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။   – ရုရှားတင့်ကားတွေ အမြောက်တင်ကားတွေပါတဲ့ မိုင်၄၀ ရှည်တဲ့ ရုရှားစစ်ယာဥ်တန်းကြီး မြို့တော်ကီယက်ဖ်ဆီ ဦးတည်သွားနေပါတယ်။   – ရုရှားက ယူကရိန်းနိုင်ငံထဲ စနေနေ့က မစ်ဇိုင်းဒုံး အလုံး ၂၅၀၊ တနင်္ဂနွေနေ့က အလုံး ၃၂၀ ပစ်လွှတ်တယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိက အတည်ပြုပါတယ်။…

Read More

မြစ်ကြီးနားရှိ ပုဂ္ဂလိကဆေးရုံတစ်ခုက သူနာပြုဝန်ထမ်းတွေ အလုပ်ချိန်နဲ့ လုပ်ခလစာကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြ

မတ် ၂-၂၀၂၂ စိုးပိုင် (VOM)   ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ စျေးကြီးလမ်းပေါ်က ပုဂ္ဂလိက အထူးကုဆေးရုံ အသစ်တခုဖြစ်တဲ့ ရင်စိန်ဆေးရုံမှာ မနေ့ မတ်လ ၁ရက်နေ့ကစပြီး သူနာပြုဝန်ထမ်း ၅၀ ဝန်းကျင်ဟာ အလုပ်ချိန်နဲ့ လုပ်ခ လစာ ညှိနှိုင်းမရတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြကြနေတယ်လို့ အဲ့ဒီဆေးရုံရဲ့ ကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။   ” အလုပ်စတင်လျှောက်ထားတုန်းက အလုပ်ရှင် ၊ အလုပ်သမား နှစ်ဦးသဘောတူခဲ့တဲ့ အလုပ်ချိန်က တစ်လကို နာရီပေါင်း၂၄၀ ဖြစ်တယ်၊ အလုပ်ရှင်ဘက်က နာရီပေါင်း ၆၀ ထပ်တိုးခိုင်းလာပြီး လုပ်အားခကျ ထပ်တိုးမပေးတာကြောင့် ဆက်ပြီး အလုပ်ဆင်းဖို့ မပြေလည်တဲ့အတွက် အခုလို အလုပ်မဆင်းဘဲ ဆန္ဒပြနေတာ ” လို့ ဆန္ဒပြရာမှာ ပါဝင်နေတဲ့ သူနာပြုတယောက်က ပြောပါတယ်။   ရင်စိန် ဆေးရုံဟာ…

Read More
VOM News

FREE
VIEW