ရုရှားကို လက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်မယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ မတ်-၉-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားကို အရှုံးမပေးဘဲ အဆုံးထိတိုက်ပွဲ၀င်သွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်ဇကီးက ဗြိတိန်လွှတ်တော်မှာ ရုပ်သံကတဆင့် ပြောကြားရာမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
၁၃ ရက်ကြာမြင့်ပြီဖြစ်တဲ့ ရုရှားရဲ့ကျူးကျော်မှုဟာ မိမိတို့မလိုလားတဲ့စစ်ပွဲဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းကို မဆုံးရှုံးဖို့အတွက် တိုက်ပွဲ၀င်သွားမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။
 
ရုရှားရဲ့ကျူးကျော်မှုစတင်ကတည်းက ကလေးသူငယ် ၅၀ ကျော်သေဆုံးခဲ့ပြီး တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာနဲ့ ရေမရရှိတဲ့သူတွေ အများအပြားရှိနေတယ်လို့ သူကဆိုပါတယ်။
 
ဗြိတိန်အပါအ၀င် အခြားနိုင်ငံတွေအနေနဲ့ ရုရှားအပေါ် တိုးမြှင့်ဖိအားပေးဖို့ကိုလည်း ဇီလန်စကီးက တိုက်တွန်းခဲ့ပါတယ်။
 
လက်ရှိမှာတော့ အမေရိကန် ဗြိတိန်နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားရဲ့ရေနံတွေကို ပိတ်ပင်ထားပြီး အီးယူကလည်း ရုရှားရဲ့ ဓါတ်ငွေ့အပေါ်မှီခိုမှုကို အဆုံးသတ်ရေးအပါအ၀င် စီးပွားရေးအရ အရေးယူမှုတွေကို အရှိန်မြှင့်နေပါတယ်။
 
ဒီလိုလုပ်တာဟာ ကမ္ဘာ့စီးပွားရေးအတွက် ကပ်ဆိုးဖြစ်ပြီး ဂျာမနီကို ပို့ဆောင်တဲ့ ဓါတ်ငွေ့ပိုက်လိုင်းကို ပိတ်ပစ်နိုင်တယ်လို့ အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုတွေ မကြေညာမီ ရုရှားက သတိပေးထားပါတယ်။
 
Ref: NHK
Photo:AP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW