အာဆီယံအထူးသံတမန် Prak Sokhonn ယခုလနှောင်းပိုင်းမှာ မြန်မာနိုင်ငံလာမယ်

ဖနွမ်းပင်၊ မတ်-၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဟာ ယခုလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံက မတ် ၂ ရက်မှာ ကြေညာလိုက်ပါတယ်။ ကမ္ဘောဒီးယား ဒုတိယ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Prak Sokhonn ဟာ မြန်မာနိုင်ငံကို မတ် ၂၀ ရက်ကနေ ၂၃ ရက်ထိ လာရောက်မှာဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ထားပါတယ်။ သူဟာ မြန်မာနိုင်ငံရေးအကြပ်အတည်းမှာ ပါ၀င်သူအားလုံးနဲ့ စေ့စပ်ညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်သူ အာဆီယံအထူးသံတမန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ကမ္ဘောဒီးယားဟာ ယခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာ၀န်ယူထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ငါးချက်ကို ရရှိခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေထဲမှာ စေ့စပ်ညှိနှိုင်းရေးတွေ အဆင်ပြေချောမွေ့စေဖို့အတွက် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံအထူးသံတမန်တစ်ဦးခန့်အပ်ဖို့တွေလည်း ပါ၀င်ပါတယ်။ အာဆီယံအထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုတွေနဲ့ တွေ့ဆုံဖို့ကို…

Read More

ယူကရိန်းစစ်ပွဲ ၇ ရက်မြောက်အခြေအနေ

– ယူကရိန်းမှ, သေဆုံးသူ ၂၀၀၀ ကျော်သွားပါပြီ။   – တောင်ပိုင်း ခါဆွန်မြို့ကို ရုရှားဘက်က ထိန်းချုပ်လိုက်ပါပြီ။   – ရုရှားစစ်သား ၅၀၀ သေဆုံးပြီး ၁၆၀၀ ထိခိုက်ဒဏ်ရာရတယ်လို့ ရုရှားက တရားဝင် ထုတ်ပြန်လိုက်တယ်။   – ယူကရိန်းဘက်ကတော့ သေဆုံးတဲ့ ရုရှားစစ်သား ၆၀၀၀ ခန့် ရှိတယ်လို့ဆိုပါတယ်။   – ကုလသမဂ္ဂထုတ်ပြန်ချက်အရ ယူကရိန်းနိုင်ငံကနေ ထွက်ခွာလာတဲ့ စစ်ပြေးဒုက္ခသည် ၁ သန်းရှိသွားပါပြီ။   – McKenzie Intelligence Services က ထုတ်ပြန်လိုက်တဲ့ စက်တလိုက်ဓါတ်ပုံတွေ မှာတွေ့ရတဲ့ ရုရှားစစ်ယာဥ်တန်းက အခုအထိ နေရာက သိသိသာသာ မရွေ့သေးတာတွေ့ရပါတယ်။ ဒါဟာ ရုရှားဘက်က အခြေအနေကိုပြန်သုံးသပ်တာ ဖြစ်နိုင်သလို အင်အားပြန်စုတာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် ဆီပြတ်သွားလို့ သော်၎င်း စစ်သားတွေ…

Read More

အမေရိကန်-အာဆီယံ အထူးအစည်းအဝေး မြန်မာဘက်က နိုင်ငံရေးသမား မဟုတ်သူကိုသာ ဖိတ်မည်

၀ါရှင်တန်၊ မတ်-၃-၂၀၂၂ မျိုးဆက်(VOM)   ယခုလအတွင်း ဝါရှင်မှာကျင်းပမယ့် အမေရိကန်-အာဆီယံ အထူးအအစည်းအဝေးမှာ အာဆီယံအဖွဲ့နည်းတူ မြန်မာဘက်က ကိုယ်စားလှယ်ကို နိုင်ငံရေးသမားမဟုတ်သူကိုသာ ဖိတ်ကြားသွားမယ်လို့ အမေရိကန်ဘက်က မတ် ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   သမ္မတဂျိုးဘိုင်ဒင်ဟာ မတ် ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ အထူးအစည်းအဝေးတစ်ရပ်ကို ဝါရှင်တန်မှာ လက်ခံကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။   မြန်မာနိုင်ငံက နိုင်ငံရေးသမားမဟုတ်တဲ့ ကိုယ်စားကို အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ဖိတ်ကြားဖို့ အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ကထောက်ခံပြီး ဒီနည်းလမ်းအတိုင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။   မြန်မာအာဏာပိုင်တွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်မဖော်ခဲ့တာနဲ့ပတ်သက်ပြီး တာ၀န်ခံသင့်တယ်လို့ သူကဝေဖန်ပြောဆိုထားပြီး မြန်မာဘက်က ဘယ်သူ့ကိုဖိတ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။   အမေရိကန်-အာဆီယံ အထူးအစည်းအဝေးမတိုင်ခင်မှာတော့ ကမ္ဘောဒီးယားနိုင်ငံကခန့်အပ်ထားတဲ့ အာဆီယံအထူးသံတမန်ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။…

Read More

ရှရှား -ယူကရိန်း စစ်ဖြစ်လို့ မြန်မာပြည်တွင်းစားတော်ပဲ ဈေးတက်ပြီး ထပ်တက်နိုင်ကြောင်း ပဲကုန်သည်တွေသုံးသပ်

မတ်၃-၂၀၂၃ SM(VOM) ရှရှား -ယူကရိန်း စစ်ဖြစ်ပွားမှုကြောင့် မတ်လဆန်းပိုင်းရက်ကစပြီး ပြည်တွင်းသုံးကျွန်းစားတော်ပဲ ဈေးတက်လာသလို ဆက်တက်နိုင်ကြောင်း ပဲကုန်သည်တွေက ပြောပါတယ်။ ပြည်တွင်းကို တရုတ်လိုင်းကနေတင်သွင်းတဲ့ ကနေဒါ၊ယူကရိန်း ပဲတွေ ဝင်ရောက်လာခြင်းမရှိတော့တာကြောင့် ပြည်တွင်းကျွန်းစားတော်ပဲက ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း လက်ရှိပေါက်ဈေးက နည်းနေသေးကြောင်း နှင့် မနှစ်က ပဲရာသီကုန် ပေါက်ဈေး တအိတ် ကျပ် ၃၀၀၀၀၀ ကျော်ခဲ့ ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောပါတယ်။ “ ဒီရက်ပိုင်းပဲမာလိုင်းတွေ တစ်အိတ်ကျပ် ၅၀၀၀-၁၀၀၀၀ ဈေးမြင့်တက်လာတယ်။ ပို့ကုန်ပဲမဟုတ်ဘဲ ပြည်တွင်းသုံးပဲထဲ က ထူးထူးခြားခြား ဈေးမြင့်တက်လာတာကတော့ ကျွန်းစားတော်ပဲပါ ။ တစ်ရက်ကို ၁၀၀၀၀-၂၀၀၀၀ လောက်ဈေးတက်လာတာ ဒီနေ့ဆိုရင် တစ်အိတ်ကျပ် ၂၇၀၀၀၀ ထိ ပေါက်ဈေးဖြစ်သွားတယ်။ ဆက်တက်နိုင်ခြေရှိသေးသည်။ ကျွန်းစားတော်ပဲက ဖေဖော်ဝါရီလ ဆန်းပိုင်းပဲ အသစ်ဝင်လာချိန်မှာ တစ်အိတ်ကျပ် ၂၀၀၀၀၀ ထိ…

Read More

ချဲလ်ဆီးအသင်းပိုင်ရှင်ရုရှားသူဌေးက ချဲလ်ဆီးကိုရောင်းပြီး ယူကရိန်းဒုက္ခသည်တွေအတွက် အကုန်လှူမယ်လို့ ဆုံးဖြတ်

မော်စကို၊ မတ်-၃-၂၀၂၂ မျိုးဆက်(VOM) ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျှံနာ အေဗရာမိုဗစ်ခ်ျဟာ ချဲလ်ဆီးအသင်းကို ရောင်းချဖို့စီစဉ်နေပြီး ရောင်းရငွေကို ယူကရိန်းစစ်ဘေးဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ် အေဗရာမိုဗစ်ခ်ျဟာ ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတယ်လို့ စွပ်စွဲခံထားရပြီး သူကတော့ ငြင်းဆိုထားပါတယ်။ ဗြိတိန်ပါလီမန်မှာတော့ သူ့အပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ့် အရိပ်အယောင်တွေရှိနေချိန်မှာ အသင်းကိုရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အသင်းကို ၀ယ်ယူဖို့အတွက် လာရောက်ကမ်းလှမ်းမှုတွေရှိနေပြီး ရောင်းရငွေအားလုံးကို ယူကရိန်းစစ်ဘေးဒုက္ခသည်တွေကို လှူဒန်းသွားမှာဖြစ်တယ်လို့ အေဗရာမိုဗစ်ခ်ျကဆိုပါတယ်။ လက်ရှိအခြေအနေမှာ ကလပ်အသင်း၊ ပရိတ်သတ်၊ ၀န်ထမ်းတွေအပြင်ကလပ်ရဲ့ စပွန်ဆာနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးလို့ယူဆတာကြောင့် ကလပ်ကိုရောင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သူကပြောပါတယ်။ ရောင်းချမှုကနေရရှိတဲ့ ငွေအားလုံးကို လှူဒန်းမယ့် ပရဟိတဖောင်ဒေးရှင်းတခုထူထောင်ဖို့ မိမိအဖွဲ့ကိုညွှန်ကြားထားပြီး ဒီဖောင်ဒေးရှင်းကတဆင့် ယူကရိန်းစစ်ပွဲမှာ ထိခိုက်နစ်နာသူတွေကို လှူဒန်းသွားမှာဖြစ်တယ်လို့ အေဗရာမိုဗစ်ခ်ျက ထုတ်ဖော်ပြောဆိုပါတယ်။ #voiceofmyanmar #VOM #ချဲလ်ဆီးအသင်း…

Read More
VOM News

FREE
VIEW