သီပေါ KBZ ဘဏ်ဓားပြတိုက်ခံရမှုက တရားခံ ၆ ဦးကို ငွေကျပ် ၈၄၅ သိန်းနဲ့အတူဖမ်းမိ

မတ် ၇-၂၀၂၂
VOM (GG)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်၊ သရဖီလမ်းရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး တရားခံ ၆ ဦးကို ငွေ ၈၄၅ သိန်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီ၆ဦးကို မတ်လ ၆ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မိန်းကလေးနှစ်ယောက်နဲ့ယောက်ျားလေး ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။
 
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး VOMက နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းရာမှာတော့ “၂၀၂၂ခုနှစ် မတ် ၆ ရက်နေ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တရားခံ ကျား ၄ ဦး မ ၂ ဦး ပေါင်း ၆ ဦးတို့ကို သိန်း ၈၄၅ ကျပ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ပါတယ်။
 
“ဘဏ်ကို DAIA အမျိုးအစားအဖြူရောင်ကားနဲ့ရောက်လာပြီး အမျိုးသား ၃ ဦးက ဘဏ်အတွင်းဝင်တယ်။အဲ့ဒီထဲကတစ်ယောက်က ဘဏ်လုံခြုံရေးဝန်ထမ်းကို နားထင် သေနတ်နဲ့ချိန်တယ်။ ကျန်တဲ့သူက မောင်းချဓားတွေကိုင်ပြီး ဘဏ်အတွင်းက လက်ထောက်မန်နေဂျာ ဦးသိန်းရွှေမြင့်နဲ့ ဘဏ်ဝန်ထမ်း အမျိုးသမီး ၅ ဦး ကို ကြမ်းပြင်မှာမှောက်ခိုင်းပြီး ဘဏ်ကောင်တာကငွေတွေကို ဇစ်ဆွဲဆာလာအိတ် ၂ လုံးထဲ ထည့်ပြီးယူသွားတာဖြစ်တယ် ” လို့နစက ဘက်မှ တာဝန်ရှိသူကပြောပါတယ်။
 
ဓားပြတိုက်မှုကို အရပ်ဝတ် ဝတ်ဆင်ထားတဲ့အမျိုးသား ၃ ဦးက ပစ္စတို ၁ လက်နဲ့ ခြိမ်းခြောက်ပြီး ဘဏ်ကိုဓားပြတိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ် ။
 
သီပေါမြို့KBZ ဘဏ်ကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နေ့လယ် ၃ နာရီဝန်းကျင်က ဓားပြတိုက်ခံခဲ့ရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #သီပေ#KBZဘဏ#ဓါးပြမှု #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW