ရုရှားနိုင်ငံတ၀န်းမှာ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ် ၊ လူ ၄၃၀၀ ကျော်ဖမ်းဆီးခံရ

မော်စကို၊ မတ်-၇-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားနိုင်ငံတ၀န်းမှာ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပြီး ဆန္ဒပြသူ ၄၃၀၀ ကျော်ဟာ မတ် ၆ ရက်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။
 
မော်စကိုတမြို့တည်းမှာပင် လူ ၁၇၀၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ ရုရှားပြည်ထဲရေး၀န်ကြီးဌာနကို ကိုးကားပြီး အာအိုင်အေ သတင်းဌာနက ဖော်ပြထားပါတယ်။
 
ဖမ်းဆီးမှုတွေကိုတော့ မြို့ပေါင်း ၅၃ မြို့မှာ ပြုလုပ်ခဲ့တယ်လို့ OVD-Info လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။
 
ရုရှားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ တိုးမြှင့်ထားပေမယ့်လည်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆန္ဒပြမှုအများအပြား ဖြစ်ပွားနေပါတယ်။
 
ယူကရိန်းကို ကျူးကျော်မှု ၁၁ ရက်တာကာလအတွင်းမှာ လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ OVD-Info အဖွဲ့ကပြောပါတယ်။
 
ရုရှားနိုင်ငံအနေနဲ့ ကြောက်ရွံ့ပြီး သူရဲဘောကြောင်တဲ့ နိုင်ငံမဖြစ်သင့်ကြောင်း ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီက ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပြီး ယူကရိန်းကို ကျူးကျော်မှုနဲ့ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေ နေ့စဉ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။
 
Ref: BBC
Photo:AFP/ AP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW