သီပေါ KBZ ဘဏ်ဓားပြတိုက်ခံရမှုက တရားခံ ၆ ဦးကို ငွေကျပ် ၈၄၅ သိန်းနဲ့အတူဖမ်းမိ

မတ် ၇-၂၀၂၂ VOM (GG)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်၊ သရဖီလမ်းရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး တရားခံ ၆ ဦးကို ငွေ ၈၄၅ သိန်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။   အဲ့ဒီ၆ဦးကို မတ်လ ၆ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မိန်းကလေးနှစ်ယောက်နဲ့ယောက်ျားလေး ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။   အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး VOMက နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းရာမှာတော့ “၂၀၂၂ခုနှစ် မတ် ၆ ရက်နေ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တရားခံ ကျား ၄ ဦး မ ၂ ဦး ပေါင်း ၆ ဦးတို့ကို သိန်း ၈၄၅ ကျပ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ပါတယ်။   “ဘဏ်ကို DAIA အမျိုးအစားအဖြူရောင်ကားနဲ့ရောက်လာပြီး အမျိုးသား…

Read More

ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်ထားလို့ တရုတ် ငှက်ပျော ကုန်သည်တွေ ဆန္ဒပြ

မတ် ၇-၂၀၂၂ Shy V (VOM)   တရုတ်-မြန်မာ နယ်စပ်၊ ယူနန်ပြည်နယ်၊ ပေါက်ရှန်း ခရိုင်၊ ထင်ချုံးမြို့နယ်၊ ဟိုချောင်ဝ်ကုန်သွယ်ရေးကွင်းမှာ ဒီကနေ့မနက်ပိုင်းမှာ ကံပိုင်တည် နယ်စပ်ဂိတ် ပိတ်ထားလို့ ဆုံရှုံးမှုများ နေတာကြောင့် တရုတ် ငှက်ပျော ကုန်သည်တွေ ဆန္ဒပြနေကြတယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   “ကံပိုင်တည်ဘက်၊ တရုတ်ဘက်ထဲ ငှက်ပျောကုန်သည်တွေ ဒီနေ့ ဆန္ဒ ပြနေကြတာ ဟိုချောင်ဝ် ကွင်းမှာ။ ကံပိုင်တည် နဲ့ ၅ မိုင်လောက်ပဲဝေးတယ်။ သူတို့ ငှက်ပျောကားတွေ မြန်မာဘက်ခြမ်း ကံပိုင်တည်ဘက် အစီး ၈၀၀ လောက် ပိတ်မိနေလို့ တရက်ကို တရုတ်ငွေ သိန်း ၂၀၀၀ ဝန်းကျင် နစ်နာ ဆုံးရှုံးနေရတယ်။ ငှက်ပျောသီးတွေ အကုန်လုံး ပုပ်ကုန်ပြီ။ ကိုဗစ် ရောဂါထိန်းချုပ်တဲ့အဖွဲ့ ဗဟိုက…

Read More

ရုရှားနိုင်ငံတ၀န်းမှာ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ် ၊ လူ ၄၃၀၀ ကျော်ဖမ်းဆီးခံရ

မော်စကို၊ မတ်-၇-၂၀၂၂ မျိုးဆက်(VOM)   ရုရှားနိုင်ငံတ၀န်းမှာ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပြီး ဆန္ဒပြသူ ၄၃၀၀ ကျော်ဟာ မတ် ၆ ရက်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။   မော်စကိုတမြို့တည်းမှာပင် လူ ၁၇၀၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ ရုရှားပြည်ထဲရေး၀န်ကြီးဌာနကို ကိုးကားပြီး အာအိုင်အေ သတင်းဌာနက ဖော်ပြထားပါတယ်။   ဖမ်းဆီးမှုတွေကိုတော့ မြို့ပေါင်း ၅၃ မြို့မှာ ပြုလုပ်ခဲ့တယ်လို့ OVD-Info လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။   ရုရှားနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ တိုးမြှင့်ထားပေမယ့်လည်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆန္ဒပြမှုအများအပြား ဖြစ်ပွားနေပါတယ်။   ယူကရိန်းကို ကျူးကျော်မှု ၁၁ ရက်တာကာလအတွင်းမှာ လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ OVD-Info အဖွဲ့ကပြောပါတယ်။   ရုရှားနိုင်ငံအနေနဲ့ ကြောက်ရွံ့ပြီး သူရဲဘောကြောင်တဲ့ နိုင်ငံမဖြစ်သင့်ကြောင်း…

Read More

ချင်းတွင်းမြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေ ရေယာဥ်တွေရောင်းပြီး အလုပ်တွေပြောင်းနေ

မတ် ၇-၂၀၂၂ SP (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာ ဆိပ်ကမ်းကနေ ခန္တီးမြို့အထိ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ ပို့ဆောင်ရေးသုံး ရေယာဥ် (မော်တော်)တွေကို ရောင်းချပြီး တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်နေတဲ့အတွက် ရေယာဥ် အရောင်းအဝယ် စျေးကွက်ဟာ မုံရွာ ဆိပ်ကမ်းမှာ နေ့စဥ်လိုလို ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   ” အဓိက အရောင်းအဝယ်ဖြစ်တဲ့ ရေယာဥ်အမျိုးအစားက ၊ ကုန်တင်ယာဥ်တွေဖြစ်တယ် ၊ ဧရာဝတီမြစ်ကြောင်းဘက် လုပ်ငန်းရှင်တွေက လာဝယ်ကြတာပါ ၊ အရောင်းအဝယ် နေ့တိုင်းဖြစ်တယ် ” လို့ ချင်းတွင်းမြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။   ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းမှာ ဆွေစဥ်မျိုးဆက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်လာခဲ့တဲ့ ဝါရင့် လုပ်ငန်းရှင်တယောက်က” ရေလမ်းကြောင်းကနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေက ရပ်နားထားရတာ တစ်နှစ်ကျော်ပြီ ၊…

Read More

လျောက်ပတ်တင့်တယ်၊ရွေးချယ်မျိုးနွယ်တူဆွေ

ဆူးငှက် သည်ရက်ပိုင်း အိမ်မှာ မင်္ဂလာဆောင်ဖိတ်စာများနှင့်အတူ စေ့စပ်ကြောင်းလမ်းပွဲဖိတ်စာ အချို့လည်း တွေ့လာရ၏။ သတို့သား၊ သတို့သမီးမောင်နှံနှစ်ဖြာ စုလျားရစ်ပတ် ထိမ်းမြားသည့်ကိစ္စမှာ စေ့စပ်ကြောင်းလမ်းပွဲက တစ်ကြိမ်၊ လက်ထပ်မင်္ဂလာ ဆွမ်းကျွေးကတစ်ကြိမ်၊ မင်္ဂလာဧည့်ခံပွဲကတစ်ကြိမ်၊ မင်္ဂလာညစာစားပွဲက တစ်ကြိမ် စသည်ဖြင့် ကျင်းပလာကြသည်။ မန္တလေးမှာက ရပ်ကွက်ထဲလမ်းထဲ မဏ္ဍပ်များနှင့် မင်္ဂလာဆောင်သည့်ခေတ်မှစ၍ လမ်းပိတ်မိန့်၊ ပွဲမိန့်စသည့် အခက်အခဲများနှင့် ခန်းမများနှင့် မင်္ဂလာဆောင်ကြသည့် ပုံစံများဆီပြောင်းလဲလာသည်။ ယူနီဗာဆယ်ခန်းမ၊ ခန်းမ(၁)၊ ခန်းမ(၂)၊ လောကနတ်ခန်းမ၊ အောင်မင်္ဂလာခန်းမ၊ အေဒင်ခန်းမမှသည် မန္တလေးဆွမ်းဟိုတယ်၊ ဆီဒိုးနားဟိုတယ်၊ အမရပူရခန်းမ၊ အိုရီယမ်တယ်လ် ဟောက်စ် စသည်ဖြင့်..။ မင်္ဂလာသတို့သမီး မိတ်ကပ်ကလည်း အနည်းဆုံး သိန်းဂဏန်း…၊ ဝတ်စုံကလည်း အမျိုးမျိုး..။ ငှားရမ်းလည်းဝတ်နိုင်သည်။ စေ့စပ်ပွဲဝတ်စုံ၊ လက်ထပ်ဆွမ်းကျွေး ဝတ်စုံ၊ မင်္ဂလာဧည့်ခံဝတ်စုံ၊ ဒင်နာဝတ်စုံ။ ပြီးတော့ လက်ဝတ်ရတနာ..။ ပြီးတော့ ကားငှားရမ်းခ.။ ထားတော့ ခေတ်အလိုက်လိုအပ်သည့်…

Read More
VOM News

FREE
VIEW